ကားအတွင်းရှိ အဲကွန်းစနစ် အလုပ်လုပ်ပုံ


နွေအခါတွင် အပူသက်သာရန်ထက် မိုးအခါတွင် ရှေ့လေကာမှန်ရေခိုးရိုက်ခြင်းကို တားဆီးရန်အတွက် ကားတွင် လေအေးပေးစက်က လိုအပ်နေခြင်းဖြစ်ပါသည်။

လေအေးပေးစက်က ငွေ့ပျံခြင်းနှင့် ငွေ့ရည်ဖွဲ့ခြင်းဆိုသည့် ရုပ်နိယာမများကို အခြေခံပြီး လေကို အေးအောင်ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ငွေ့ရည်ဖွဲ့စေရန်အတွက် အထောက်အကူပြုမည့် ဂက်စ်ကို သုံးကြရပါသည်။

ဂက်စ်ကို ဖိသိပ်စက် (ဝါ) ကွန်ပဂရက်ဆာဖြင့် ဖိသိပ်ပြီး ကွန်ပရက်ဆာကိုအလုပ်လုပ်ရန်အတွက် အင်ဂျင်လည်ပတ်မှုကို အသုံးပြုပါသည်။

ထို့အတွက် ပန်ကာကြိုးကိုတပ်ဆင်ထားပါသည်။ ဗီပုံသဏ္ဍာန်မျိုးဖြင့် ပန်ကာကြိုးကို တွေ့ရမည်ဖြစ်ပါသည်။

အဲကွန်းကို ဖွင့်လိုက်ပါက မူလီတွင်ပါသော ကလပ်က ကပ်ငြိသွားပြီး လည်ပတ်သည့်အလုပ်ကို စတင်လုပ်ကိုင်ခြင်းဖြစ်ပါသည်။

ဂက်စ်က အဖိခံရသည့်အတွက် ပြင်ပလေထုအပူချိန်ထက် ပိုပြီး ပူတက်လာပါသည်။

ဂက်စ်အပူက ငွေ့ရည်ဖွဲပေးမည့် ကွန်ဒင့်ဆာဆီကို ရောက်သည့်အခါ ငွေ့ရည်ဖွဲ့ပြီး အရည်ဘဝကို ရောက်ရှိပါသည်။ ထိုအပူများကို ပန်ကာနှင့် မှုတ်ပေးထားသည့်လေစီးကြောင်းထဲ ပါသွားပါသည်။

ထိုအခါ ဖိသိပ်ပြီး ကျစ်လျစ်၍ ပူနေသော ဂက်စ်ကို ဖိသိပ်ခံဘဝမှ လွတ်မြောက်စေပြီး နေရာကျယ်ကျယ်ဝန်းဝန်းပေးလိုက်လျှင် သူ့စီတွင်ရှိသာ အပူများကို လွှတ်ပစ်သော သဘာဝရှိခြင်းကို အသုံးချထားခြင်းဖြစ်ပါသည်။

ဂက်စ်က အေးစက်နေသော အရည်ဘဝကို ရောက်ရှိသွားပါသည်။ ဂက်စ်သည် ကွန်ဒင်ဆာမှ ငွေ့ပျံခန်း(ဝါ) အီဗာပိုရေတာဆီသို့ ခရီးဆက်ပြီး သူက အေးစက်နေသော အရည် အခြေအေနဖြင့် ရောက်လာချိန်တွင် ကားထဲတွင်ရှိသော လေများကို ပန်ကာဖြင့်စုပ်ယူပြီး ဂက်စ်အရည်ပြေးနေသော ပိုက်လိုင်းများအပေါ် ဖြတ်သန်းစေသည်။

တစ်နည်းအားဖြင့် ကားထဲတွင်ရှိသော အပူများကို ဂက်စ်က ရယူလိုက်ခြင်းဖြစ်ပြီး လေက အပူများ စွန့်လွှတ်လိုက်ရ၍ အေးမြသွားပါသည်။

လေက အေးသွားလျှင် ရေခိုးရေငွေ့များကို ပူနေချိန်တုန်းကလောက် သယ်မထားနိုင်တော့ပေ။

ရေခိုးရေငွေ့များက ဂက်စ်ပိုက်များပေါ်တွင် ချွေးသီးပြီး ကျန်ရစ်ခဲ့ကြရသည်။

ထိုရေများကို အပြင်ထုတ်ပစ်ရန်လည်း အဲကွန်းစနစ်တွင် ထည့်စဉ်းစားပြီး စီမံပေးထားပါသည်။

ဂက်စ်က အရည်အဖြစ်တွင် အပူများရလိုက်၍ ငွေ့ရည်အဖြစ်ကို ပြန်ရောက်ပြီး ကွန်ပရက်ဆာဆီသို့ ရောက်သွားပါသည်။

အထက်တွင် ဖော်ပြထားသည့်အတိုင်း ကွန်ပရက်ဆာမှ ကွန်ဒင်ဆာ၊ ကွန်ဒင်ဆာမှ အီဗာပိုရေတာဟုဆိုပြီး သံသရာလည်နေပါသည်။

ကားကို မှန်အလုံပတ် အဲကွန်းဖွင့်ပြီး မောင်းလျှင် အပူဒဏ်ကင်းစေ၍ လူသက်သာသော်လည်း အင်ဂျင်မသက်သာပေ။

ဓာတ်ဆီက အရည်အသွေးမပြည်လျှင်၊ အင်ဂျင်ကလည်း ကျနေသည်ဆိုလျှင် ကားမောင်းနှင်မှုက မပြေးတော့ဘဲ မီးသံတညံညံ ဖြစ်နေပါလိမ့်မည်။

Read 8553 times