အာဆီယံ မော်တော်ယာဉ်က‌ဏ္ဍ စက်တင်ဘာလ ထုတ်လုပ်မှုနှင့် ရောင်းအား


အာဆီယံ မော်တော်ယာဉ်က‌ဏ္ဍ စက်တင်ဘာလ ထုတ်လုပ်မှုနှင့် ရောင်းအား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အာဆီယံ မော်တော်ယာဉ် အဖွဲ့ချုပ် Association of Southeast Asian Nations (ASEAN) Automotive Federation (AAF) မှ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် ၊မြန်မာ၊ ဗီယက်နမ် အာဆီယံ ၆ နိုင်ငံတို့၏ မော်တော်ယာဉ် အသစ်ထုတ်လုပ်မှုနှင့် ရောင်းချမှုတို့ကို လစဉ် စာရင်း ထုတ်ပြန်ပေးသည်။ 
မော်တော်ဆိုင်ကယ်နှင့် စကူတာ ထုတ်လုပ်မှုတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် ၄ နိုင်ငံနှင့် ရောင်းချခြင်းတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ ၅ နိုင်ငံတို့ကို စာရင်းတွင် ဖော်ပြပေးထားပါသည်။

AAF ထုတ်ပြန်သည့် စာရင်း အပြည့်အစုံကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

အာဆီယံ မော်တော်ယာဉ်ဆိုင်ရာ အဖွဲ့ချုပ်မှ လစဉ် ထုတ်ပြန်သည့် စာရင်းဇယားအရ အာဆီယံတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ မော်တော်ယာဉ် ၃၆၉,၂၅၁ စီး၊ မော်တော်ဆိုင်ကယ်နှင့် စကူတာ အစီးရေ ၁,၀၈၀,၇၈၀ ထုတ်လုပ်ခဲ့ပြီး မော်တော်ယာဉ် ၂၇၇,၄၉၃ စီး၊ မော်တော်ဆိုင်ကယ်နှင့် စကူတာ ၁,၀၄၅,၇၈၅ စီး ရောင်းချခဲ့ပါသည်။
၂၀၂၃ ခုနှစ်  ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပထမ ၉လတာတွင် မော်တော်ယာဉ် ၃,၂၂၂,၆၅၂  စီး၊ မော်တော်ဆိုင်ကယ်နှင့် စကူတာ ၁၀,၁၃၆,၄၉၉ စီး ထုတ်လုပ်ခဲ့ပြီး မော်တော်ယာဉ် ၂,၄၆၈,၀၈၇ စီး၊ မော်တော်ဆိုင်ကယ်နှင့် စကူတာ ၉,၆၃၈,၇၀၃စီး ရောင်းချခဲ့ပါသည်။ 


၂၀၂၃ ခုနှစ် စက်တင်ဘာလ ရောင်းအား 
အင်ဒိုနီးရှားနိုင်ငံသည် မော်တော်ယာဉ် အစီးရေ အများဆုံး ရောင်းချသည့် နိုင်ငံ  ဖြစ်ပြီး ၇၉,၈၈၃ စီး ရောင်းချခဲ့ပါသည်။
မော်တော်ဆိုင်ကယ်နှင့် စကူတာ အများဆုံး ရောင်းချခဲ့သည့် နိုင်ငံမှာလည်း အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ၅၀၉,၉၄၆ စီး ရောင်းချခဲ့ပါသည်။


၂၀၂၃ ခုနှစ် စက်တင်ဘာလ ထုတ်လုပ်မှု
ထိုင်းနိုင်ငံသည် မော်တော်ယာဉ် ထုတ်လုပ်မှု ၈.၄ % လျော့ကျခဲ့သော်လည်း မော်တော်ယာဉ် အစီးရေ အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်ပြီး ၁၆၄,၀၉၃ စီး ထုတ်လုပ်ခဲ့ပါသည်။
မော်တော်ဆိုင်ကယ်နှင့် စကူတာ အများဆုံး ထုတ်လုပ်ခဲ့သည့် နိုင်ငံမှာ အင်ဒိုနီးရှား နိုင်ငံဖြစ်ပြီး ၅၆၁,၂၆၄ စီး ထုတ်လုပ်ခဲ့ပါသည်။ 


မြန်မာတွင်  ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ မော်တော်ယာဉ် ၂၀၆ စီး ထုတ်လုပ်ခဲ့ပြီး  ၂၇၆ စီး ရောင်းချခဲ့ပါသည်။



 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 185 times