တွေ့ကြုံရတဲ့ Injector ဂျီးပိတ်ခြင်းများ


EFI စနစ်တွေမှာဆီဖြန်းဖို့အတွက် injector ကိုအသုံးပြုရပါတယ်။ အဲတာတွေကို ECU လို့ခေါ်တဲ့ကွန်ပျူတာကထိန်းချုပ်ထားပါတယ်။

Injector ဆိုတာ ဆီကိုအင်ဂျင်မီးလောင်ခန်းအတွင်း (combustion chamber) ထဲဖျန်းပေးတဲ့ပစွည်းလေးဖြစ်ပါတယ်။ ကွန်ပျူတာကတိုက်ရိုက်ထိန်းချုပ်တဲ့ ဗားလေးပဲဖြစ်ပါတယ်။ ဖြန်းပေးတဲ့ဓာတ်ဆီကို လေနဲ့ကောင်းမွန်စွာရောစပ်ဖို့အတွက် အမှုန်လေးတွေဖြစ်အောင်၊ သတ်မှတ်ထားတဲ့ဆီဖျန်းပုံစံ ထွက်အောင်လုပ်ပေးတာ injector ပါ။

Mass air flow sensor ၊ Absolute pressure sensor ၊ Throttle position sensor ၊ O2 sensor ၊ Coolant temperature sensor စတဲ့ sensor တွေမှရလာတဲ့ အချက်အလက်တွေကို ECU မှကြည့်ပြီး ဆီဘယ်လောက်ပေးရမလဲဆိုတာဆုံးဖြတ်ပေးပါတယ်။ ဒီလိုနည်းလမ်းတွေအသုံးပြုလို့ ဆီစားနှုန်းသက်သာစေတာ၊ အင်ဂျင်စွမ်းဆောင်ရည်ကောင်းစေတာ၊ အိတ်ဇောထုပ်လုပ်မှုလျော့စေတာ စတဲ့ကောင်းကျိုးတွေရှိပါတယ်။ အဲဒီလိုကောင်းကျိုးတွေဖြစ်စေတဲ့ EFI စနစ်ကိုအနှောက်အယှက်ပေးတဲ့ အကြောင်းအရင်းတွေတော့ရှိပါတယ်။ အဲတာတွေကတော့ မသန့်ရှင်းတဲ့ဆီတေနဲ့ဂျီးပိတ်စေတာပါပဲ။ဟုတ်ပါတယ် မသန့်ရှင်းတဲ့ဆီတွေက injector ထိပ်မှာရှိနေတဲ့ nozzle အပေါက်ကျဉ်းကျဉ်းလေးကိုပိတ်စေပြီး ဆီဖျန်းတဲ့ပုံစံမမှန်တာ၊ ဆီလုံးဝမဖျန်းနိုင်တော့တဲ့အထိဖြစ်ပါတယ်။

Electronic fuel injection (EFI) system ကိုကားတိုင်းလိုလို အသုံးပြုကြပါတယ်။ အီလက်ထရောနစ်ထိန်းချုပ်နည်းလမ်းနဲ့ ဓာတ်ဆီတွေကိုအင်ဂျင်ထဲ ဖြန်းထည့်ပေးတဲ့စနစ်ဖြစ်ပါတယ်။

အဲဒီတော့ဘာတွေဖြစ်နိုင်သလဲ....

ကားအဆွဲအရုန်းသိသိသာသာကျဆင်းစေပါတယ်၊ ကားနိုးရတာခက်စေတယ်၊ စလိုးမငြိမ်ဘူး၊ ဆီစားနှုန်းပိုစေပါတယ်၊ ကာဗွန်ဂျိုးတွေဖြစ်စေပါတယ်၊ မီးသံခေါက်စေပါတယ်။

Injector ဂျီးမပိတ်အောင်ဘာတွေလုပ်ရမလဲ.......

ဆီသန့်တဲ့ဆိုင်မှာပေးဆီထည့်ဖို့လိုပါတယ်၊ ဆီစစ်ကိုစစ်ဆေးပြီးလိုအပ်လျင်လဲရပါမယ်၊ Injector ကိုဆေးကြောရပါမယ်၊ ပုံမှန် Injector တစ်လုံးနဲ့တစ်လုံး ဆီဖျန်းနှုန်းမမှန်လျင်အသစ်လဲလှယ်ပေးရပါမယ်။

ကျွန်တော်တို့နိုင်ငံမှာ ဆီမသန့်တဲ့ပြသနာကြောင့် မကြာခဏဆိုသလို Fuel filter ၊ Injector ၊ Spark plug စတဲ့အစိတ်အပိုင်းတွေကိုဒုက္ခလှလှပေးတတ်ပါတယ်။

Credit;Original Writer

Read 3522 times