မိမိကားနှင့် ခရီးသွားရသည့်အချိန်မျိုးတွင် ကားအောက်ပိုင်းများအပြင် ကားတာယာကိုလည်း ဂရုတစိုက် စစ်ဆေးသွားသင့်ပါသည်။
ကားတာယာတစ်လုံး၏ သက်တမ်းကို ၃ နှစ်မှ ၅ နှစ်အထိ သတ်မှတ်ပေးထားပါသည်။
ထိုသို့သတ်မှတ်ခြင်းသည် ရာနှုန်းပြည့်မဟုတ်သောကြောင့် တာယာ၏ သက်တမ်းသည် ရာသီဥတုနေအထားအပေါ်မူတည်ပြီး ပြောင်းလဲတက်ပါသည်။
ထို့အပြင် ကားတာယာ၏ သက်တမ်းသည် ကားတာယာအမျိုးအစားအပေါ်မူတည်နေသကဲ့သို့ ကားတာယာအသုံးပြုသည့် ခရီးအကွာအဝေး မိုင်များပေါ်တွင်လည်း မူတည်ပါသေးသည်။
တာယာများထဲတွင် ကမ္ဘာမှ လက်ခံထားသော တာယာများမှာ
1. BRIDGESTONE
2. MICHELIN
3. CONTINENTAL
4. PIRELLI
5. GOOD YEAR
6. YOKOHAMA
7. DUNLOP
8. HANKOOK
စသည့် တာယာတံဆိပ်များဖြစ်ပါသည်။
ထိုတံဆိပ်များ အားလုံးနီးပါးကို တရုတ်နိုင်ငံမှ ထုတ်လုပ်ပါသည်။
ထိုအပြင် တစ်ချို့သောတာယာများတွင် MADE IN PRC ဆို၍ ရေးထားလျက်ရှိပြီး PRC ဆိုသည်မှာ PEOPLE RIPUBLIC OF CHINA ဖြစ်ပါသည်။
ကားတာယာ၏ သက်တမ်းများကို သတ်မှတ်ထားပြီး မည်သည့်တာယာမဆို သူ၏ ထုတ်လုပ်သော ဆိုဒ်၊ Speed၊ ထုတ်လုပ်သည့်နိုင်ငံ၊ မည်သည့်ရာသီဥတုအတွက်ထုတ်လုပ်သည်ကို ကားတာယာတွင် ပါရှိပါသည်။
တာယာ၏ သက်တမ်းသည် ၃ နှစ်မှ ၅ နှစ်အထိရှိသော်လည်း တစ်ချို့သော တာယာများသည် ရာသီဥတုအပြောင်းအလဲအပေါ်မူတည်ပြီး ၁ နှစ်လောက်နှင့်လည်း တာယာများ အက်ကြောင်းကွဲလာတက်ပြီး မြို့တွင်းအသုံးပြုခြင်းက ဘာမှ မဖြစ်သော်လည်း အရှိန်အရမ်းများပါက ကွဲထွက်တက်ပါသည်။
တာယာပတ်လည်တွင် ရှာကြည့်ပါက ဂဏာန်း ၄ လုံး ရေးထားသည်ကို တွေ့ရမည်ဖြစ်ပြီး သို့မဟုတ် YY ----- 1112 ဆိုပြီး ရေးထားလျှင်လည်း နောက်ဆုံးလေးလုံးကို ကြည့်၍ ရပါသည်။
ရှေ့က 11 က ထုတ်လုပ်သောရက်သတ္တပတ်ဖြစ်၍ တစ်လတွင် ၄ ပတ်ရှိသောကြောင့် ၄ ဖြင့်စားလိုက်လျှင် ၂ ကျော်ဖြစ်သည့်အတွက် ဖေဖော်ဝါရီလ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရပါသည်။
နောက်က ဂဏာန်းနှစ်လုံးဖြစ်သော 12 မှာ ထုတ်လုပ်ခဲ့သော ခုနှစ်ဖြစ်သောကြောင့် ထိုတာယာကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။
ထိုသို့တိုက်ကြည့်ခြင်းဖြင့် မိမိဝယ်ယူသောတာယာသည် ဒိတ်မှန်မှန်စစ်ဆေး၍ရပြီး အကယ်၍ တာယာများတွင် တစ်ဖက်ထဲတွင်သာ ဒိတ်ရေးထားသောကြောင့် ဒိတ်မတွေ့ရလျှင် နောက်တစ်ဖက်တွင် လှန်ကြည့်နိုင်ပါသည်။
တာယာအဝိုင်းတွင် ထပ်ကြည့်လျှင် 185/ 55 R15 81H ဟူ၍ တွေ့ရအုံးမည်ဖြစ်ပါသည်။
185 ဆိုသည်မှာ တာယာကို အပေါ်မှကြည့်လျှင်မြင်ရသော ဗျက်အကျယ်ဖြစ်ပြီး 70 ဆိုသည်မှာ ဂွေတပ်ထားလျှင် ဂွေကနေတာယာအနိမ့်အမြင့်ကို တိုင်းထားခြင်းဖြစ်ပါသည်။
ထို့နောက် R အနောက်မှ 15 သည် လက်မတိုင်းတာခြင်ဖြစ်ပြီး 15 လက်မဆိုဒ်ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။
များသောအားဖြင့် တာယာအော်ရီဂျီနယ်ဆိုဒ်နှင့် လေထိုးသော လေပေါင်ကို ကားရှေ့တံခါး တပ်ဆင်ထားသည့် ဘောင်တွင် ရေးထားပါသည်။
နောက်က 81 H မှာ 81 ဆိုခြင်းက တာယာတစ်လုံး၏ ထမ်းထားနိုင်သော ဝန် (81 ဆိုလျှင် 462 ကီလိုတင်နိုင်သောဝန်) ကို ရေးထားခြင်းဖြစ်ပြီး H မှာ Speed Limit ဖြစ်၍ မောင်းနှင်နိုင်သောအား ( အများဆုံး မောင်းနှင်နိုင်သော အားမှာ 210KM/H) ဖြစ်ပါသည်။
ထို့အပြင် Z (သို့မဟုတ်) W နှင့် လာပါက ပြိုင်ကားအတွက်အသုံးပြုသော တာယာဖြစ်ပြီး အမြန်ဆုံး ၂၇၀ ကျော် မောင်းနှင်နိုင်ပါသည်။
တာယာအမျိုးအစားကို 185/55 R15 ရှေ့တွင် P နှင့် LT ဟူ၍ ၂ မျိုးခွဲထားပါသည်။
P ဆိုသည်မှာ Personal Car Tyer ဖြစ်ပြီး လူစီးကားများတွင် အသုံးပြုကြပါသည်။
LT ဆိုသည်မှာ Light Truck Tyer ဖြစ်ပြီး လုပ်ငန်းသုံး ကားတာယာအမျိုးအစားဖြစ်ပါသည်။
ထိုတာယာများသည် လုပ်ငန်းသုံးကားတာယာဖြစ်သည့်အတွက် Speed နည်းနည်းသာ မောင်းနှင်နိုင်သည်ကို သတိမထားမိဘဲ အရှိန်ပြင်းမောင်းနှင်ပါက အန္တရာယ်များလွန်းလှပါသည်။
တာယာကို ပန်း အမျိုးမျိုးနဲ့ လာပါသည် ။ ရာသီ ၄မျိုးသုံး၍ရသော တာယာမှကို ပန်းပုံစံနှင့် လာသကဲ့သို့ (ROTATION) မျှားပန်းလိုမျိုးပန်းများမှာ SPEED များများသုံးမည့် ကားများတွင် သုံးကြပါသည်။
ဂျပန်ကဲ့သို့ နှင်းကျသောနိုင်ငံများတွင် နှင်းပန်းဟုခေါ်သော တာယာပန်းတွင် လိုှင်းတွန့် သေးသေးလေးများ အများကြီးပါသော ချောမသွားရန် ထိန်းပေးနိုင်သော တာယာပန်းမျိုးရှိပါသည်။
ယခုနောက်ပိုင်းတွင် ECO ဆိုပြီး ဆီစားသက်သာမည့် ကီလို များများပိုမောင်းနိုင်သည်ဆိုသော ပန်းအမျိုးမျိုး ထွက်လာပါသည်။
ယခုနောက်ပိုင်းလာသော တာယာများ အားလုံးမှာ TUBELESS တာယာများဖြစ်ပါသည်။
RUNFLAT တာယာ မျိုးကတော့ ပေါက်နေသည့်တိုင်အောင် ကီလို တစ်ရာလောက်ကို ဒီတိုင်းမောင်းနှင်သွားနိုင်ပြီး ဈေးနှုန်း မှာလည်း သာမာန် တာယာများထက် ၄ ဆလောက် ပိုများပါသည်။
မိမိရွေးချယ်သည့်တာများသည် မိမိကားနှင့်ကိုက်ညီမှုရှိအောင် အထူးဂရုပြုသင့်ပါသည်။