ခါးပတ် ပတ်မှ လေအိပ်ပွင့်မှာလား


အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ပေမဲ့ တခါတလေ ကလေးငယ်များ ၊ ခါးပတ်မပတ်ထားသူများကို ထိခိုက်ဒဏ်ရာ ရစေခဲ့ပီး အသက်ဆုံးရှုံးမှု အချို့လည်း ဖြစ်စေခဲ့ကြောင်းသိရပါတယ်။

ဒါ့ကြောင့် ပညာရှင်များက အားနည်းချက်များကိုပြင်ဆင်ပီး ၂၀၀၄ ခုနစ်လောက်ကစပီး ပိုမိုစိတ်ချရတဲ့ လေအိတ်စနစ်ကို တပ်ဆင်အသုံးပြုခဲ့ကြပါတယ်။ ရှုပ်ထွေးလှတဲ့ ဆင်ဆာစနစ်များ အသုံးပြုပီး တိုက်ခိုက်မိတဲ့အပေါ်မူတည်ပီး လေအိတ်ပွင့် ရမဲ့ အနေအထားကိုဆန်းစစ်ကာ လေအိတ်ကိုပွင့်စေမှာဖြစ်ပါတယ်။

လေအိတ်ပွင့်စေရန် အဓိက ထိန်းချုပ်ပေးမည့် အရာမှာ ကားကွန်ပျူတာစနစ် ACU Airbag Control Unit ပါပဲ။ အာရုံခံစနစ်များက ပေးပို့တဲ့ ဆစ်ဂနယ်များကို တွက်ချက်ပီး လေအိတ်ပွင့်သင့်/မသင့် ဆုံးဖြတ်မှာဖြစ်ပါတယ်။ တိုက်ခိုက်မှုပြင်းအား၊ ထိုင်ခုံပေါ်ရှိ လူ၏အလေးချိန်၊ ထိုင်ခုံအနေအထား၊ ခါးပတ် ပတ်/မပတ် အပေါ် မူတည်ပီး လေအိတ်ပွင့်သင့်တဲ့ အကောင်းဆုံးပုံစံ ကိုပွင့်စေမှာဖြစ်ပါတယ်။

ကျွန်တော်တို့ အတော်များများ ထင်နေကြတာကတော့ ကားထိခိုက်မှုဖြစ်ပါက လေအိတ်ပွင့်မှာပဲလို့ ယူဆကြတယ်။ အမှန်တော့ ရှေ့တည့်တည့်က တိုက်ရင်တောက် ခါးပတ် ပတ်ထားလို့ စိတ်ချရတဲ့ အနေအထား ဆိုရင် လေအိတ်မပွင့်တတ်ပါဘူး။ ခါးပတ်က အဓိက အသက်ကယ်စနစ်ဖြစ်ပီး လေအိတ်က အရံအသက်ကယ်စနစ်(SRS- Supplemntal Restraint System) လို့ ခေါ်ခြင်းဖြစ်ပါတယ်။

လေအိတ်နဲ့ ပါတ်သက်ပီး ဒွိဟ ဖြစ်နေကြတာကတော့ ခါးပတ်ပတ်မှ ပွင့်မှာလားပေါ့။ စာတော်တော်များများရှာဖတ်လိုက်တော့ မှားပါတယ်တဲ့။ ခါးပတ်မပတ်လည်း လေအိတ်ပွင့်ပါတယ်တဲ့။ ကားမှာတပ်ဆင်ထားတဲ့ Impact Sensor ကို လုံလောက်တဲ့ တိုက်ခိုက်မှုအား နဲ့ တိုက်လိုက်ရင် လေအိတ်ပွင့်ပါတယ်တဲ့။ အထက်ကပြောခဲ့တဲ့ ဆင်ဆာတွေက ဆစ်ကနယ်တွေပေါ်မူတည်ပီး ပွင့်သင့်တဲ့ လေအိတ်တွေပွင့်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းကားတွေမှာ လေအိတ်တွေက နေရာအမျိုးမျိုး မှာတပ်ဆင်ထားပီး အခေါ်အဝေါ်ကလည်းကွဲပြားပါတယ်။

လေအိတ်အမျိုးအစားတွေကတော့

- Driver AB

- Passenger AB

- Side AB

- Knee AB

- Curtains Shield AB

- Seatbelt AB တို့ဖြစ်ပါတယ်။

လေအိတ်တွေဘယ်လောက်ပဲများအောင် တပ်ထာပါစေ၊ အဓိက ကတော့ ခါးပတ်ပါပဲ။ ခါးပတ် မပတ်ထားပါက လေအိတ်ကြောင့် အသက်ပင် ဆုံးရှုံးနိုင်ချေရှိပါတယ်။အခုနောက်ပိုင်းကျွန်တော်တို့နိုင်ငံကိုလည်း ကားကောင်းတွေဝင်ရောက်စီးနင်းနေကြပီဖြစ်တဲ့အတွက် ခါးပတ်၊ လေအိတ် စနစ်တွေကလည်း ကောင်းမွန်နေပါပီ။

အောက်ပါအချက်လေးတွေ လိုက်နာကြရင်ဖြင့် အသက်အန္တရာယ် ထိခိုက်မှု လျော့နည်းပပျောက်မှာဖြစ်ပါတယ်-

၁။ ကားမောင်း/စီးရင် အမြဲတမ်းခါးပတ်ပတ်ပါ။

၂။လူကြီးများအတွက် လေအိတ်ကာဗာနဲ့ ရင်ဘတ်ဟာ အနည်းဆုံး ၁၀ လက်မ အကွာမှာရှိသင့်ပါတယ်။

၃။၁၂အောက် ကလေးများကို နောက်ခန်းထိုင်ခုံမှားတွင်သာထိုင်စေသင့်ပီး ကလေးထိုင်ခုံများတပ်ဆင်ပေးပါက ပိုကောင်းပါတယ်။

၄။ဒိုင်ခွက် မှာရှိတဲ့ လေအိတ်နှင့် ခါးပတ် အချက်ပြစနစ်များကောင်းမကောင်းစစ်ဆေးပါ။ (မီး မှိတ်တုပ်မှိတ်တုပ်ဖြစ်နေပါက မကောင်းပါ။ ကျွမ်းကျင်တဲ့အလုပ်ရုံပြပီး ပြုပြင်ပါ)။

Readmore;ကားတစ်စီး၏ ချာဂျင်အားသွင်းစနစ် (Charging Systems)

Credit; Original writer

Read 5660 times