တာယာတစ်လုံးမှ ပြောပြသော သူ၏အကြောင်း


တာယာတစ်လုံး၏ ဘေးနံရံတွင် ၎င်းတာယာ၏ အရွယ်အစား၊ တပ်ဆင်ရမည့် ခွေ၏ (rim) အရွယ်အစား၊ တာယာ၏ အမြင့်ဆုံးခံနိုင်မည့် ဝန်၊ အမြင့်ဆုံးမောင်းနှင်နိုင်မည့် speed၊ တာယာ၏ တည်ဆောက်ပုံ နှင့် အသုံးပြုထားသော materials များ၊ တာယာ၏ ပန်းပွန်းစားခံနိုင်မှုအခြေအနေ (treadwear)၊ တာယာ၏ကုတ်အား (traction)၊ နှင့် တာယာ၏ အပူဒဏ်ပေါ်ခံနိုင်မှု (temperature resistance)၊ တာယာ၏ ထုတ်လုပ်သည့် ကာလ၊ ထုတ်လုပ်သူ နှင့် ထုတ်လုပ်သည့် စက်ရုံ၊ TWI (Tread Wear Indicator) ခေါ် တာယာ၏ ပန်းပွန်းစားမှုအခြေအနေကိုကြည့်ရမည့်နေရာ၊ စသော အချက်အလက် များကို ဖော်ပြထားသည်။

Tire Size Designation

ယခုဖေါ်ပြထားသော အချက်အလက်များသည် Euro-Metric Sizing System ကိုအသုံးပြုထားသော တာယာများ အတွက်သာဖြစ်သည်။ Numeric Sizing System (until late 1960s), Alpha-Numeric Sizing System (start in 1968), P-Metric Sizing System (start in 1976), Metric Sizing System, Millimetric Sizing System, Light Truck Numeric System, Light Truck Metric Sizing System, Light Truck High Floatation System စသော Tire Sizing Systems များအတွက် မဟုတ်ပါ။

205/65 R 15

205 --> တာယာ၏ ဗျက်အကျယ် ဖြစ်ပြီး မီလီမီတာ ဖြင့်ပြသည်။ 205mm (nominal section width in mm)

65 --> တာယာ၏ အမြင့်နှင့်အကျယ်၏ အချိုးရာခိုင်နှုန်းဖြစ်သည်။ Aspect ratio 65% (ratio of height to width in %)

Section height = (205*65)/100 =133 mm

R --> တာယာ၏ တည်ဆောက်ပုံ Radial Construction

15 --> တပ်ဆင်ရမည့် ခွေ၏ (rim) အရွယ်အစား 15 လက်မအချင်း (Rim diameter in inches)

 

Service Description

Service Description ကို တာယာ၏ ဘေးနံရံတွင် ဖော်ပြထားပြီး ဂဏာန်းနှစ်လုံး သို့မဟုတ် သုံးလုံးပါသော Load Index နှင့် အက္ခရာတစ်လုံးပါသော Speed Index တို့ဖြင့်ဖော်ပြသည်။ ဥပမာ 100Q

 

Load Index (LI)

Load index များကို တာယာ၏ အမြင့်ဆုံး ခံနိုင်မည့်ဝန် (design load) ကို သတ်မှတ်ရာတွင် သုံးသည်။ အောက်တွင် ဖေါ်ပြထားသော Maximum load carrying capacity per tire ပုံကို ဖတ်ရှုခြင်းဖြင့် တာယာ၏ ဘေးနံရံတွင် ဖော်ပြထားသော load index တစ်ခုစီအတွက် အမြင့်ဆုံး ခံနိုင်မည့်ဝန်ကို သိရှိနိုင်သည်။ ဥပမာအားဖြင့် load index 100 ရှိသော တာယာသည် အမြင့်ဆုံး 800kg ဝန်ကို ခံနိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။

 

Speed Index (SI)

တာယာ၏ ဘေးနံရံတွင် ဖော်ပြထားသော Speed Index မှတဆင့် ၎င်းတာယာ၏ သတ်မှတ်ထားသော အမြင့်ဆုံး ခံနိုင်မည့်ဝန်ကို တင်၍ မောင်းနှင်ပါက အမြင့်ဆုံး မောင်းနှင်နိုင်မည့် speed ကိုသိရှိနိုင်သည်။ အောက်တွင်ဖော်ပြထားသော speed index နှင့် maximum speed chart ကို ဖတ်ရှုခြင်းဖြင့် တာယာ၏ ဘေးနံရံတွင် ဖော်ပြထားသော speed index တစ်ခုစီအတွက် အမြင့်ဆုံး မောင်းနှင်နိုင်မည့် speed ကို သိရှိနိုင်သည်။ ဥပမာအားဖြင့် service description 100Q တာယာအတွက် အမြင့်ဆုံးဝန်(800kg)ကို တင်ဆောင် မောင်းနှင်ပါက တစ်နာရီ မိုင်တစ်ရာ (100mph) ထက် ပို၍ မမောင်းသင့်ပေ။ Speed Index သည် တာယာနှင့်သာ သက်ဆိုင်ပြီး ယာဉ်၏ မောင်းနှင်နိုင်မည့် speed နှင့် မသက်ဆိုင်ကြောင်း သတိပြုပါ။

 

Uniform Tire Quality Grade (UTQG)

တာယာထုတ်လုပ်သူများသည် UTQG ဟုခေါ်သော တာယာ၏ ပန်းပွန်းစားခံနိုင်မှုအခြေအနေ (treadwear)၊ တာယာ၏ကုတ်အား (traction)၊ နှင့် တာယာ၏ အပူဒဏ်ပေါ်ခံနိုင်မှု (temperature resistance) တို့ကိုစမ်းသပ်၍ တာယာ၏ဘေးမျက်နှာပြင်တွင် ဖော်ပြပေးရသည်။

 

Treadwear

တာယာ၏ ပန်းပွန်းစားခံနိုင်မှုအခြေအနေကို treadwear number အနေဖြင့်ဖော်ပြပေးသည်။Reference standard အနေဖြင့် treadwear number ကို 100 ဟုသတ်မှတ်ထားသည်။ တာယာများကို industry standard ၏ guidelines များအတိုင်း စမ်းသပ်၍ numerical grade များသတ်မှတ်ကာ reference standard grade ဖြစ်သော 100 နှင့်နှိုင်းယှဉ်လေ့ရှိသည်။ Treadwear number ကြီးလေလေ တာယာပွန်းစားမှုခံနိုင်ရည် ပိုကောင်းလေလေဖြစ်သည်။ ဥပမာအားဖြင့် treadwear number 200 ရှိသော တာယာသည် treadwear number 100 ရှိသော တာယာထက် ပွန်းစားမှုဒဏ် နှစ်ဆပိုခံနိုင်မည်။

 

Traction

တာယာ၏ စိုစွတ်နေသော လမ်းပေါ် (ကတ္တရာလမ်း နှင့် ကွန်ကရစ်လမ်း နှစ်မျိုးစလုံးပေါ်တွင် စမ်းသပ်သည်။) ရပ်တန့်နိုင်သော အရည်အသွေးကို traction number ဖြင့်သတ်မှတ်သည်။ “AA”, “A”, “B” နှင့် “C” ဟူ၍ traction grade လေးမျိုးသတ်မှတ် ထားသည်။ စိုစွတ်နေသော လမ်းပေါ် ရပ်တန့်နိုင်သော အရည်အသွေး အမြင့်ဆုံးကို “AA” ဖြင့်ဖော်ပြပြီး အနိမ့်ဆုံးကို “C” ဖြင့်ဖော်ပြသည်။

 

Temperature Resistance

တာယာ၏ အရှိန်တစ်ခုတွင် အပူမည်မျှထုတ်လုပ်နိုင်ခြင်း (heat generation) နှင့် အပူမည်မျှကွယ်ပျောက်စေနိုင်ခြင်း (heat dissipation) အပေါ် မူတည်၍ temperature grade ကိုသတ်မှတ်ထားသည်။ တာယာမှ အပူကို လုံလောက်စွာ dissipate မလုပ်နိုင်ပါက၎င်း၊ အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် destructive effects များကို မခုခံနိုင်ပါက၎င်း တာယာ၏ high speed တွင် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်မည့် စွမ်းရည် (ability) ကျဆင်းသွားစေသည်။ Temperature grade ကို A, B နှင့် C ဟူ၍ သုံးမျိုး သတ်မှတ်ထားပြီး grade A သည် အရည်အသွေး အမြင့်ဆုံးဖြစ်ပြီး grade C သည် အရည်အသွေး အနိမ့်ဆုံးဖြစ်သည်။

 

Tire Manufacturing Date Code

တာယာတစ်လုံး၏ ထုတ်လုပ်သည့်ကာလကို DOT (Department of Transportation) Tire Identification Number ၏ နောက်ဆုံး ၃-လုံး သို့မဟုတ် ၄-လုံး ကိုဖတ်ရှုခြင်းဖြင့် သိရှိနိုင်သည်။ ၄-လုံးဖြစ်ပါက ပထမနှစ်လုံးမှာ ထုတ်လုပ်သည့်အပတ်ဖြစ်ပြီး ဒုတိယနှစ်လုံးမှာ ထုတ်လုပ်သည့်နှစ်ဖြစ်သည်။

ဥပမာ၊ 1309 --> 13th week of 2009

သက္ကရာဇ် ၂၀၀၀ မတိုင်မီ ထုတ်လုပ်သော တာယာများတွင်မူ ဂဏာန်း ၃-လုံးသာ တွေ့ရမည်ဖြစ်ပြီး တြိဂံပုံ သင်္ကေတပါပါက ၁၉၉၀ ခုနှစ်များတွင် ထုတ်သော တာယာများဖြစ်သည်။

ဥပမာ၊ 517Δ --> 51st week of 1997

တြိဂံပုံ သင်္ကေတမပါပါက 517 --> 51st week of 1987 ဖြစ်နိုင်သည်။ တာယာတစ်လုံး၏ သက်တမ်းကို လွှမ်းမိုးသောအချက်များစွာရှိပြီး အတိအကျ ခန့်မှန်းဆုံးဖြတ်ရန် မလွယ်ကူပေ။ သို့သော် rule of thumb အနေဖြင့် တာယာထုတ်လုပ်ချိန်မှ သက်တမ်း ၅-နှစ်မှ ၈-နှစ် အတွင်း လဲလှယ်ခိုင်းလေ့ရှိသည်။

 

Credit : original uploader

Read 1546 times