အင်ဂျင်ချောဆီစနစ်စစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း


ကားအင်ဂျင်တစ်လုံးတွင်ချောဆီစနစ်သည်အင်ဂျင်ချောမွေ့စွာအလုပ်လုပ်ရန်အတွက်အရေးကြီး သောစနစ်ဖြစ်သည်။

အင်ဂျင်ဝိုင်အသက်သည်အင်ဂျင်တစ်လုံးအတွက်အသက်သွေးကြောဖြစ်သည်။

အင်ဂျင်သက်တမ်းကြာရှည်အသုံးခံရန်အတွက်ချောဆီစနစ်ထိန်းသိမ်းခြင်းနှင့်စစ်ဆေးခြင်းသည်အဓိကကျသည်။

အင်ဂျင်တစ်လုံးလည်ပတ်အလုပ်လုပ်နေလျှင်အတွင်းအစိတ်အပိုင်းများဖြစ်သောကရိုင်းရှပ်၊ ဘယ်ရင်ခြမ်းများ၊ ကင်းရှပ်များ၊ ဗားများ၊ ပစ္စတင်နှင့် Connecting Rod များစသည်တို့သည်မျက်နှာပြင်ချင်းထိတွေ့ပွတ်တိုက်၍

ရွေ့လျားနေကြသည်။

ချောဆီ၏အဓိကဆောင်ရွက်မှု

(၁) အတွင်းမီးလောင်ပေါက်ကွဲသောအင်ဂျင်များသည်အင်ဂျင်အတွင်းပိုင်း၌ အပူချိန်မြင့်မားလွန်ကဲသည်။ အင်ဂျင်အတွင်းပိုင်းမှပစ္စတင်၊ ပစ္စတင်ရိန်း (Ring), Connecting Rod, Valve များတွင်ရှိသောအပူများကို

အင်ဂျင်ဝိုင်ကသယ်ဆောင်လာပြီး Oil Cooler မှတစ်ဆင့် ပြင်ပသို့စုပ်ထုတ်ပေးသည်။

(၂) အင်ဂျင်အစိတ်အပိုင်းများကြားတွင်ပါးလွှာသောဆီထုအဖြစ်တည်ရှိပြီးချောမွေ့စွာလည်ပတ်စေသည်။ ပွန်းစားမှုကိုလျော့နည်းစေပြီး ပါဝါစွမ်းအင်ဆုံးရှုံးမှုကိုလျော့ကျစေ သည်။

(၃) အင်ဂျင် Compression ဖိအားကိုလုံစေသည်။

(၄) လောင်စာဆီပေါက်ကွဲလောင်ကျွမ်းရာမှထွက်လာသောကာဗွန်နှင့် အခြားအညစ်အကြေးများကို အင်ဂျင်ဝိုင်ကသယ်ဆောင်သွားပြီး ဆီစစ်ဘူးတွင်သိမ်းဆည်းထားသည်။

(၅) အင်ဂျင်အစိတ်အပိုင်းသံထည်များသံချေးတက်ခြင်းမှကာကွယ်ပေးသည်။

(၆) ပေါက်ကွဲအားများကိုချောဆီကကျယ်ပြန့်စွာပြိုကွဲစေလျက်တစ်နေရာတည်းတွင်အားသက်ရောက်ခြင်းမှ ကာကွယ်ပေးသည်။

(၇) ဗားတိုင်မင်ပြောင်းလဲနိုင်ရန်အတွက်အင်ဂျင်ဝိုင်ဖိအားကဆောင်ရွက်ပေးသည်။

 

ချောဆီစနစ်စစ်ဆေးရန်နှင့်ထိန်းသိမ်းနိုင်ရန်အတွက်အင်ဂျင်ချောဆီစနစ်အခြေခံသဘောတရားများကို လေ့လာသိရှိထားသင့်သည်။

ချောဆီပို့စနစ်တွင်ပါဝင်သောအစိတ်အပိုင်းများ

(၁) Oil Pump(ဆီပန့်)

Oil Pump သည်အင်ဂျင်တစ်လုံးအတွက်ချောဆီလည်ပတ်ရန်အဓိကကျသောအရာဖြစ်သည်။

လူတစ်ဦးကျန်းမာရေးကောင်းရန်၊ အသက်ရှင်ရန်နှလုံးသည်အရေးကြီးသကဲ့သို့ကားတစ်စီးတွင်လည်း Oil Pump သည်အရေးကြီးသည်။

ဂီယာ ပန့်နှင့် Trochoid Pump ဟူ၍နှစ်မျိုး ရှိသည်။

Oil Pump ကို လည်ပတ်စေရန်ပီနီယံ (ဂီယာ) (သို့မဟုတ်) Belt ကြိုးကိုအသုံးပြုပြီး အင်ဂျင်ကရိုင်းရှပ်နှင့် ဆက်သွယ်ထားသည်။

(၂) ဆီခံခွက်နှင့် ဆီစုပ်ပိုက်

အင်ဂျင်ဘလောက်တုံးအောက်ဘက်တွင်ဆီခံခွက် (Oil Pan)နှင့်ဆီစုပ်ပိုက်ကိုတပ်ဆင်ထားသည်။

ဆီစုပ်ပိုက်ထိပ်တွင်ဇကာတပ်ဆင်ထားသည်။

အင်ဂျင်ဘလောက်နှင့်ဆီခံခွက်ကြားမှဆီယိုစိမ့်ခြင်းမရှိစေရန်ဂတ်စကတ်ပါကင်ခံထားသည်။

(၃) Pressure Relief Valve

အင်ဂျင်လည်ပတ်နှုန်းမြင့်တက်၍ အင်ဂျင်ဝိုင်ဖိအားများလာပါကဆီစစ်ဘူးပေါက်ထွက်တတ်သည်။ ဝိုင်းဆီးများမှ ဆီယိုနိုင်သည်။

ထိုသို့ဖြစ်တတ်ခြင်းမှကင်းဝေးစေရန် Pressure Relief Valve တပ်ဆင်ထားသည်။

ဖိအားများလာပါကဆီဗား အလိုအလျောက်ပွင့်ပေးခြင်း ဖြင့် Overpressure ဖြစ်ခြင်းကိုထိန်းချုပ်နိုင်သည်။

(၄) ဆီစစ်ဘူး

Oil Pump မှ တွန်းပို့လိုက်သောအင်ဂျင်ဝိုင်များကိုဆီစစ်ဘူးမှဖြတ်သန်းစေပြီးမှသာသက်ဆိုင်ရာ ချောဆီလိုင်းများသို့ဝင်ခွင့်ရရန်စီမံထားသည်။

ဆီစစ်ဘူးသည်အင်ဂျင်ဝိုင်ထဲတွင်ပါဝင်သောသတ္ထုပွန်းစားမှုအမှုန်အမွှားများ၊ ကာဗွန်ချိုးများ၊ ဖုန်မှုန့်အညစ်အကြေးများကိုစက္ကူဘာဂျာ Element များကစစ်ပေးသည်။

ဆီစစ်ဘူးအသစ်လဲလှယ်လျှင်အသစ်အလေးချိန်နှင့်အဟောင်းအလေးချိန်သိသာစွာကွာခြားနေသည်ကို ကြည့်ခြင်းအားဖြင့် အင်ဂျင်ဝိုင်ထဲတွင်အညစ်အကြေးမည်မျှများပြားနေကြောင်းသိနိုင်သည်။

ဆီစစ်ဘူး မှန်မှန်လဲလှယ်ပေးခြင်းသည် ချောဆီပို့စနစ်ကိုထိန်းသိမ်းခြင်းဖြစ်သည်။

အရည်အသွေးညံ့ဈေးပေါသောဆီစစ်ဘူးကိုဝယ်ယူသုံးစွဲခြင်းသည်သင့်ကားအင်ဂျင်သက်တမ်းကိုတိုစေသည်။ ဆီစစ်ဘူးထဲတွင်ဆီပိတ်နေပါကလမ်းကြောင်းလွဲ၍ထွက်နိုင်ရန် By Pass Vavle ပါရှိသည်။

(၅) အင်ဂျင်ဝိုင်မီး (Warning Lamp)

လည်ပတ်နေသောအင်ဂျင်ဝိုင်ဖိအားကျဆင်းလာပါက၊ ချို့ယွင်းချက်အပြစ်တစ်စုံတစ်ရာရှိပါကကားဒတ်ချ်ဘုတ် မီတာဒိုင်ခွက်တွင်အင်ဂျင်ဝိုင်မီးနီလင်းလာမည်။

သတိပေးမီးလင်းခြင်းသည်စက်ရပ်ပြီးချက်ချင်းစစ်ဆေးရန်အချက်ပြခြင်းဖြစ်သည်။

ကားစက်နှိုးရန်ကားသော့ဖွင့်လိုက်ပါကဒတ်ချ်ဘုတ်တွင်ဘတ်ထရီမီး၊ အင်ဂျင်ဝိုင်မီးများလင်းနေမည်။ စက်နိုးပြီးခဏအကြာတွင်ထိုမီးနီများငြှိမ်းသွားမည်။

အကယ်၍ အင်ဂျင်ဝိုင်မီးနီလင်းနေခြင်းမပျောက်ပါကအင်ဂျင်ဝိုင်မတက်သောပြဿနာတစ်ခုခုရှိနေ ခြင်းဖြစ်သည်။

ကားမောင်းနေစဉ်အင်ဂျင်ဝိုင်မီးနီလင်းလာပါကအထူးဂရုစိုက်ပါ။

၎င်းကိုသတိမပြုမိဘဲကားဆက်မောင်းနေလျှင်သင့်ကားအင်ဂျင်ကြီးမားစွာပျက်စီးသွားမည်။

အချို့သောကားများတွင် အင် ဂျင်ဝိုင်အအေးခံရန် Oil Cooler တပ်ဆင်ထားသည်။

ရေလိုင်း၊ လေလိုင်း တစ်နည်းနည်းဖြင့်အအေးခံသည်။

Oil Cooler သုံးသောကားများကြာလာလျှင်အင်ဂျင်ဝိုင်ဆီချိုးများကပ်ငြိပြီးပိတ်ဆို့သွားတတ်သည်။

Oil Cooler ဆီလိုင်းပိတ်ပါကအင်ဂျင်ဆီငတ်တတ်သည်။

ပြုပြင်ထိန်းသိမ်းခြင်း

(၁) ဆီ Level တိုင်းပါ။

စက်မနှိုးမီ အင်ဂျင်ထဲတွင် Oil Level အပြည့်ရှိရမည်။ အင်ဂျင်ဂိတ် တံဖြင့် တိုင်းကြည့်ပါ။

(၂) ဆီယိုစိမ့်မှုရှိ မရှိစစ်ဆေးပါ။

ဆီသည်ယိုစိမ့်တတ်သော သဘောရှိသည်။

"ဆီလိုအပေါက်ရှာ မနေနဲ့" ဆိုစကားသည် ဆီ၏ ယိုစိမ့်လွယ်သောသဘောကိုပြောခြင်းဖြစ်သည်။ ကားရပ်ထားသောပါကင်နေရာ၊ ကားဂိုဒေါင်ကြမ်းခင်းတို့တွင်ဆီကွက်တွေ့ပါကဆီယိုနေသော နေရာအတိအကျသိရှိရန်ရှာဖွေပါ။

ဝိုင်းဆီးကယိုသလား၊ Vaccum Pump ဆီပိုက်လိုင်းကယိုသလား၊ မိန်းဂုတ်ဆီးကယိုသလား။ အင်ဂျင် ဝိုင်ယိုခြင်းသည် သင့်ခန္ဓာကိုယ်မှသွေးယိုထွက်သကဲ့သို့ အရေးကြီးပါသည်။

(၃) အချိန်မှန် အင်ဂျင်ဝိုင်လဲ ပေးပါ။

ခရီးမိုင် (၃၀၀၀) မှ (၅၀၀၀) အတွင်း အသုံးပြုပြီးပါကအင်ဂျင်ဝိုင်အသစ်လဲပေးပါ။

ဆီဟောင်းဖောက်ချပြီး Flushing Oil ဖြင့် အင်ဂျင်အတွင်းပိုင်းကိုဆေးကြောပါ။

ထုတ်လုပ်သူညွှန်ကြားသောအင်ဂျင်ဝိုင်အမျိုးအစားကိုသုံးပါ။

ကားကောင်းများ အင်ဂျင်ဝိုင်အကောင်းစားသုံးပါ။

(၄) ဆီစစ်ဘူးအသစ်လဲပါ။

အင်ဂျင်ဝိုင်လဲတိုင်းဆီစစ်ဘူးအသစ်လဲပါ။

အမျိုးအစား၊ အရည်အသွေးကောင်းသောဆီစစ်ဘူးကိုသုံး ပါ။

(၅) အင်ဂျင်ဝိုင်မီးလင်းလျှင်

 

အင်ဂျင်ဝိုင် Level လျော့ လွန်းလျှင်၊ Oil Pump ဆီတွန်းအားကျဆင်းလျှင်သတိပေးမီးလင်းတတ်သည်။ မီးလင်းလျှင်အပြစ်ရှာပါ။

Oil Pump ဂီယာသွားများပွန်းစားသွားပါကချောဆီဖိအားနှင့်တွန်းအားကျဆင်းပြီးအင်ဂျင်ဆီငတ်တတ်သည်။

(၆) ဒီဇယ်အင်ဂျင်ဝိုင် ဓာတ်ဆီအင်ဂျင်ဝိုင်

ဒီဇယ်အင်ဂျင်နှင့် ဓာတ်ဆီ အင်ဂျင်လောင်ကျွမ်းပေါက်ကွဲပုံ

(၇) ဆီယိုစိမ့်လျှင်ပြုပြင်ပါ။

အင်ဂျင်ဝိုင် ယိုစိမ့်ခြင်းသည် မကောင်းသောလက္ခဏာဖြစ်သည်။

ယိုစိမ့်သောအကြောင်းရင်းနှင့်နေရာ

(၈) အင်ဂျင် Overheat ဖြစ် လျှင် အင်ဂျင်ဝိုင်အရည်အသွေးကျ တတ်သည်။

အကြောင်းအမျိုးမျိုးကြောင့်သင့်ကား Overheat ဖြစ်ပြီးရေတိုင်ကီရေဆူပွတ်ပါကအပူလွန်ကဲမှုကြောင့် အင်ဂျင်ဝိုင်ပျက်စီးတတ်သည်။

ဂတ်စ်ကတ်ပြတ်ပြီး အင်ဂျင်ဆီလိုင်းနှင့်ရေလိုင်းရောနှောတတ်သည်။

အင်ဂျင်ဝိုင်ထဲရေရောက်သွားပါကအင်ဂျင်ဝိုင်များ အဖြူရောင်ပြောင်းသွားပြီးပျက်စီးသည်။

အင်ဂျင်ဝိုင်အသစ်လဲပေးရမည်။

ဂတ်စ်ကတ်ပြတ်ခြင်းပြဿနာကိုလည်းပြုပြင်ရ မည်။

(၉) Oil Cooler သုံးသောကားများ Oil Cooler အတွင်းဆီလိုင်းများတွင်ဆီချိုးများအနယ်အနှစ်များပိတ် မနေစေရန်ဆေးကြောပေးပါ။

အင်ဂျင်ဝိုင်သည်အင်ဂျင်တစ်လုံး၏အသက်ဖြစ်သည်။

Car lover

Read 832 times