ယာဉ်မောင်းလိုင်စင်ပျောက်သွားခဲ့ရင် ဒီလိုပြန်လျှောက်ပါ


သင်ကိုင်ထားတဲ့ယာဉ်မောင်းလိုင်စင် ပျောက်ဆုံးသွားတယ်ဆိုရင် ဘာမှစိတ်ပူမနေနဲ့ ဒီလိုလေးပြန်လျှောက် ဒီနေ့လျှောက် ဒီနေ့ပြန်ရတယ်။

မှတ်ပုံတင်မူးရင်ရယ် မိတ္ထူရယ် ယာဉ်ထိန်းထောက်ခံစာရယ်ပဲလိုတာပါ။ အဲ့ဒီသုံးမျိုးစုံရင် ကညနမှာပြန်လျှောက် ပြန်ရပါတယ်။

တစ်ခုတော့ရှိတယ် ယာဉ်ထိန်းထောက်ခံစာဟာ မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်ပြောပြနိုင်မှ ထောက်ခံစာရေးလို့ရမှာမို့ မိမိပျောက်ဆုံးသွားတဲ့ယာဉ်မောင်းလိုင်စင်ရဲ့ နံပါတ်တော့မှတ်မိရမယ်နော် ရိုက်ထားတဲ့ပုံတွေ ကူးခဲ့ဖူးတဲ့မိတ္ထူတွေရှိရင်အဲ့ထဲမှာပြန်ကြည့်ပါ။

မဟုတ်ဘူး ဘယ်လိုမှကိုမမှတ်မိတော့ဘူး ပြန်ကြည့်စရာလဲ ဘာမှမရှိဘူးဆိုခဲ့ရင်ဖြင့်လည်း စိတ်မပူပါနဲ့ ဒီလိုလေးလုပ်ပါ။

မှတ်ပုံတင်ယူသွားပြီး ကညနမှာ ကျွန်တော့်ယာဉ်မောင်းလိုင်စင်လေးပျောက်သွားတာ ပြန်လျှောက်ချင်လို့ နံပါတ်မမှတ်မိတော့လို့ နံပါတ်လေးသိချင်လို့ပါခင်ဗျာလို့ပြောပြီး အကူအညီတောင်း ရှာပေးပါတယ်။ နံပါတ်ရလာပါလိမ့်မယ်။

ကဲ ဘာအခက်အခဲရှိသေးလဲ အားလုံး OK နော်....

ကုန်ကျစရိတ် ပြောပြပေးပါ့မယ်....

ယာဉ်မောင်းလိုင်စင်အလိုက် ပျောက်ဆုံးသွားလို့ပြန်လျှောက်တဲ့အခါ ဒီလောက်ကုန်ပါတယ်။

"သ" ယာဉ်မောင်းလိုင်စင် ၃၀၀၀

"က-၁" ယာဉ်မောင်းလိုင်စင် ၅၀၀၀

"က" ယာဉ်မောင်းလိုင်စင် ၈၀၀၀

"ခ" ယာဉ်မောင်းလိုင်စင် ၃၀၀၀၀

"ဂ" ယာဉ်မောင်းလိုင်စင် ၃၀၀၀၀

"ဃ" ယာဉ်မောင်းလိုင်စင် ၃၀၀၀၀

"င" ယာဉ်မောင်းလိုင်စင် ၅၀၀၀၀

"ဌ" "ဟ"ယာဉ်မောင်းလိုင်စင် ၁၀၀၀၀

"စ" စပယ်ယာလိုင်စင် ၅၀၀၀

သက်တမ်းလွန်တာတွေ ဘာတွေညာတွေဆိုရင်တော့ သက်တမ်းလွန်ကြေးကသက်သက်ပါနော်။


Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 3511 times