ဒါပေမယ့် အဲ့ဒီလို အဲကွန်းဖွင့်ပြီး အချိန်ကြာမြင့်စွာ ကားမောင်းတဲ့အခါ ဖြစ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေလည်း ရှိပါတယ်။အဆိုပါ ဆိုးကျိုးတွေကတော့…
ကားအတွင်း အောက်ဆီဂျင်ပမာဏနည်းပါးလာတာကြောင့် သွေးအတွင်း အဆိပ်အတောက်ဖြစ်ပြီး ကားမောင်းနေစဉ် အိပ်ငိုက်တတ်ပါတယ်။
ဒါ့အပြင် အောက်ဆီဂျင်ပြတ်ကာ အသက်ဆုံးပါးသည်အထိလည်း ဘေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။
ထို့အပြင် ကားအတွင်း အဲကွန်းဖွင့်ပြီး အိပ်စက်ခြင်းကိုလည်း လုံးဝရှောင်ရှား သင့်ပါတယ်။ မိဘများအနေဖြင့်လည်း ကလေးများကို ကားအတွင်း
အဲကွန်းဖွင့်ပြီးထားခဲ့ခြင်းကိုလည်းမပြုလုပ်သင့်ပါဘူး။
ဒါ့အပြင် အဲကွန်းဖွင့်ပြီး ခရီးဝေးကားမောင်းထွက်မည်ဆိုပါက မကြာခဏ မှန်ဖွင့်ပြီး အပြင်လေကို ကားအတွင်းသို့ရောက်အောင် ပြုလုပ်သင့်သလို လမ်းဘေးတွင် မကြာခဏအနားယူပြီးမှသာ ဆက်လက် မောင်းနှင်သင့် ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။
Source:Motors.com