Honda Airwave


Honda ရဲ့ ရှားပါးလှတဲ့ station wagon စီးရီးထဲမှာ လူကြိုက်များပြီး လှပတဲ့ Airwave ဆိုတဲ့ ကားလေးအကြောင်းပြောချင်ပါတယ်။ ဟွန်ဒါက တစ်ချိန်တည်း တစ်ပြိုင်တည်း Partner နဲ့ Airwave ဆိုတဲ့ station wagon မော်ဒယ်နှစ်မျိုးကို ဈေးကွက်တင်ခဲ့ပါတယ်။

မျိုးဆက်အနေနဲ့ အပြောင်းအလဲ မလုပ်ခဲ့ပဲ ရုပ်ပြောင်းအနေနဲ့သာထုတ်လုပ်ခဲ့ပါတယ်။ Honda City ရဲ့ ကျောရိုးကို အခြေခံခဲ့ပြီး Honda Fit ( first generation) ရဲ့ အတွင်းခန်းနဲ့ ဆင်တူတဲ့ Partner ကို စတင်မိတ်ဆက်ပြီး မကြာခင်မှာ Airwave ကို မိတ်ဆက်ခဲ့တာပါ။ စတင်မိတ်ဆက်ပြီး ဈေးကွက် တင်ပို့ချိန်ဟာ ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းမှာစတင်ပါတယ်။ အာရှမှာ ရောင်းအား အရမ်းကောင်းခဲ့ပြီး လူကြိုက်များ လှတဲ့ကား အမျိုးအစားဆိုမမှားပါဘူး။ အဓိက တင်ပို့ခဲ့တဲ့ အာရှ နိုင်ငံတွေကတော့ ဟောင်ကောင် ၊ စင်ကာပူ ၊ ပါကစ်စတန် ၊ နယူဇီလန် တို့ဖြစ်ပါတယ်။ စစထုတ်ခြင်းမှာရောင်းအား ကောင်းလွန်းခဲ့ပေမယ့် ၊ နှစ်စဉ်နှစ်တိုင်း ရောင်းအား ကျဆင်းလာတဲ့အတွက် ၂၀၁၀ မှာတော့ ဆက်မထုတ်တော့ပဲရပ်ပစ်ခဲ့ပါတယ်။

နားလည်ရလွယ်အောင် နှိုင်းယှဉ်ပြောရရင်ဖြင့် မြန်မာပြည်မှာ အသုံးပြုမှုတွင်ကျယ်လှတဲ့ Probox နဲ့ Succeed လိုပါပဲ။ Partner ဟာ Probox လိုမျိုး commercial station wagon ပုံစံ အတွင်းပစ္စည်း ပါဝင်မှုကို သိပ်အလေးမထားပဲ နောက်ခန်းကို cargo ဖြစ်အောင် ထိုင်ခုံရဲ့ ရှိသင့်တဲ့ အမြင့်ထက်လျော့ချထားပါတယ်။ ဒါမှလည်း ဆိုဒ်ကြီးကြီး ပစ္စည်းတွေ အလွယ်တကူ သယ်ယူပို့ဆောင်ဖို့ ရည်ရွယ်ထားတာပါ။ Airwave ကတော့ Succeed လိုမျိုး station wagon အစစ်လို့ ပြောနိုင်ပါတယ်။ သူကတော့ ရှေ့နောက် လူစီးနင်းလိုက်ပါဖို့ အဆင်ပြေအောင် သင့်တော်တဲ့ ထိုင်ခုံအနေအထားနဲ့ အတွင်းခန်းပါဝင်ပစ္စည်းတွေမှာ ပြည့်စုံအောင် ထည့်ပေးထားပါတယ်။

အဓိက လိုအပ်ချက်တွေဖြစ်တဲ့ Power Window, Back Wiper, back mirror motor စတာတွေဟာ အပြည့်အဝပါဝင်လာလေ့ရှိပါတယ်။ Airwave ရဲ့ အဓိက အားသာချက်က Honda ရဲ့ အကောင်းမွန်ဆုံး နည်းစနစ်တွေကို ပေါင်းစပ်ပေးထားခြင်းပါပဲ။ City ရဲ့ လှပတဲ့ ရုပ်ထွက် ၊ fit/jazz ရဲ့ အတွင်းခန်း ၊ အမြင့်ဆုံး အင်ဂျင်နည်းပညာ i-VTEC နဲ့ CVT တို့ပါဝင်လာခြင်းပါပဲ။ အဓိက အရေးကြီးဆုံး အင်ဂျင်မှာတော့ 1.5L L15A VTEC I4 အင်ဂျင်ရဲ့ စွမ်းရည်ထုတ်နိုင်စွမ်းကတော့ 110 PS @ 5800 rpm ဖြစ်ပါတယ်။

Chassis အနေနဲ့ကတော့ 2WD ဆိုရင် DBA-GJ1 နဲ့လာပြီး 4WD ဆိုရင်တော့ DBA-GJ2 နဲ့လာပါတယ်။

2008 မှာစပြီးပုံပြောင်းပေမယ့် chassis တူပါတယ်။ အဓိက ရှေ့ရှဲလ် သုံးတန်းဖြစ်သွားတာက သိသာထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်ပြီး အတွင်းခန်းလည်းအပြောင်းအလဲ အနည်းငယ်ရှိပါတယ်။

2005 ကနေ 2007 အထိ ဂရိတ်အနေနဲ့ကတော့ နှစ်မျိုး ရှိပြီး မျိုးကွဲ ကတော့ ၆ မျိုးလောက် ရှိသွားပါတယ်။ G မှာ G ရိုးရိုး ၊ G 4WD ၊ G sky roof ဆိုပြီးရှိသလို ၊ L မှာလည်း L ၊ L 4WD နဲ့ L sky roof ဆိုပြီးလာတာပါ။ အဓိက G နဲ့ L ရဲ့ ကွာခြားချက်က aircon လက်လှည့်နဲ့ digital ဆိုရင် မမှားနိုင်သလို Airwave မှာတော့ CVT mode ပါကွာခြားပါတယ်။ L grade မှသာ CVT 7 speed mode စီယာရင်မှာ ပါဝင်လာမှာဖြစ်ပြီး G grade တွေမှာ ပါမှာမဟုတ်ပါဘူး။

2008 ကနေ 2010 အတွင်းမှာတော့ ဂရိတ်ကွဲ ၃ မျိုးနဲ့ ထုတ်ပါတယ်။ ထူးခြားသွားတာကတော့ ဂရိတ်တိုင်းဟာ digital aircon, black mirror , keyless entry ပါလာပါတယ်။ ဂရိတ်အနေနဲ့ M grade , MS package နဲ့ ST grade တို့ဆိုပြီး ရနိုင်ပါတယ်။MS နဲ့ ST မှာ အဓိက ကွဲလွဲချက်က sky roof( ST မှာပါဝင်) ဖြစ်ပြီး ဂရိတ် နှစ်မျိုးလုံးမှာ CVT 7 speed ကတော့ တူကြပါတယ်။ ဂရိတ် ၃ မျိုး လုံးမှာ 4WD ရနိုင်ပြီး အရောင်ကတော့ ၈ မျိုးလောက်ထိ ရှိပါတယ်။

ကားရဲ့ အတိုင်းအတာတွေကတော့

Wheel base = 2550 mm

Length = 4350 mm

Width = 1695 mm

Height = 1530 mm

Weight = 1160 kg

Turning radius = 5.1 m ဖြစ်ပြီး ကားပါကင် နဲ့ ဆံ့မဆံ့ချိန်ဆဖို့ အဆင်ပြေစေမှာပါ။ ဒီလောက်ဆိုရင်တော့ Honda Airwave ရဲ့ အကြောင်းတစေ့တစောင်း သိရှိလောက်ပါပြီ။

Credit;Original Writer

Read 2530 times