ယာဉ်မောင်းအများစုဟာ ဘယ်လောက်မော်ဒယ်ကားကို စီးနေပါစေ ကိုယ်ပိုင်ဟန်တစ်ခုရှိအောင် ဖန်တီးချင်ကြတဲ့အတွက် ဘယ်လိုအသုံးအဆောင်မျိုးက ကားအတွက် အသုံးတည့်ပြီး လိုက်ဖက်မှု ရှိတယ်ဆိုတာ သိထားရအောင်လို့ ရွေးချယ်စရာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ကားမှန်စတစ်ကာကပ်ခြင်း
ကားမှန်စတစ်ကာကပ်တာကို ဘယ်ကားအမျိုးအစား၊ မော် ဒယ်မဆိုလုပ်လေ့ရှိကြပြီး နေပူဒဏ်ကာကွယ်ဖို့နဲ့ မျက်စိစူးပြီး ပြာတာတွေ ကာကွယ်နိုင်ဖို့အတွက်ပါ။ စတစ်ကာကပ်တော့မယ်ဆိုရင် တစ်ခုသတိထားရမှာက စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ စတစ်ကာအရောင်သတ်မှတ်ချက်အတိုင်း အသုံးပြုဖို့ပါပဲ။
ဘန်ပါအကာတပ်ခြင်း
SUV နဲ့ ထရပ်ကားတွေအတွက်ဆိုရင် ကားဘန်ပါမထိခိုက် အောင်လို့ သတ္တုအကာတပ်ဆင်လေ့ရှိကြပါတယ်။ ဒါကတော့ ယာဉ်ကြီးတွေအတွက် ပိုအဆင်ပြေပြီး မြို့ပြင်အမောင်းများတဲ့ ကားတွေမှာ တပ်ဆင်လေ့ရှိကြတာပါ။ ဒါလည်းပဲ ဝယ်မယ်ဆိုရင် ကိုယ့်ကားကို စတိုင်မလန်းဘဲ ဂွမ်းအောင်လုပ်မိသလိုမဖြစ်အောင် သေသေချာချာတိုင်းထွာ ရွေးချယ်ပြီးမှ လုပ်သင့်ပါတယ်။
အသံစနစ်တပ်ဆင်ခြင်း
ကားမောင်းရင်း သီချင်းနားထောင်ရတာ သဘောကျသူအ တွက် ကားမှာပါနေကျအသံစနစ်ထက် ပိုကောင်းအောင်လို့ အမိုက်စားစပီကာတွေတပ်ပြီး အလှဆင်တာမျိုးတွေ လုပ်နိုင်ပါတယ်။
လမ်းကြောင်းပြစနစ်တပ်ဆင်ခြင်း
နောက်ပိုင်းထုတ်တဲ့ မော်ဒယ်မြင့်ကားတွေမှာတော့ လမ်းကြောင်းပြစနစ်တွေ တစ်ပါတည်းပါလေ့ရှိပေမယ့် မပါတဲ့ကားတွေ အတွက်ဆိုရင် လမ်းကြောင်းပြစနစ် တပ်တာတွေပြုလုပ်ကြပါတယ်။
ခရိုမီယမ်သတ္တုထည်ဖြင့် အလှဆင်ခြင်း
စတိုင်ကျကာ တောက်ပြောင်နေဖို့ဆိုပြီး ခရိုမီယမ် အသုံးအ ဆောင်တွေ တပ်ဆင်လေ့ရှိကြပါတယ်။ အများစုကတော့ ကားဘန်ပါ၊ တံခါးလက်ကိုင်၊ ကားရှေ့မျက်နှာစာ သံဆန်ခါကွက်နေရာတွေ၊ ကားဘေးဘက် အောက်ခြေနေရာတွေမှာ ပြောင်ပြောင်လက်လက်နဲ့ ထင်ပေါ်နေအောင် ပြုလုပ်လေ့ရှိကြပါတယ်။
တာယာ၊ ဘီးနဲ့ ဘီးအနားကွပ်များ အလှဆင်ခြင်း
ကားမှာ တစ်ခါတည်းပါလာ တဲ့ အော်ရီဂျင်နယ်ဘီးတွေအစား ကိုယ့်စိတ်ကြိုက် တာယာဒီဇိုင်း၊ ဘီးခွေပုံစံနဲ့ အနားကွပ်တွေ တပ် ဆင်တာမျိုးလည်း လုပ်လေ့ရှိကြပါတယ်။