Honda Fit ၏ ချက်စီမော်ဒယ်ကုတ်များအကြောင်း


Honda Fit မှာ မျိုးဆက်သုံးဆက်ရှိပြီးဘယ်မျိုးဆက်မှာဘယ်ဂရိတ်များ၊ ကာလများ၊ function များပါတယ်ဆိုတာကို ရှင်းပြစရာမလိုအောင်အားလုံးသိပြီးသားဖြစ်မှာပါ။သို့သော် Honda Fit ၏ချက်စီမော်ဒယ်ကုတ်များဖြစ်သည့် GD ၊ GE ၊ GP ၊ GK အဓိပ္ပာယ်များကိုအောက်တွင် ဖော်ပြပေးပါမယ်။

Honda မှထုတ်သမျှကားအများစု၏ချက်စီမော်ဒယ်လ်ကုတ်များကို အင်္ဂလိပ်စာလုံး ၂ လုံးနှင့်အက္ခရာ ၁လုံးတွဲ ပေးလေ့ရှိပါတယ်။ Honda Fit ကားများ၏ချက်စီမော်ဒယ်ကုတ်ကိုလဲ GD1 ၊ GE6 ၊ GP1 ၊ GK3 စသည်ဖြင့်အစဉ်လိုက်ပေးထားပါတယ်။ Honda Fit ပထမမျိုးဆက် ကားများ၏ချက်စီကုတ်ကို GD နှင့်ပေးထားပါတယ်။

G မှာ Generation ၏အတိုကောက်ဖြစ်ပြီး D မှာ Honda က Fit ကိုစတင်ထုတ်သည့်အချိန်မှာ Honda ၏အင်ဂျင်နည်းပညာတစ်ခုဖြစ်တဲ့ Dual and Sequential lgnition engine ကိုသုံးထားသောကြောင့် Dual ၏အစစာလုံး D ကိုယူသုံးပြီး GD ဆိုပြီးဖြစ်လာတာပါ။ပထမဆုံးမျိုးဆက် GD မှာ Honda ၏နာမည်ကြီး vtec engine ကိုနောက်ပိုင်းတွင်သုံးထားသော်လည်း GD ချက်စီကုတ်နှင့်သာဆက်သုံးစေပါတယ်။

ဒုတိယမျိုးဆက် GE မှာအားလုံးသိပြီးဖြစ်၍ လူကြိုက်များတဲ့ မော်ဒယ်တစ်ခုအဖြစ်ကျော်ကြားခဲ့ပါတယ်။G မှာ Generation ၏အတိုကောက်ဖြစ်ပြီး E စာလုံးမှာပထမမျိုးဆက် GD ၏လိုအပ်ချက်များကိုထပ်ဖြည့်ထားသည့် မော်ဒယ်တစ်ခုဖြစ်ပြီး Enhance ၏အစ E ကိုယူကာ GE ဟုသုံးစွဲလိုက်တာပါ။ GE မျိုးဆက်အပြီးမှာ Honda အင်ဂျင်နီယာများမှာ Honda Fit ကိုအခြား Hybrid ကားများကဲ့သို့လုပ်ချင်သည်နှင့် GE မျိုးဆက်ကိုလျှပ်စစ်မော်တာတပ်လာပါတယ်။ ချက်စီကုတ်ကိုတော့ GP ဆိုပြီးပြောင်းလဲပစ်လိုက်ပါတယ်။ P မှာ hybrid နည်းပညာနှင့်ကား၏လိုအပ်နေသည့် Power ကိုထုတ်ပေးခြင်းပါ။

တတိယမျိုးဆက်မှာအားလုံးငေးကြည့်ရသည့် GK ဖြစ်ပါတယ်။ ပထမမျိုးဆက်ဒုတိယမျိုးဆက်များနှင့်လုံးဝမတူပဲအတော်များများနည်းပညာအသစ်များထုတ်သုံးထားပါတယ်။ ယင်းမျိုးဆက်တွင် Honda က Earth Dream ဆိုသည့်အင်ဂျင်အသစ်တစ်မျိုး ထုတ်သုံးခဲ့ပါတယ်။ K မှာ Earth Dream ၏ကုတ်နာမည်ကိုဆိုလိုခြင်းဖြစ်ပြီး GK ဆိုပြီးဖြစ်ပေါ်လာတာပါ။

 

Read 2205 times