သင့်ကားမှာ လူဘယ်နှစ်ယောက်စီးဖို့ ခွင့်ပြုထားပါသလဲ


သင့်ကားမှာ လူဘယ်နှစ်ယောက်စီးဖို့ ခွင့်ပြုထားပါသလဲ

ဒီနေ့ဗဟုသုတလေးမျှဝေပေးချင်တာကတော့ ကျွန်တော်တို့ကားတွေမှာလူဦးရေဘယ်နှစ်ယာက် စီးခွင့်ပြုထားသလဲဆိုတဲ့အကြောင်းအရာလေးပါ။

မည်သည့်အကြောင်းအရာနဲ့မှသက်ဆိုင်စေခြင်းမဟုတ်ဘဲ သိစေလိုသောသဘောနဲ့ ဗဟုသုတမျှဝေပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် ဝှီးတက်ပေါ့ဗျာ အဲ့ဒီဝှီးတက်ရဲ့နောက်ကြောလေးကို တစ်ချက်လေ့လာပေးပါခင်ဗျ အဲ့ဒီမှာ ယာဉ်နှင့်ကုန်အလေးချိန်ဆိုတဲ့စာသားလေးတွေ့ရပါလိမ့်မယ်။ ဆက်ကြည့်ပါအုံးဗျာ ပုံထဲကလို ဘယ်လောက် kg+ ဘယ်လောက် p ဆိုတာလေးထဲတွေ့ရပါလိမ့်မယ်။

ပုံထဲက ညာဘက်ဝှီးတက်ကိုတချက်ကြည့်ပေးဗျ အနီရောင်လေးနဲ့ ဝိုက်ပြထားတာ 1230 kg + 10P တဲ့ အဲ့ဒီမှာ 10P ဆိုတာဟာ 10 People လို့ဆိုလိုတာပါ ဒါဆို ၁၀ ယောက်ပေါ့။ ယာဉ်မောင်းအပြင် ဆယ်ယောက်ပေါ့ဗျာ။ ကဲ ဒီဘက်က ဝိုက်ထားတာလေးဆက်ကြည့်ရအောင် 4P တဲ့ ဒါဆို လေးယောက်ပေါ့။ ယာဉ်မောင်အပြင် တင်ဆောင်နိုင်သောသူ လေးယောက်ပေါ့ဗျာ။

ကဲ အဲ့ဒီလိုပြောတော့ အခြားကားတွေကပြောကြတော့မယ် ဥပမာ လိုက်ထရက်တွေ ဟိုက်ဂျက်တွေ ကန်တာတွေပေါ့။ ကျွန်တော်တို့ကားမှာက ဘာ P ညာ P မပါဘူး။ ဒါဆို လူမစီးရတော့ဘူးလားဗျ လို့ပေါ့။ kg + kg ဆိုရင် ကုန်ပဲတင်ခွင့်ပြုထားတာလေ။ ဒါပေမဲ့ အားမငယ်ပါနဲ့ မြန်မာပြည်တင်မဟုတ်ပါဘူး နိုင်ငံခြားမှာလည်း ဒီလိုပဲ ဟိုက်ဂျက်နောက်မှာ လူစီးတာပါပဲ။

Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 6206 times