ဂီယာဘောက်စ် ကပေးတဲ့သင်ခန်းစာ


Toyota Kluger လေးတစ်စီးအကြောင်းပြောပြချင်ပါတယ်။ ဖြစ်ပုံကတော့ဂီယာဘောက်အတွင်းမှာတက်တက်နဲ့မြည်နေပြီးဂီယာအကုန်မချိန်းတာပါ။တစ်ခြား Auto Service မှာပြကြည့်တော့ဂီယာဘောက်လဲရမယ်ဆိုလို့အကိုတို့ဆိုင်လာပြကြည့်တာဆိုပြီးပြောပါတယ်။

ကျွန်တော်စမ်းကြည့်တော့ဟုတ်ပါတယ် ဂီယာနံပါတ် 3 အထိပဲတက်ပါတယ်။ ဂီယာဘောက်ထဲမှာလဲတက်တက်အသံမြည်နေပါတယ်။ ကဲ အဲ့ဒါနဲ့ဘောနက်ဖွင့် နတ်လေးကျပ်ပြီး ရပြီအကိုမောင်းစမ်းကြည့်ရအောင်ဆိုတော့ ကိုယ့်ဆရာကမယုံသလိုအကြည့်နဲ့မောင်းစမ်းကြည့်တော့ဂီယာဘောက်ထဲကအသံပျောက်ပြီးဂီယာ no 4 အထိချိန်းသွားပါတယ်။

ကားလည်းပေါ့ပြီးမောင်းလို့ကောင်းသွားပါတယ်။ ကျွန်တော်စိတ်တိုင်းကျစမ်းပြီး အကိုမောင်းစမ်းကြည့်ဗျာလို့ပြောပြီးစမ်းခိုင်းလိုက်တော့ ဟာ!ကားကကောင်းသွားပြီပဲ အတော်ပေါ့သွားတယ် ကျွန်တော်ဖြင့်ဂီယာဘောက်ချရတော့မယ်ထင်နေတာ ကျေးဇူးပါအကိုရေ ဒါနဲ့ဘယ်လိုလုပ်လိုက်တာလဲဗျာပြောပါအုံးတဲ့။

အကိုရေကျွန်တော်အရင်ကအကို့ကားလိုတစ်စီးကြုံဖူးတယ်။အဖြေမသိခင်တုန်းကတော့ခေါင်းပါမီးတောက်သွားတယ်ဗျာ။ဖြစ်ပုံကကားကကျွန်တော်တို့ဆီမှာပလပ်လာစစ်တာဗျ။ ကျွန်တော်စမ်းမောင်းကြည့်တော့အကို့ကားလိုပဲ ကားကမဆွဲဘူး ဂီယာလဲနံပါတ် 3 အထိပဲချိန်းတာ ကျွန်တော်လဲဂီယာဘောက်ကလို့ထင်တာ။

ကားကို lift စင်ပေါ်တင်ပြီးစက်နှိုးကြည့်တော့ဂီးယာဘောက်ထဲကတက်တက်နဲ့ကြားရတယ်။အဲ့ဒါနဲ့ဂီယာဘောက်လဲရဖို့များနေပြီ သေချာစစ်ကြည့်အုံးမှဆိုပြီးစစ်ကြည့်တော့ဂီယာဘောက်အပြစ်မဟုတ်ပြန်ဘူး။ကျွန်တော်စဉ်းစားမိတာက ဂီယာဘောက်မကောင်းဘူးဆိုရင်ဂီယာဆောင့်တယ် ဂီယာချိန်းနှေးမယ် အသံအော်မယ် ဂီယာfree ဖြစ်သွားမယ်။ သည်ကားမှာကဂီယာနံပါတ် 4 အထိပဲမချိန်းတာပဲရှိတယ် ကျန်တာအကုန်ကောင်းတယ်။ ဂီယာမချိန်းတဲ့အကြောင်းကိုစဉ်းစားကြည့်တော့ auto oil level မမှန်တာauto oil အရမ်းညစ်နေတာ valve တွေကောင်းကောင်းအလုပ်မလုပ်တာ လေတံခါး sensor တွေမမှန်ရင်ဖြစ်တတ်လို့ကျွန်တော်လဲအရင်ဆုံး auto oil level စစ်ကြည့်တော့လဲမှန်တယ်။

auto oil လဲကောင်းတယ်။နောက်ဆီကန်ခွာပြီး valve တွေစစ်ကြည့်တော့လဲကောင်းတယ်။ နောက်လေတံခါးစစ်ကြည့်တော့လဲကောင်းနေပြန်တယ်။ စက်နဲထိုးစစ်ကြည့်တော့လဲဘာကုဒ်မှမပြဘူး။အဲ့ဒါနဲ့စက်ထိုးမောင်းစမ်းကြည့်တော့လဲဂီယာနံပါတ် 3 အထိပဲရောက်တယ်။လေတံခါး sensor ဖတ်ကြည့်တော့ voltage ကတော့သိပ်မမှန်ချင်ဘူး။ဆိုင်ရောက်တော့သေချာအောင်လေတံခါးလဲစမ်းပြီးမောင်းကြည့်တော့လဲအခြေနေကမထူးဗျ။လေတံခါး sensor က pin တွေတိုင်းကြည့်တော့လဲကောင်းနေပြန်တယ်။ထူးခြားတာကခါတိုင်းသော့ဖွင့်လိုက်ရင်ဂီယာဘောက်ထဲအသံမြည်နေရာက pin data တွေတိုင်းဖို့လေတံခါး socket ဖြုတ်လိုက်တော့အသံပျောက်သွားတယ်။

အဖြေကတော့နီးလာပြီ။လေတံခါးမှာအပြစ်ရှိဖို့များနေပြီ။နောက်ထပ်လေတံခါးတလုံးသွားယူတပ်ပြီးစမ်းကြည့်တော့အသံလဲပျောက်ပြီးဂီယာနံပါတ် 4 အထိချိန်းသွားတယ်။ပျော်ပြီပေါ့။သိပ်မကြာပါဘူး မီးပွိုင့်မိလို့ခဏရပ်ပြီးပြန်မောင်းတော့နံပါတ် 3 အထိပဲချိန်းတော့တယ်။သည်တစ်ခါတော့ပျော်နေတာလေးပျောက်ပြီးချွေးပြန်လာပါတယ်။ဆိုင်ပြန်ရောက်တော့ နေပါအုံးကွာဂီယာဘောက်ကမဖြစ်နိုင်ပါဘူးသေချာကြည့်ပါအုံးမယ်ဆိုပြီး ကြံရာမရ ဘောနပ်လှန်ပြီး socket ကြိုးတွေပြန်စစ်ကြည့်တော့တရားခံကိုတွေ့သွားပါတယ်။

inlet manifold မှာတပ်ထားတဲ့အပ်ကြိုးခေါင်းလေးမကျပ်ထားတာအကိုရေ....သေချာကျပ်ပြီးမောင်းစမ်းကြည့်တော့အားလုံးok ပဲဗျာ။အဲဒီအဖြစ်ကြောင့်အကို့ကားကို၁မိနစ်မကြာပဲပြင်နိုင်လိုက်တာအကိုရေ။ရှေ့ကားကသင်းခန်းစာပေးသွားတာ မဟုတ်ရင်အကို့ကားလဲတိုင်ပတ်နေအုန်းမှာဗျ လို့ပြန်ပြောပြတော့တော်သေးတာပေါ့ဆိုပြီးသဘောတွေကျနေပါတယ်။

Credit; Original uploader

Read 3424 times