ယာဉ်မတော်တဆမှု အသက်အန္တရာယ် ကင်းရှင်းရေး အချက်များတွင် လူများ သတိမမူ ဖြစ်တတ်သည့် အရာကတော့ ထိုင်ခုံခါးပတ်ဖြစ်ပါသည်။
ထိုင်ခုံခါးပတ်သည် ယာဉ်မတော်တဆမှုများတွင် အသက်သေဆုံးမှုနှုန်း၊ ဒါဏ်ရာပြင်းထန်စွာရရှိနူန်းများကို လျှော့ချပေးနိုင်သည့် အဓိကအချက်တစ်ခု ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုမှာ ထိုင်ခုံခါးပတ်ဟာ ပြည်သူ ၁၀,၀၀၀ ကျော်ရဲ ့ အသက်ကို နှစ်စဉ် ကယ်တင်ပေးနေတာပါ။
၀မ်းနည်းစရာကောင်းသည့် အချက်မှာ ယနေ ့ထိအောင် ယာဉ်မတော်တဆမှုများနှင့် နှစ်စဉ် လူပေါင်းများစွာ သေဆုံးနေခြင်းဖြစ်ပါသည်။
ကားတစ်စီးဟာ အရှိန်တစ်ခုနှင့် မောင်းနေရာက တစ်ခုခုနှင့် တိုက်မိပါက ယာဉ်ထဲမှာပါလာသည့် လူကလဲ အဲဒီအရှိန်နှင့် ဆက်ရွေ ့လျားပါသည်။
ထိုင်ခုံခါးပတ်ပတ်မထားသည့် လူများမှာ ယင်းအရှိန်နှင့်ပဲ ကားလက်ကိုင်စတီယာရင်၊ ကားမှန်၊ ကားအတွင်းက ပစ္စည်းတွေနှင့် တိုက်မိခိုက်မိပါသည်။
ထိုင်ခုံခါးပတ်သည် ယာဉ်မတော်တဆမှုများအတွက် အကောင်းဆုံး ကာကွယ်မှုတစ်ခုဖြစ်ပါသည်။
ယာဉ်တိုက်မှုကြောင့် ဖြစ်လာသည့် ထိခိုက်ခံစားရမယ့် အားအရှိန် အန္တရာယ်တွေရန်က လူ ့ခန္ဓာကိုယ်၏ တင်ပါး၊ ပုခုံး၊ ရင်အုပ် စတဲ့ အစိပ်အပိုင်းများကို ထိန်းချုပ်ခြင်းနှင့် ကာကွယ်ပေးဖို ့ ပုံစံထုတ်ထားခြင်းဖြစ်ပါသည်။ လူကို ထိုင်ခုံတွင် မြဲမြံစွာ ရှိစေခြင်းနှင့် မျက်နှာ၊ ခေါင်း၊ ရင်အုပ်တွေနှင့် ကားမှန်၊ ဒက်ရှ်ဘုတ်၊ ကားအတွင်းပိုင်းတစ်ခုခု သို ့မဟုတ် ကားပေါ်ပါလာသူအချင်းချင်း ပြင်းထန်စွာ ထိခိုက်မိခြင်း မရှိအောင် ကာကွယ်ပေးပါသည်။
ရှေ ့ခုံတွင် ထိုင်သူ ၄၅% ကို အသက်ဆုံးရှုံးမှုက ကာကွယ်ပေးပြီး ၅၀% ကို ဒါဏ်ရာပြင်းထန်စွာ ရရှိခြင်းမှ ကာကွယ်ပေးပါသည်။
နောက်ခုံတွင် ထိုင်သူ ရ၃% ကို အသက်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ပါသည်။
ကားပေါ်ပါလာသူများကို ယာဉ်အပြင်ကို လွှင့်စင် ထွက်ကျမသွားအောင်လဲ ထိန်းချုပ်ပေးပါသည်။ ကားမတော်တဆမှုတွင် ယာဉ်အပြင်ကို ထွက်ကျသွားသူ ရ၇% သည်အသက်ဆုံးရှုံးမှု ဖြစ်ပါသည်။
တစ်နာရီကို မိုင်၃၀နူန်းနှင့် မောင်းလာသည့် ကားတစ်စီးသည် တစ်စုံတစ်ခုနှင့် တိုက်မိလို ့ ရပ်တန် ့သွားသော်လည်း ကားပေါ်ပါလာသည့် လူက တစ်နာရီကို မိုင်၃၀နူန်းနှင့် အရှေ ့ကို ဆက်လက်ရွေ ့ပါသည်။
ထိုအရှိန်သည် လူတစ်ယောက် ၃ထပ်တိုက် တစ်တိုက်ပေါ်က မြေပြင်ပေါ်ကို ပြုတ်ကျသည့် အရှိန်ဖြစ်ပါသည်။
ထိုင်ခုံခါးပတ် ပတ်မထားသည့် လူသည် ၃ထပ်တိုက် တစ်တိုက်ပေါ်က ပြုတ်ကျသကဲ့သို့ ထိခိုက်ဒါဏ်ရာရနိုင်တယ် ဆိုသည့် သဘောဖြစ်ပါသည်။
ထိုင်ခုံခါးပတ် ပတ်သင့်သည့် အချက်ကြီး ၄ချက်ရှိပါသည်။
(၁) ထိုင်ခုံခါးပတ်သည် ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ သင့်ကို အသက်ဆုံးရှုံးမည့်ဘေးအန္တရာယ်မှ ကာကွယ်ပေးပါသည်။
(၂) ထိုင်ခုံခါးပတ်သည် ယာဉ်မတော်တဆမှု ဖြစ်စဉ်မှာ သင့်ကို ဒါဏ်ရာပြင်းထန်စွာ ရမည့် ဘေးအန္တရာယ်မှ ကာကွယ်ပေးပါသည်။
(၃) ထိုင်ခုံခါးပတ်သာ ပတ်ထားခဲ့ကြရင် ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်သေဆုံးနေကြသည့် လူထောင်ပေါင်းများစွာသည် အခုအချိန်ထိ သက်ရှိထင်ရှား ရှိနေကြမှာ ဖြစ်ပါသည်။
(၄) ထိုင်ခုံခါးပတ် ပတ်တာ လွယ်လွယ်လေးပါ။ ၃စက္ကန် ့သာ ကြာတာပါ။
ခရီးမသွားမှီ ထိုင်ခုံခါးပတ်ကို စစ်ဆေးသင့်ပါသည်။
ထိုင်ခုံခါးပတ်သည် ဆွေးမြည့်နေတာမျိုး၊ ချုပ်ရိုးတွေ ပြုတ်ထွက်နေခြင်းမျိုး၊ ခါးပတ်ပြားက ပြတ်နေခြင်း၊ ပေါက်ပြဲနေခြင်းမျိုးများ ရှိနိုင်ပါသည်။
သက်တမ်းရင့်သည့် မော်တော်ယာဉ်များ ဖြစ်ပါက ပိုမိုဂရုတစိုက် စစ်ဆေးရပါမည်။
ကားအသက်ကယ်လေအိတ်များဟာ အရှေ ့က ၀င်တိုက်မှသာ ပွင့်တာမို ့ မိမိကားကို ဘေးမှ ၀င်တိုက်ခြင်း၊ ကားလှိမ့်သွားတာမျိုးမှာ ထိုင်ခုံခါးပတ်ကသာ ယာဉ်ပေါ်ပါသော လူများ၏ အသက်ကို ကယ်တင်ပေးနိုင်မည်ဟု ဆိုပါသည်။
အကောင်းဆုံးမှာ ကားထဲဝင်ထိုင်လိုက်သည်နှင့် ဘာတစ်ခုမှ မလုပ်သေးခင် ထိုင်ခုံခါးပတ်ကို တန်းပြီး ကောက်တပ်သည့် အလေ့အကျင့်ရအောင် လုပ်ထားသင့်သည်ဟု ယာဉ်မတော်တဆမှု ဘေးအန္တရာယ်ကင်းရှင်းရေး ပညာရှင်များက အကြံဉာဏ်ပေးကြပါသည်။