AirAsia ရဲ့   မိုးပျံတက္ကဆီ 


AirAsia ရဲ့   မိုးပျံတက္ကဆီ 

 

AirAsia ရဲ့ မိခင်ကုမ္ပဏီ Capital A က အရှေ့တောင်အာရှ လူဦးရေအတွက် မိုးပျံတက္ကဆီ ပြေးဆွဲဖို့ ပထမခြေလှမ်းကို လှမ်းလိုက်ပါတယ်။

AirAsia Aviation Group က ထောင်လိုက်အတက်အဆင်း လုပ်နိုင်တဲ့ လျှပ်စစ်ယာဉ်ပျံ အစီး ၁၀၀ ကို ငှားရမ်းဖို့ Avolon နှင့် နားလည်မှုစာချွန်လွှာကို ၂၀၂၂ ဖေဖော်ဝါရီလမှာ  လက်မှတ်ထိုးခဲ့ပါတယ်။ 
Avolon က အိုယာလနိအခြေစိုက် ယာဉ်အငှား လုပ်ငန်းဖြစ်ပါတယ်။ 
VX4 မော်ဒယ် လျှပ်စစ်ယာဉ်ပျံကို ဗြိတိသျှ ကုမ္ပဏီ Vertical Aerospace ထံမှ Avolon က မှာယူမှာ ဖြစ်ပါတယ်။

AirAsia Aviation Group က VX4 လျှပ်စစ်ယာဉ်ပျံများဖြင့် မိုးပျံတက္ကဆီ ဝန်ဆောင်မှုကို အရှေ့တောင်အာရှမှာ ဝန်ဆောင်မှုများ ပေးအပ်မှာ ဖြစ်ပါတယ်။ မိုးပျံတက္ကဆီက အသစ်အဆန်း ဖြစ်နေတဲ့အတွက် ယာဉ်အမျိုးအစား လက်မှတ်များ ၊ လေကြောင်းပျံသန်းမှုဆိုင်ရာ စည်းကမ်းများ၊ အခြေခံ အဆောက်အအုံများ၊ အတက်အဆင်းလုပ်ရန် သတ်မှတ်ပေးထားသည့် နေရာများ၊ ယာဉ်များ ရပ်နားရန်နေရာများ အစရှိသည်တို့ ကကြီးမှ အ အထိ လိုအပ်ပါတယ်။
 
မြို့ပြလေကြောင်းသွားလာမှု Urban Air Mobility ဟာ စိတ်ကူးအသစ်တစ်ခုဖြစ်နေတဲ့အတွက် အကောင်အထည်ဖော်နိုင်မယ့် ဝန်းကျင်၊ တိုးတက်ဖွံ့ဖြိးရေးကို တည်ဆောက်ဖို့ အြပ်ချအ်များကို စူးစိုက်ရမယ်လို့ AirAsia ရဲ့ ဘေးကင်းလုံခြုံရေး အရာရှိချုပ် Ling Liong Tien က ပြောကြားပါတယ်။ 

Vertical Aerospace က ယာဉ်အမျိုးအစား လက်မှတ်ရဖို့ ဥရောပမှာ ကြိုးပမ်းနေပါတယ်။ အစမ်းပျံသန်းမှုများကို များမကြာခင်မှာ စတင်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

 စင်ကာပူမှာ မိုးပျံတက္ကဆီများ စမ်းသပ်ပျံသန်းဖို့ နေရာအဖြစ်  Seletar Aerospace Park ကို သတ်မှတ်ပေးထားပါတယ်။

AirAsia က မိုးပျံတက္ကဆီ ဝန်ဆောင်မှုကို မိခင်နိုင်ငံ မလေးရှားမှ စတင်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ ကွာလာလမ်ပူ မြို့လယ်ပိုင်းနှင့် Kuala Lumpur International Airport တို့အကြား ပျံသန်းပြေးဆွဲမှာ ဖြစ်ပါတယ်။ ကားဖြင့် သွားလျှင် ၁ နာရီဝန်းကျင်ကြာမြင့်ပြီး မိုးပျံတက္ကဆီဖြင့် သွားလျှင်  မိုးပျံတက္ကဆီ ရှိတဲ့ဆီ လာရတဲ့ အချိန်ကို ထည့်သွင်း တွက်ချက်ထားခြင်း မပြုရင် ၁၇ မိနစ်သာ ကြာမယ်လို့ ဆိုပါတယ်။
တကယ်လို့ ၄ ဦး အတူစီးမယ် ဆိုရင် ဝန်ဆောင်ခကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀ အောက်မှာ ဖြစ်လိမ့်မယ်လို့ ဆိုပါတာ်။ 

Read 710 times