QR ပါဝင်လာတဲ့ အဓိကကြောင်းကတော့ လုံခြုံမှုအဆင့်အတန်းတိုးမြင့်လိုက်ခြင်းပါပဲ။ အခုကအတုတွေလိုက်လုပ်တဲ့ခေတ်လေ။
ဒီ QR ကုတ်လေးပါလာတော့ အတုဆိုတာလုပ်လို့မရတဲ့အပြင် ရောင်သူဝယ်သူတို့ရဲ့စိတ်ထဲ ယုံကြည်စိတ်ချမှုတို့ပါတိုးလာတာပေါ့။
အဲ့ဒီ QR ကုတ်ကိုဖတ်လိုက်ရင် ဒီနံပါတ်ပြားဟာ ဘယ်စက်ရုံကထုတ်တယ်ဆိုတာတွေရယ်၊ ဥပမာ အထက်မြန်မာပြည်စက်ရုံကလား အောင်မြန်မာပြည်စက်ရုံကလား ရှမ်းပြည်ဘက်ကလား စသည်ဖြင့်ပေါ့ ထုတ်လုပ်တဲ့စက်ရုံကိုလဲသိရတဲ့အပြင် ယာဉ်ရဲ့အချက်အလက်တွေပါ QR ကုတ်ထဲမှာပါရှိပါတယ်။ နောက်ပြီး နံပါတ်စဉ် (စီနီယာ) အလိုက်မို့ အတုရန်ကလဲ ပိုစိတ်ချရပါတယ်။
1.1.2019 ရက်ကစလို့ ကားနံပါတ်ပြားတွေမှာ QR ကုတ်ထည့်သွင်းခြင်းစနစ်စတင်ခဲ့ပြီး လက်ရှိ ရှိပီးသားကားနံပါတ်ပြားတွေကိုလဲ သက်တမ်းတိုးတဲ့အချိန် ဒါမှမဟုတ် ပြန်လျှောက်တဲ့အချိန်တွေမှာဖြစ်ဖြစ် အခုလို QR ကုတ်နဲ့နံပါတ်ပြားပြန်လဲလှယ်ထုတ်ပေးမယ်လို့ ကြားသိရပါတယ်။ QR ကုတ်ရဲ့ အသုံးဝင်ပုံအသေးစိတ်ကိုတော့ ထပ်မံဖော်ပြပေးပါမယ်။
Credit;ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ