၂၀၁၈ခုနှစ်ဂျပန်ပြည်တွင်းဈေးကွက်ကို ဘယ်ကားတွေကဦးဆောင်ခဲ့သလဲ



၂၁၀၈ခုနှစ်ရဲ့ ပထမ ၄ လပတ်တာမှာတော့ ကျွန်တော်တို့ရွှေမြန်မာတွေရဲ့အကြိုက် Toyota ကပဲ ဈေးကွက် ခွဲဝေရရှိမှုမှာ ကျဆင်းခဲ့ပေမယ့် ရောင်းအားအကောင်းဆုံးအမှတ်တံဆိပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်

ရောင်းအားအကောင်းဆုံးကား brand များ

(1)Toyota

(2)Honda

(3)Suzuki

(4)Nissan

(5)Daihatsu

(6)Mazada

(7)Subaru

(8)Mitsubishi

(9)Isuzu

(10)Hino

Nissan Note ကတော့ ဂျပန်နိုင်ငံရဲ့ရောင်းအားအကောင်းဆုံးကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ပထမ ၆ လပတ်တာနဲ့တွက်မယ်ဆိုရင်တော့ ဂျန်ပန်နိုင်ငံရဲ့ကားသစ်ဈေးကွက်ရောင်းအားစုစုပေါင်းက ၂.၇သန်းလောက် ဖြစ်သွားခဲ့ပါတယ်။ ဒီအနေအထားမှာတော့ Toyota အနေနဲ့အခြားသော ဂျပန်ကားအမှတ်တံ ဆိပ်တွေထံကို ရောင်းအားစုစုပေါင်းရဲ့ ၉ ရာခိုင်နှုန်းလောက်ခွဲဝေပေးခဲ့ရတာလည်း ပါဝင်မှာဖြစ်ပါတယ်။

ရောင်းအားအကောင်းဆုံးကား Model များ

(1)Nissan-Note

(2)Toyota-Aqua

(3)Toyota-Prius

(4)Nissan-Serena

(5)Honda-Fit

(6)Toyota-Voxy

(7)Toyota-Sienta

(8)Toyota-Rumi

(9)Freed-Honda

(10)Toyota-Vitz

Mini ကဏ္ဍမှာတော့ Honda N-Box ကယခင်နှစ်ထက်စာရင် ရောင်းအားတော်တော်လေးတက်လာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

ရောင်းအားအကောင်းဆုံးကား Mini ကားများ

(1)Honda-N-BOX

(2)Suzuki-Spacia

(3)Daihatsu-Move

(4)Daihatsu-Tant

(5)Nissan-Days

(6)Suzuki-Wagon R

(7)Daihatsu-Mira

(8)Suzuki-Alto

(9)Honda-N-WGN

(10)Suzuki-Hustler

ကားလောကရဲ့အခေါ်အဝေါ်ဖြစ်တဲ့ ကနဦးလိုင်စင်ယူရာမှာလည်း အစီးရေ ၂.၇သန်းလောက်သာရှိခဲ့ပြီး ယခင်နှစ်ကနဲ့နှိုင်းယှဉ်ပါက ၁.၂ ရာခိုင် နှုန်းလောက်အထိကို ကျဆင်းသွားခဲ့ပါတယ်။ အဆိုပါအရေအတွက်က အိမ်စီးကားသက်သက်မဟုတ်ပဲ ခရီးသည်တင်၊ လုပ်ငန်းသုံးနဲ့ ဘတ်စ်ကားတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Automobile Directory

Ref;Best Selling Car.com

Readmore;ရေထိုးသွင်းခြင်း (Water Injection) ကနေ အင်ဂျင်ပါဝါမြင့်လာမယ်ဆိုတာ

Read 1008 times