အင်ဂျင်အကြောင်း


မီးလောင် ပေါက်ကွဲတဲ့ အင်ဂျင်တွေမှာ ပြင်ပနဲ့ အတွင်း ဆိုပြီး ၂ မျိုးရှိတာမှာ ပြင်ပအမျိုးအစားက အရွယ်အစား ကြီးမားတယ်။ ဘွိုင်လာ ရေနွေးငွေ့ သုံးတဲ့ အင်ဂျင်မျိုး ဖြစ်ပါတယ်။

ကားမှာ အတွင်းအမျိုးအစားကို သုံးစွဲထားတယ်။ အင်ဂျင်မှာ ရှိနေတဲ့ ဆလင်ဒါအတွင်းမှာ လေနဲ့ လောင်စာဆီအငွေ့ ရောနှောပေးပြီး မီးရှို့ပေးခြင်းဖြင့် မီးလောင်ပေါက်ကွဲစေတယ်။ ပစ္စတင်အပေါ်မှာ ပေါက်ကွဲစေတာဖြစ်လို့ ပေါက်ကွဲတဲ့အခါ အပူချိန်တက်ပြီး လေကို ပွစေတယ်။

 

လေက ထုထည်ကြီးလာပြီး နေရာယူဖို့ ပစ္စတင်ကို တွန်းတယ်။ ပစ္စတင် အောက်ကို ဆင်းတဲ့အရွေ့ ဖြစ်ပေါ်တယ်။

 

ဆလင်ဒါထဲမှာ အောက်သို့ ရွေ့တယ်။ ဆလင်ဒါ ရွေ့တော့ ဆလင်ဒါ လက်တံကို ရွေ့တယ်။ ဆလင်ဒါလက်တံ ရွေ့တော့ လက်တံ တပ်ထားတဲ့ ခရိုင်းရှပ်ဖ်ကို လှည့်တယ်။ ခရိုင်းရှပ်ဖ် လည်တယ်။

 

ဘာနဲ့ တူသလဲဆိုတော့ စက်ဘီးမှာ ခြေနင်းကို နင်းတဲ့အခါ ခြေနင်းလက်တံ ရွေ့ပြီး ဘီးကို လည်စေတာနဲ့ ဆင်တူပါတယ်။

 

လေနဲ့ လောင်စာဆီ ရောနှောပြီး မီးရှို့တယ်လို့ ပြောရတာ လွယ်တယ်။ လက်တွေ့မှာတော့ နည်းနည်း အလုပ်ရှုပ်ပါတယ်။

 

အဲဒီလို အလုပ်ရှုပ်တာကို လုပ်ကိုင်နေဖို့အတွက် စနစ်တွေ ကားမှာ ရှိနေတယ်။ အဲဒီ စနစ်တွေကို ဆက်လက် တင်ပြပါမယ်။

Read 967 times