နည်းပညာနှင့်ဒီဇိုင်းပိုင်းပြောင်းလဲဆန်းသစ်ထားသည့် ၂၀၁၈ မော်ဒယ်လ်သစ် RLX ကို Acura မိတ်ဆက်


Acura သည်ဒီဇိုင်းပိုင်းအတန်အသင့်ပြင်ဆင်မွမ်းမံထားပြီးနည်းပညာသစ်များပေါင်းစပ်ထားသည့် ၂၀၁၈ မော်ဒယ်လ်သစ် RLX ဆီဒင်ကိုမိတ်ဆက်လိုက်ပါသည်။
ကား၏တည်ဆောက်မှုအပိုင်းတွင်လည်းပိုမိုအားကောင်းကြံ့ခိုင်ပြီးပေါ့ပါးသည့်သတ္တုပစ္စည်းများအစားထိုး အသုံးပြုထားကြောင်း Honda လက်အောက်ခံဇိမ်ခံကားကုမ္ပဏီကပြောပါသည်။
Acura၏နာမည်အကြီးဆုံးဆီဒင်သည် Chrome Beakဒီဇိုင်းအင်ဂျင်လေဝင်ပေါက်ဒီဇိုင်းအစား Precisionဆို Concept နမူနာမော်ဒယ်လ်တွင်သုံးထားသည့် Diamond Pentagon ဒီဇိုင်းကိုပြောင်းလဲအသုံးပြုထားပါသည်။ ဒီအင်ဂျင်လေဝင်ပေါက်ဒီဇိုင်းသစ်ကို TLXဆီဒင်နှင့် MDX အမျိုးအစား SUV မော်ဒယ်လ်သစ်များပါထည့်သွင်း တပ်ဆင်သွားမည်ဖြစ်ပါသည်။

ကားအမိုးကလည်းပိုခေတ်မီဆွဲဆောင်မှုရှိလာပြီး LED နောက်မီးများကလည်း Sport Typeပိုဆန်သည့်ဘက်ကို ယိမ်းလာပါသည်။
ဒီဇိုင်းပိုင်းဆန်းသစ်မှုများအပြင် RLX အသစ်မှာလုံခြုံရေးအထောက်အပံ့နည်းပညာသစ်များ၊ ယာဉ်ကြောပိတ်ဆို့ချိန်ကူညီပေးသည့်စနစ်များပါဝင်လာပါသည်။
Acura သည် RLXကိုအခြေခံဗားရှင်းအပြင် RLX Sport Hybrid မျိုးကွဲပါထုတ်လုပ်မည်ဖြစ်ပြီးနှစ်မျိုးစလုံးကို 3.5-litre V6 ဓာတ်ဆီအင်ဂျင်များသာအဓိကအသုံးပြုထားမည်ဖြစ်ပါသည်။
အခြေခံ RLXက မြင်းကောင်ရေ ၃၁၀ စက်အားရှိမှာဖြစ်ပြီး V6အင်ဂျင်ကို လျှပ်စစ်မော်တာနှစ်လုံးနှင့် ပံ့ပိုးထားသည့် Sport Hybrid မျိုးကွဲကတော့ မြင်းကောင်ရေ ၃၇၇ ကောင်အားထိထုတ်ပေးနိုင်မည်ဟု သိရပါသည်။
ဖျော်ဖြေရေးအတွက် Stellar Krell အသံစနစ်ကိုထည့်သွင်းပေးထားပြီးဝယ်ယူစီးနင်းသူများအဆင်ပြေစေမည့် Feature အတော်များများကိုအသေအချာစဉ်းစားပြီးပေါင်းစပ်ထည့်သွင်းပေးထားကြောင်း Acuraကဆိုပါသည်။
ထိုကားများကိုနိုဝင်ဘာလမှစပြီးရောင်းချမည်ဖြစ်ပြီးစျေးနှုန်းများကိုတော့တရားဝင်မကြေညာသေးပါဘူး။
သို့သော် RLXကတစ်စီးကိုဒေါ်လာငါးသောင်းခွဲလောက်ဖြစ်နိုင်ပြီး Sport Hybrid မျိုးကွဲမှာဒေါ်လာ ခြောက်သောင်းလောက်ကျသင့်ဖွယ်ရှိနေသည်ဟုသတင်းများကဖော်ပြသွားပါသည်။
 

 

 

Read 1025 times