"မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်နှင်ခွင့်ရှိသည်" ဟူသောစာတန်းမပါရှိတော့ခြင်းမှာ


"ကားဆရာခင်ဗျ ဆရာယာဉ်မောင်းလိုင်စင်က ထိုင်းတို့မလေးရှားတို့မှာလဲ မောင်းလို့ရတယ်ဗျ"ဟု ကျွန်တော်ကစကားလက်ဆောင်အပိုပေးလိုက်ရာ ဟာဟုတ်လားဟု ကားဆရာကအံသြစွာဆိုလေသည်။

ထိုသို့ကျွန်တော်ပြောမိတော့ ကားဆရာဘေးမှတစ်ယောက်က ၄င်၏ယာဉ်မောင်းလိုင်စင်အားကမ်းပေးရင်း ကျွန်တော်ယာဉ်မောင်းလိုင်စင်ရော နိုင်ငံခြားမှာမောင်းလို့ရပါသလား ကြည့်ပေးပါဗျဟု ပြောလာရာ ကျွန်တော်ယူကြည့်မိသည်။

"မရဘူးအကို အကို့ယာဉ်မောင်းလိုင်စင်ကတော့ မြန်မာနိုင်ငံမှာပဲ မောင်းနှင်လို့ရမှာဗျ" ဟု ယာဉ်မောင်းလိုင်စင်နှစ်ခုလုံးမှာ "ခ"လိုင်စင်များဖြစ်ကြသည်။"ခ"ချင်းအတူတူ တစ်ခုကအခြားနိုင်ငံမှာမောင်းလို့ရပီး တစ်ခုကမောင်းလို့မရဟုဆိုသော် ဘယ်လိုပါလဲဟူသောသိချင်စိတ်တို့ဖြစ်လာကြသည်။

ကျွန်တော်က ကားပေါ်ပါလူများနှင့်အတူ မိမိတပည့်များပါလူစုစေပီးအားလုံးဗဟုသုတရစေရန် ဤသို့ရှင်းပြမိပါသည်။

ယခင်ထုတ်ပေသည့် ယာဉ်မောင်းလိုင်စင်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်းနှင်ခွင့်ရှိသည် ဟူသော စာတန်းပါရှိသည် ယခုနောက်ထုတ်ပေးသောလိုင်စင်၌ အဆိုပါစာတန်းမပါရှိတော့သည်မှာ စာတန်းပါရှိသောလိုင်စင်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်းနှင်ခွင့်ရှိပြီး အဆိုပါစာတန်းမပါရှိသည့်ယာဉ်မောင်းလိုင်စင်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်းနှင်ခွင့်ရှိသည့်အပြင် အာဆီယံနိုင်ငံများပါ မောင်းနှင်ခွင့်ရှိပါသည်။

ယာဉ်မောင်းလိုင်စင်များမှာ မည်သည့်တိုင်း မည်သည့်မြို့ကပြုလုပ်ထားသည်ဖြစ်စေ နယ်နမိတ်ကန့်သတ်မထားပါ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်း၍ရပါသည်။ သက်တမ်းမှာလည်း ရက်ပေါင်း(၉၀)ကြိုတင်တိုးခွင့်ရှိပီး နီးစပ်ရာ ကညနများ၌ သက်တမ်းတိုးနိုင်ပါသည်။

ယာဉ်မောင်းလိုင်စင်တွင်ပါရှိသည့် "မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်နှင်ခွင့်ရှိသည်" ဟူသောစာတန်းမပါရှိတော့ခြင်းမှာ အာဆီယံနိုင်ငံများပါမောင်နှင်ခွင့်ရှိလာသောကြောင့် ဖြစ်ပါတော့သည်။

 

 

 

 

Read 11190 times