လမ်းပေါ်ကဆေးရေးအမှတ်အသား လမ်းညွှန်အမှတ်အသားတွေကို ဘာနဲ့ရေးဆွဲသလဲ


ကော်စေ့ အင်းဟုတ်တယ် ကျွန်တော်တို့ကတော့အဲ့လိုအလွယ်ခေါ်ကြတာ ကော်စေ့လို့ နေအုံးဗျ သူ့ကိုခေါ်တဲ့အမည်ရှိတယ် ဘာတဲ့ အင်း ပါးစပ်ထဲတင်ပျောက်နေတယ်ဗျာ အော်သိပြီ သာမိုစေ့တဲ့။

ဟုတ်တယ် သာမိုစေ့လို့ခေါ်တယ်။ နိုင်ငံခြားကနေမှာယူရတာ အခုလိုလမ်းပေါ်မှာ ဆေးရေးအမှတ်အသားတွေရေးဆွဲဖို့ ပထမဆုံး အဲ့ဒီကော်စေ့မုန့်တွေကိုဂတ်စ်နဲ့အရင် အရည်ကြိုရတယ်

အရည်ကြိုလို့ရလာတဲ့ကော်ရည်တွေကို တဖန်လမ်းပေါ်မှာဆေးစွဲမည့်စက်ထဲပြန်ထည့်ရတယ်

အဲ့ဒီမှာလဲ ဂတ်စ်နဲ့ပဲကော်ရည်ကိုထိန်းထားပြီး

ပုံပါအတိုင်း လမ်းမပေါ်ဆေးရေးအမှတ်အသားတွေရေးဆွဲတယ် သတ်မှတ်အကွာအဝေး အဖြောင့် အကွေ့ မြှား လိုသလိုသေသေသပ်သပ်ရဖို့ လိုအပ်တဲ့အထောက်အကူပစ္စည်းတွေနဲ့ပေါ့ဗျာ။

ဝဲဘက်အစွန်ဆုံးယာဉ်ကြောမှာတဆက်တည်း တစ်ကြောင်းတည်းဆွဲထားတဲ့ မျဉ်းဝါကတော့ မော်တော်ဆိုင်ကယ်တွေအတွက်ရေးဆွဲထားတာပါ။ လမ်းဘေးပလက်ဖေါင်းနဲ့ မျဉ်းဝါအတွင်းကို ဆိုင်ကယ်လမ်းသတ်မှတ်ပေးထားတဲ့နေရာဖြစ်ပါတယ်။တချို့မြို့တွေဟိုင်းဝေးလမ်းတွေမှာလမ်းဘေးအစွန်း နယ်နမိတ်မျဉ်းအနေနဲ့လဲရေးဆွဲထားပါတယ်။ မျဉ်းဝါ သို့မဟုတ် မျဉ်းဖြူနှစ်ကြောင်း လမ်းမအလယ်မှာ တဆက်တည်းဆွဲထားတဲ့မျဉ်းကတော့ လမ်းရဲ့အလယ်ဗဟိုပါ ခွမမောင်းရ ကျော်မတက်ရ လမ်းဘေးယာဉ်မရပ်ရ ဖြတ်ကျော်ခြင်းမပြုရလို့ အဓိပ္ပါယ်ရှိပါတယ်။

မျဉ်းဖြူတစ်ကြောင်း လမ်းမအလယ်မှာ တဆက်တည်းဆွဲထားတာကတော့ လမ်းရဲ့အလယ်ဗဟို ခွမမောင်းရ ဖြတ်မသွားရပါ။ အဖြတ်အဖြတ် အဖြူမျဉ်းဖျက်လေးတွေကတော့ ယာဉ်ကြောပြောင်းနိုင်သည်ကွေ့နိုင်သည်လို့ဆိုပါတယ်။ အဲ့ဒါတွေမလိုက်နာရင် ဘာဖြစ်သလဲဗျာလို့ မေးခဲ့ရင်တော့ အင်း ပုံမှန်ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ အဲ့ ယာဉ်တိုက်မှုကို အဲ့ဒီနေရာမှာဖြစ်ခဲ့ရင်တော့ ဘယ်သူကမှားလို့ ဘယ်သူကမှန်တယ်ဆိုတာ လမ်းပေါ်ကဆေးရေးအမှတ်အသားတွေက စကားထပြောပါလိမ့်မယ်ခင်ဗျ။


Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 1575 times