ဧပြီလ အာဆီယံ မော်တော်ယာဉ် ထုတ်လုပ်မှု ဖိလစ်ပိုင် ကြီးထွားနှုန်း အမြန်ဆုံး ဖြစ်ခဲ့ 


ဧပြီလ အာဆီယံ မော်တော်ယာဉ် ထုတ်လုပ်မှု ဖိလစ်ပိုင် ကြီးထွားနှုန်ူး အမြန်ဆုံး ဖြစ်ခဲ့ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အာဆီယံ မော်တော်ယာဉ် အဖွဲ့ချုပ် Association of Southeast Asian Nations (ASEAN) Automotive Federation (AAF) မှ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် ၊မြန်မာ၊ ဗီယက်နမ် အာဆီယံ ၆ နိုင်ငံတို့၏ မော်တော်ယာဉ် အသစ်ထုတ်လုပ်မှုနှင့် ရောင်းချမှုတို့ကို လစဉ် စာရင်း ထုတ်ပြန်ပေးသည်။ 
မော်တော်ဆိုင်ကယ်နှင့် စကူတာ ထုတ်လုပ်မှုတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် ၄ နိုင်ငံနှင့် ရောင်းချခြင်းတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ ၅ နိုင်ငံတို့ကို စာရင်းတွင် ဖော်ပြပေးထားပါသည်။

AAF ထုတ်ပြန်သည့် စာရင်း အပြည့်အစုံကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

အဆိုပါစာရင်းအရ မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဧပြီလတွင် မော်တော်ယာဉ် အသစ် ၈ စီးထုတ်လုပ်ခဲ့ပြီး ၁၄၈  စီး ရောင်းချခဲ့ပါသည်။

 

ကြီးထွားနှုန်း

ဖိလစ်ပိုင်တွင် မော်တော် ယာဉ်ထုတ်လုပ်မှုသည် အာဆီယံအိမ်နီးချင်းများနှင့် နှိုင်းယှဉ်ပါက အလျင်မြန်ဆုံး တိုးတက်မှုနှုန်းကို ဆက်လက် မှတ်တမ်းတင်ထားပြီး ယခုနှစ် ပထမလေးလတွင် ၅၉ ဒသမ ၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

 AAF ၏ အချက်အလက်များအရ ဖိလစ်ပိုင်တွင် ဇန်နဝါရီမှ ဧပြီလအထိ မော်တော်ယာဉ် ၃၈,၄၃၄ စီး တပ်ဆင်ထုတ်လုပ်ခဲ့သည်။ ယမန်နှစ် အလားတူကာလတွင် အစီးရေ ၂၄,၀၈၀ တပ်ဆင်ထုတ်လုပ်ခဲ့သည်ထက် သိသိသာသာ ပိုများပါသည်။
မလေးရှားသည် ၁၄ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဒုတိယအမြန်ဆုံး ကြီးထွားနှုန်း ဖြစ်ခဲ့ပြီး  ထိုင်းက ၄ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တတိယနေရာကို ရရှိပါသည်။ 

ဆုတ်ယုတ်မှုကို ကြည့်လျှင် မြန်မာနိုင်ငံသည် ၉၆.၂ ရာခိုင်နှုန်းဖြင့် အများဆုံး ကျဆင်းခဲ့သည်။ ဗီယက်နမ်က ၃၁.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အင်ဒိုနီးရှားသည်လည်း ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

ထုတ်လုပ်မှု

ဇန်နဝါရီလမှ ဧပြီလအထိ စာရင်းပါ ၆ နိုင်ငံတွင်  စုစုပေါင်း မော်တော်ယာဉ် အစီးရေ ၁.၄၂ သန်း ထုတ်လုပ်ခဲ့ပါသည်။
ယမန်နှစ် ပထမ ၄ လတွင် အစီးရေ ၁.၃၈ သန်း ထုတ်လုပ်ခဲ့သည်ထက် ၂.၉% မြင့်တက်ခဲ့ပါသည်။


ရောင်းချခြင်း

မော်တော်ယာဉ်ရောင်းအားတွင်လည်း ဖိလစ်ပိုင်သည်  ၂၈.၁ ရာခိုင်နှုန်းဖြင့် ကြီးထွားနှုန်း အမြင့်ဆုံးအဖြစ် ရပ်တည်ခဲ့ပြီး ယခုနှစ် ပထမ ၄ လတာအတွင်း စုစုပေါင်း အစီးရေ ၁၂၇,၉၂၇ စီး ရောင်းချခဲ့ပါသည်။
ယမန်နှစ် ပထမ ၄ လတွင် ၉၉,၉၀၃ စီး ရောင်းချခဲ့သည်။
မလေးရှားသည် ရောင်းအားကြီးထွားနှုန်း ၁၀% ဖြင့် ဒုတိယနေရာတွင် ရှိနေပါသည်။
မြန်မာသည် ရောင်းအားအကျဆင်းဆုံးနိုင်ငံ ဖြစ်ပြီး ၈၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အခြားအာဆီယံနိုင်ငံ လေးနိုင်ငံကလည်း အဆိုပါကာလအတွင်း မော်တော်ယာဉ်ရောင်းချမှု ကျဆင်းလာကြောင်း ဖော်ပြထားသည်။ ၎င်း ၄ နိုင်ငံတို့၏ ကျဆင်းနှုန်း အသီးသီးမှာ 
ဗီယက်နမ် (၃၀.၂ ရာခိုင်နှုန်း)၊ 
ထိုင်း (၆.၁ ရာခိုင်နှုန်း) နှင့် 
စင်ကာပူ (၁၀.၆ ရာခိုင်နှုန်း) 
 အင်ဒိုနီးရှား (၁.၅ ရာခိုင်နှုန်း) 
 ဖြစ်ပါသည်။

စာရင်းပါ အာဆီယံနိုင်ငံများတွင် ယခုနှစ် ပထမ ၄ လတွင် ယခင်နှစ်ထက် ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၁.၀၉ သန်း ရောင်းချခဲ့ပါသည်။

 

မော်တော်ဆိုင်ကယ်နှင့် စကူတာ

AAF ၏ အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ မော်တော်ဆိုင်ကယ်နှင့် စကူတာ ထုတ်လုပ်မှုသည် ပထမလေးလအတွင်း ၅၅.၉ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ပြီး အစီးရေ ၄၅၄,၄၄၆ စီးအထိ ရှိခဲ့သည်။ စာရင်းပါနိုင်ငံများအကြား ကြီးထွားန‌ှုန်း အမြန်ဆုံး ဖြစ်ပါသည်။
အင်ဒိုနီးရှားသည် ကြီးထွားနှုန်း ၂၁.၆% ဖြင့် ဒုတိယ အမြန်ဆုံး၊ ထိုင်းသည် ၁၆.၃% ဖြင့် တတိယ အမြန်ဆုံး ဖြစ်ပါသည်။ 
မလေးရှား ကြီးထွားနှုန်းမှာ ၈.၄% ဖြစ်ပါသည်။

စာရင်းပါနိုင်ငံများတွင် ယခုနှစ် ပထမ ၄ လတာအတွင်း မော်တော်ဆိုင်ကယ်များနှင့် စကူတာများ အစီးရေ ၃.၇၃ သန်း ထုတ်လုပ်ခဲ့ပါသည်။

မော်တော်ဆိုင်ကယ်များနှင့် စကူတာများ ရောင်းအားတွင် အင်ဒိုနီးရှားသည် ရောင်းအား ကြီးထွားနှုန်း ၂၈% ဖြင့် အမြင့်မားဆုံး ဖြစ်ခဲ့ပြီး အစီးရေ ၂.၁၈ သန်း ရောင်းချခဲ့ပါသည်။

ထိုင်းနှင့် မလေးရှားတို့တွင်လည်း မော်တော်ဆိုင်ကယ်နှင့် စကူတာရောင်းအား တိုးလာခဲ့သည်။ ထိုင်းတွင် ၁၀.၆% နှင့် မလေးရှားတွင် ၇.၆% တိုးခဲ့ပါသည်။
စင်ကာပူတွင် ရောင်းအား ၈.၂% ကျဆင်းခဲ့ပါသည်။

စာရင်းပါ နိုင်ငံများတွင် မော်တော်ဆိုင်ကယ်များနှင့် စကူတာများ ‌စုစုပေါင်း အစီးရေ ၃.၅၇၆ သန်း ရောင်းချခဲ့ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Source AFF

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 549 times