အင်ဂျင်ဝိုင် အစားများနေပြီးလား


ကားအင်ဂျင်စက်တစ်လုံး ကောင်းကောင်းလည်ပတ်နိုင်ဖို့ အင်ဂျင်ဝိုင်ချောဆီထောက်ပံ့ပေးရေးဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ စက် မနိုးခင် အင်ဂျင်ဝိုင်တိုင်းလေ့ရှိပါတယ်။

ဆီ Level စစ်ကြည့်မှ အင်ဂျင်ဝိုင် စား၊ မစား၊ လျော့၊ မလျော့သိနိုင်ပါတယ်။ အင်ဂျင်အစိတ်အပိုင်းတွေ ချောချော မွေ့မွေ့လည်ပတ်ဖို့ ချောဆီလိုအပ်ပါတယ်။ အင်ဂျင်အတွင်းပိုင်း အအေးခံဖို့၊ သံထည်ပစ္စည်းတွေ သံချေးမ တက်အောင် ကာကွယ်ဖို့ အင်ဂျင် Compression ဖိအားလုံစေဖို့ စတဲ့ တာဝန်တွေကိုလည်း အင်ဂျင်ဝိုင်က လုပ်ပေးပါတယ်။

အင်ဂျင်ဝိုင်ခမ်းတာ၊ လျော့နည်း နေတာ၊ အင်ဂျင်ဝိုင်စားနေတဲ့ပြဿနာ မျိုးကို ကားဆရာတိုင်း၊ ကားပိုင်ရှင် တိုင်း၊ တွေ့ကြုံရပါတယ်။ သာမန် အင်ဂျင်ဝိုင်ခမ်းတာမျိုးမဟုတ်ဘဲ ထူး ထူးခြားခြား အင်ဂျင်ဝိုင်တွေလျော့နေ တယ်ဆိုရင်တော့ ပြဿနာတစ်ခုခု ရှိနေလို့ပါဘဲ။ အင်ဂျင်ဝိုင်အကုန်မြန် နေတာ၊ အင်ဂျင်ဝိုင်စားနေတာဟာ အန္တရာယ်ရှိပါတယ်။ နေ့စဉ်အင်ဂျင် ဝိုင်တိုင်းကြည့်နေရပြီး လိုနေတာထပ် ဖြည့်ပေးနေရတယ်။ နေ့စဉ်ငွေယို ပေါက်တစ်ခုဖြစ်နေတယ်။ အလုပ်လဲ ရှုပ်တယ်။ ဘာကြောင့် အင်ဂျင်ဝိုင် တွေလျော့သွားတာလဲ။ အင်ဂျင်ကျပြီး အင်ဂျင်ဝိုင်တွေစားနေပြီလား အင်ဂျင် က စက်ဆီတွေယိုကျနေပြီလား။ စစ် ဆေးဖို့လိုပါတယ်။

အင်ဂျင်တစ်လုံးမှာ အင်ဂျင်ဝိုင် အစားများနေရတဲ့အကြောင်းရင်းတွေ ရှိပါတယ်။ အင်ဂျင်Head ထဲမှာရှိတဲ့ အဝင်၊ အထွက် Valve တွေမှာ ဗား ဆီးလ်၊ ဗားဂိုက်တွေစားပြီး ချောင်နေ ရင် ဒီကြားထဲက အင်ဂျင်ဝိုင်တွေယို စိမ့်ပြီး အင်ဂျင်မီးလောင်ပေါက်ကွဲတဲ့ အခါမှာ ရောပြီးဆုံးရှုံးသွားပါတယ်။ အင်ဂျင် Head ထဲမှာ Valve နဲ့Exhaust Valve တွေကို ဗားဂိုက်ထဲမှာ အံကျ၊ အကျပ်ထည့်ထားပါတယ်။ ဗားတွေပွင့်လိုက်၊ ပိတ် လိုက်၊ အပေါ်၊ အောက်ရွေ့လျားပါ တယ်။ ဒါကို Valve Train က ဆောင် ရွက်ပါတယ်။

Cam Shaft တွေ Valve တွေ လည်ပတ်ကစားတဲ့အချိန်မှာ ပွန်းစားမှုတွေသက်သာအောင် ချောဆီစနစ်က အင်ဂျင်ဝိုင်တွေရောက် အောင် တွန်းပို့ပေးပါတယ်။ Valve Mechanism အစုအဖွဲ့မှာ အင်ဂျင်ဝိုင် တွေ လည်ပတ်နေပေမဲ့ ဒီချောဆီတွေ အင်ဂျင်ပေါက်လောင်ခန်းထဲရောက်မ သွားအောင် ဗားဆီးလ်က တားဆီး ပေးပါတယ်။ ဆလင်ဒါတစ်လုံးအ တွက် ဗား ၂ ချောင်း သို့မဟုတ် ဗား ၄ ချောင်းရှိတတ်ပါတယ်။

အင်ဂျင်သက်တမ်းကြာလာရင် ဗားဆီးလ် ဗားဂိုက်တွေစားပြီး ချောင်သွားနိုင်ပါ တယ်။ ချောင်နေတဲ့ လွှတ်နေတဲ့နေ ရာက အင်ဂျင်ဝိုင်တွေ ဆီယိုအပေါက် ရှာပြီး ထွက်လာတာပါ။ နောက်တစ်မျိုးက အင်ဂျင်အတွင်းပိုင်းက Piston နဲ့ စလစ် ဆလင် ဒါကြားမှာ ဆီပုံ၊ လေပုံဖြစ်နေအောင် Ring ကွင်းတွေ တပ်ဆင်ထားပါတယ်။ ပစ္စတင်တစ်လုံးမှာ Compression Ring နဲ့ Oil Ring ဆိုပြီး ရိန်းကွင်းတွေ ၃ ကွင်း၊ ၄ ကွင်းတပ်ဆင်ထားပါတယ်။ အင်ဂျင်လည်ပတ်အလုပ်လုပ်တဲ့အချိန်မှာ ပစ္စတင်တစ်လုံးဟာ ဆလင်ဒါစလစ်ထဲမှာ အပေါ်၊ အောက် ရွေ့လျားပါတယ်။

ဆလင်ဒါနဲ့ ပစ္စတင် ကြားမှာ ပစ္စတင်ရိန်းကွင်းက စလစ်နံ ရံတွေမှာရှိတဲ့ အင်ဂျင်ဝိုင်တွေကို ခြစ်ချပေးရပါတယ်။ အင်ဂျင်သက်တမ်း ကြာလာရင် ဆလင်ဒါစလစ်နံရံတွေ ရော၊ ပစ္စတင်ရိန်းကွင်းတွေပါ ပွန်းစား ချောင်သွားပါတယ်။ ရိန်းကွင်းတွေမလုံ ရင် ဒီကြားထဲက အင်ဂျင်ဝိုင်တွေ အပေါ်တတ်ပါတယ်။ အင်ဂျင်ပေါက် ကွဲလောင်ကျွမ်းတိုင်း အင်ဂျင်ဝိုင်ချော ဆီတွေပါ မီးလောင်ပါတယ်။

နောက်ထပ်ဖြစ်နိုင်တဲ့ ချွတ်ယွင်း ချက်တစ်ခုက ပစ္စတင်ရိန်းကွင်းတွေ တပ်ဆင်တဲ့ပုံစံမမှန်ရင်လည်း အင်ဂျင် ဝိုင်စားနိုင်ပါတယ်။ အင်ဂျင်သက်တမ်း ကြာနေပြီဖြစ်လို့ အင်ဂျင်ဝိုင်စားတာ များနေပြီး ဆီမီးခိုးတွေလည်း ထွက် တာများနေရင်တော့ အင်ဂျင်ချပြီး အ ကြီးစားပြုပြင်ရပါတော့မယ်။ အင်ဂျင်ဝိုင်လျော့နည်းစေတဲ့ အ ခြားအကြောင်းတစ်ခုကတော့ အင်ဂျင်ဝိုင်တွေ ယိုစိမ့်နေခြင်းဘဲ။

ကားပါကင်ထိုးတဲ့နေရာ ကားသိမ်းတဲ့ဂိုဒေါင်၊ ကြမ်းပြင်မှာအင်ဂျင်ဝိုင်ဆီကွက်တွေ၊ ဆီယိုနေတာတွေ၊ စစ်ဆေးကြည့်ပါ။ ဆီကွက်တွေရှိနေရင်တော့ ဆီယိုတာ သေချာပါတယ်။ အင်ဂျင်တစ်လုံးမှာ ဘယ်နေရာတွေက အင်ဂျင်ဝိုင်တွေယို စိမ့်နိုင်သလဲ။အင်ဂျင်ဘလောက်တုံး အောက်ကခံထားတဲ့ ဆီခွက်ကို က ရန့်ကေ့စ် (Crank Care) လို့ခေါ်ပါ တယ်။ အင်ဂျင်ဘလောက်တုံးနဲ့ ကရန့် ကေ့စ်ကြားမှာ ဆီလုံအောင် ပါကင် ပြားခံထားပါတယ်။ ပါကင်ဆီးလ်မလုံ ရင် ဒီကြားထဲက ဆီယိုနိုင်ပါတယ်။

အင်ဂျင် Head အပေါ်အဖုံးကို Cam Shaft က ဘာနဲ့ဖုံးပါတယ်။ ဒီကြား ထဲမှာလည်း ဆီးလ်ရှိပါတယ်။ ပါကင် ဆီးလ်မလုံရင် ဆီယိုနိုင်ပါမယ်။ အင်ဂျင်တစ်လုံးမှာ မိန်းဝိုင်းဆီးလ် (Oil Seal) တွေစားပြီး ချောင်လာရင် ဒီ ကြားထဲက ဆီယိုနိုင်ပါတယ်။နောက်ထပ် ဆီယိုနိုင်တဲ့နေရာတွေကတော့ အင်ဂျင်ဝိုင် Filter ဘူးအထိုင်နဲ့ Vacuum Pump ဆီပိုက်လိုင်းတွေဖြစ် ပါတယ်။ ဆီယိုနိုင်တဲ့နေရာအားလုံး ကို စစ်ဆေးပါ။ ဒါတွေကို ကုစားဖို့ ကျွမ်းကျင်တဲ့ဝပ်ရှော့ပ်စက်ဆရာတစ်ဦးနဲ့ တိုင်ပင်ဆွေးနွေးပါ။

အင်ဂျင်ကျလို့ အင်ဂျင်ဝိုင် စားတာများတယ်ဆိုရင်တော့ အင်ဂျင် ချပြီး စစ်ဆေးဖို့လိုပါတယ်။ အင်ဂျင် ဖွင့်ပြီး အကြီးစားပြုပြင်ဖို့ အသေးစိတ် တိုင်းတာစစ်ဆေးရပါတယ်။အင်ဂျင် Head နဲ့ ဂတ်စ်ကတ်စစ်ပါ။ ဗားတွေရဲ့အခြေအနေကို စစ် ဆေးပါ။ အင်ဂျင် Head တွေဘဲ သီး သန့်ပြင်ပါတယ်။ ဗားတွေပြန်ပြီးအထိုင်ချရပါတယ်။ ဗားဆီးလ်၊ ဗားဂိုက် အသစ်ပြန်ရိုက်ရပါတယ်။ အင်ဂျင်အကြီးစားပြင်ဆင်တာ ဟာ ငွေအကုန်အကျများပါတယ်။ သေချာတဲ့စစ်ဆေးမှုတွေလုပ်ရပါတယ်။

Credit : Original Writer

Read 3618 times