ဗီယက်နမ်အနီး ကားတင်သင်္ဘော မီးလောင်မှု ဖြစ်ပွား 


ဗီယက်နမ်အနီး ကားတင်သင်္ဘော မီးလောင်မှု ဖြစ်ပွား 

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

တောင်ကိုရီးယားမှ ကားစီးရေ ၄,၅၃၀ တင်ဆောင်ပြီး စင်ကာပူသို့ ဦးတည်ခုတ်မောင်းနေသည့် ကားတင်သင်္ဘော Ah Shin ပေါ်တွင် ဖေဖော်ဝါရီလ ၅ ရက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။

Ah Shin သည် ၁၉၉၉ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး ကားစီးရေ ၆,၀၀၀ အထိ တင်ဆောင်နိုင်ပါသည်။ 

သင်္ဘောဝန်ထမ်းအားလုံးမှာ ရုရှားနိုင်ငံသားများဖြစ်ပြီး မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။

ပနာမားအလံတင်သင်္ဘော Ah Shin သည် မီးြငိမ်းပြီးနောက် ယာဘက်သို့ အနည်းငယ်တိမ်းစောင်းရင်း ဗီယက်နမ်ကမ်းခြေမှ ၄၅ ကီလိုမီတာခန့် အကွာအဝေးတွင် မျောနေခဲ့ပါသည်။ 

၁၂ ထပ်ပါ သင်္ဘောမှ ၈ ၊ ၉ ၊ ၁၀ အထပ်များတွင် မီးလောင်ကျွမ်းခဲ့ပါသည်။

စိုးရိမ်စရာမှာ သင်္ဘောတွင် ရေကြောင်းသုံး လောင်စာဆီ ၁,၃၅၆ တန် ရှိနေခြင်း ဖြစ်ပါသည်။

 Ah Shin ကို တောင်ကိုရီးယားမှ Doriko က စီမံခန့်ခွဲပါသည်။ Japan Shipowners club တွင် အာမခံ ထားရှိပါသည်။

သင်္ဘောပိုင်ရှင်မှာ Ah Shin Shipping ဖြစ်ပြီး ဗီယက်နမ်အာဏာပိုင်တို့အား လိုအပ်သည့် အကူအညီများ ပေးအပ်ပါရန် တောင်းခံထားပါသည်။

မီးလောင်မှု ဖြစ်ပွားသည့် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၅ ရက်) ညဘက်တွင် သင်္ဘောဝန်ထမ်းများက မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။ သို့သော် မီးလောင်ညှော်နံ့များ ထွက်နေဆဲ ဖြစ်ပါသည်။ 

ထိခိုက်ဒဏ်ရာရကြောင်း သတင်းပေးပို့ခြင်း မရှိသေးပါ။ သင်္ဘောနှင့် ကားများ အပျက်အစီး အခြေအနေကိုလည်း မသိရသေးပါ။ မီးလောင်ရသည့် အကြောင်းရင်းကိုလည်း မသိရသေးပါ။ 

 လှိုင်းကြီးနေသဖြင့် ကယ်ဆယ်ရေးမှ Ah Shin အနီးသို့ ကပ်မရ ဖြစ်နေခဲ့ပါသည်။

 AH SHIN သည် အလျား မီတာ၂၀၀ ၊ အကျယ် ၃၂ မီတာ ရှိပါသည်။ သင်္ဘောဝန်ထမ်း ၂၁ ဦး ပါပြီး အားလုံး ရုရှားလူမျိုးများ ဖြစ်ပါသည်။

 AH SHIN သည် ဇန်နဝါရီ ၂၈ ရက်တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းဆိပ်ကမ်းမှ ထွက်ခွာခဲ့ပါသည်။

 AH SHIN သည် ကားဘက်ထရီမှ မီးထလောင်သည်ဟု ထင်ကြေးပေးကြပါသည်။ ယခုအခါ အချို့သော ကားတင်သင်္ဘောလိုင်းများသည် အီးဗီများ လက်မခံတော့ပါ။ 

နော်ဝေးနိုင်ငံမှ Havila Kystruten သင်္ဘောလိုင်းသည် မီးဘေးစိုးရိမ်သောကြောင့် ၎င်း၏ ကားတင်သင်္ဘောများပေါ်တွင် လျှပ်စစ်ကားများ၊ ဟိုက်ဘရစ်ကားများကို သယ်ဆောင်တော့မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

လစ်သီယမ်-အိုင်းယွန်း lithium-ion ဘက်ထရီများသည် မီးဘေးအန္တရာယ် ရှိပါသည်။

ထို့ကြောင့်လည်း လစ်သီယမ်-အိုင်းယွန်း သုံးထားသည့် အီးဗီများ၊ အထူးသဖြင့် တစ်ပတ်ရစ် အီးဗီများကို တင်ဆောင်ဖို့ သင်္ဘောလိုင်းအချို့က ငြင်းဆန်ကြပါသည်။

 မီးလောင်နိုင်သော Lithium-ion ဘက်ထရီများသည် မီးလောင်ကျွမ်းပြီး အရှိန်တက်သည့်အခါ အပူချိန် ၂,၇၀၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နိုင်ပါသည်။

 

Source splash246


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 141 times