ရန်ကုန်လိုင်စင် (YGN)၊ မန္တလေးလိုင်စင် (MDY)၊ နေပြည်တော်လိုင်စင် (NPT)၊ စစ်ကိုင်းလိုင်စင် (SGG) စတဲ့ ကားအသီးသီးဟာ လိုင်စင်သက်တမ်းကုန်လို့ သက်တမ်းတိုးကြတဲ့အခါ ရန်ကုန်လိုင်စင်ဟာလည်း ရန်ကုန်ထိကားယူသွားစရာမလို၊ မန္တလေးလိုင်စင်ဆိုရင်လည်း မန္တလေးကိုကားယူသွားစရာမလိုဘဲ မိမိလက်ရှိ ရှိနေတဲ့ကညနမှာ တခြမ်းစစ် ခရီးလွန်စစ်ခြင်းဖြင့်သက်တမ်းတိုးခြင်းဆောင်ရွက်နိုင်တာကြောင့် မူလရုံးထိကားသယ်ဆောင်သက်တမ်းတိုးရတဲ့ဒုက္ခကို ကင်းဝေးစေပါတယ်။
ဟုတ်ပါတယ်။ မိမိရောက်နေတာကတောင်ကြီးမှာ မိမိကားက ရန်ကုန်လိုင်စင်ကား သက်တမ်းကကုန်တော့မယ် ရန်ကုန်ထိဒီကားကိုမောင်းသွားပြီးသက်တမ်းတိုးရမှာဆိုရင် မိမိကမအားတာ လုပ်ငန်းကိစ္စဘာညာနဲ့ အတော်ဒုက္ခများမယ်လေ။ အခုတော့ အဲ့ဒီရန်ကုန်လိုင်စင်ကားလည်း မိမိရှိနေတဲ့ ဒီတောင်ကြီးမှာဘဲ တခြမ်းစစ် ခရီးလွန်စစ် မူလရုံးဖြစ်တဲ့ရန်ကုန်ကို စာရွက်စာတမ်းပို့စေခြင်းဖြင့် ကားမောင်းသွားစရာမလိုဘဲ သက်တမ်းတိုးခြင်းကိစ္စပြီးသွားတယ်လေ အလုပ်မရှုပ်တော့ဘဲ အတော်အဆင်ပြေသွားတာပေါ့။
ဒါကို ကျွန်တော်မိဘပြည်သူများလည်း သိထားပြီးသားပါ။ အခုပြောပြချင်တာက အဲ့ဒီလို မိမိကားကိုမူလရုံးထိကားမောင်းသွားစရာမလိုဘဲ အခြားနေရာမှာ ဘယ်နှစ်ကြိမ်အထိသက်တမ်းတိုးနိုင်ပါသလဲဆိုတာကိုပြောပြချင်တာပါ။မိမိကားကို မူလရုံးမဟုတ်ဘဲ မိမိရှိနေရာ ကညနမှာ နှစ်ကြိမ်သက်တမ်တိုးခွင့်ရှိပါတယ်။ နှစ်ကြိမ်ပြည့်သွားတာနဲ့သုံးကြိမ်မြောက်မှာတော့မဖြစ်မနေဆိုင်ရာလိုင်စင်အလိုက်သက်ဆိုင်ရာရုံးထိကားမောင်းသွားပြီးသက်တမ်းတိုးရမှာပါ။
အဲ့လို တစ်ခါမူလရုံး သက်တမ်းတိုးပြီးတာနဲ့ စောစောကလို အခြားနေရာမှာ နှစ်ကြိမ်ပြန်ရပြန်ရော ဒီတော့ နှစ်ကြိမ်အခြားတိုးပြီးတိုင်း တစ်ကြိမ်မူလရုံးတိုးပေါ့ နှစ်တစ် နှစ်တစ်ပေါ့ဗျာ။ဒီတော့ နှစ်ကြိမ်တိတိ မိမိကြိုက်နှစ်သက်ရာမှာ သက်တမ်းတိုးထားတဲ့ကားပိုင်ရှင်များ တတိယအကြိမ်ဆိုရင်တော့ မူလရုံးမှာပဲ သက်တမ်းတိုးရမှာဆိုတာ ကြိုတင်ပြောပြလိုက်ပါတယ်ခင်ဗျာ။
Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ