Cruise Control ဆိုတာဘာလဲ


Cruise control ဆိုတာ သတ်မှတ်အရှိန်အတိုင်း speed ကိုထိန်းပေးထားပေးနိုင်တဲ့ buttom တစ်ခုပါ။

ဥပမာ 100 km/h နင်းမယ်ဆိုရင် 100 ရောက်တာနဲ့ set လုပ်လိုက်ပါ။ ကားကသူဟာသူ အဲ့ဒီ speed အတိုင်းသွားနေပါလိမ့်မယ်။ လီဗာနင်းစရာမလိုတော့ပါဘူး။ 40 km/h မှစအလုပ်လုပ်တာပါ။ အမြန်လမ်းမှာတော့အသုံးဝင်ပါတယ်။

Cruise control ကို ညာဖက် steering control မှာ cruise လို့ရေးထားပါတယ်။ Civic ဆို IHCC သို့ ACC လို့ရေးထားပါတယ်။ Europe model မှာတော့ Cruise လို့ပဲရေးထားပါတယ်။

ဘယ်လို အသုံးပြုရမလဲ

(၁) ပထမဦးစွာ ညာဖက် steering control မှ cruise ခလုပ်ကိုနှိပ်ပါ ဒိုင်ခွက်ထဲမှာ cruise main ဆိုတဲ့ စာသားလေးက မီးအစိမ်းရောင်လင်းလာပါလိမ့်မယ်။ ဒါဆိုရင် Cruise function activate ဖြစ်ပါပြီ။

(၂) မိမိသွားလိုတဲ့ အရှိန်ရောက်လျှင် SET ဟူသောခလုပ်ကိုနှိပ်လိုက်ပါ လီဗာလွှတ်ကြည့်ကာ ကားက သတ်မှတ်အရှိန်ဖြင့်သွားနေပါလိမ့်မယ်။

(၃) အရှိန်တင်လိုလျင် အပေါ်ခလုပ် ACCEL ကိုနိပ်ပါ +5 km/h တိုးသွားပါလိမ့်မယ်။ အောက်ခလုပ် DECEL နှိပ်ရင်တော့ 5 km/h လျှော့သွားပါလိမ့်မယ်။

(၄) ဘရိတ်နင်းရင်သော်၎င်း Cancel နှိပ်ရင်သော၎င်း speed setting ကပြုတ်သွားမှာပါ။

(၅)Cruise function ကို deactivate လုပ်လိုလျှင် Cruise ခလုပ်ကိုနှိပ်ပါ။ ဒိုင်ခွက်ထဲမှာ cruise main မီးပိတ်သွားပြီး deactivate ဖြစ်သွားလိမ့်မယ်။

သတိပြုရန်

(၁) Cruise main ဆိုတဲ့စာတန်းမှာ မီးအဝါ သို့ အနီ ရောင်လင်းနေပါက cruise function error ဖြစ်နေတယ်ဆိုတဲ့သဘောပါ။ အဲ့လိုမီးလင်းနေရင်တော့ မသုံးသင့်ပါဘူး။

(၂) အမြန်လမ်းမှာပဲ စမ်းသပ်ပါ မြို့တွင်းမှာဆိုရင်တော့ ရှေ့ကား သို့ လူ သို့ အရာဝတ္ထု တစ်ခုခုကိုပြေးဆောင့်နိုင်ပါတယ်။

(၃) Civic မှာတော့ ရှေ့ကားကိုရုတ်တရက် ဘရိတ်နင်းခဲ့သော် ပြေးမဆောင့်စေရန် အကွာအဝေးချိန်တဲ့ radar ပါပါတယ်။ ၎င်းကိုတော့ CMBS လို့ခေါ်ပါတယ်။

(၄) Insight တွင်တော့မပါဝင်ပါဘူး။ ရှေ့ကားကိုပြေးမတိုက်စေရန်သတိပြုရန်လိုအပ်ပါတယ်။ (နောက်ကတိုက်ရင်တော့မိမိအမှားပါ) ၊ (Insight မှာ 2010 late L မှာမှစပါတာပါ)

Ref;Original writer

Read 2902 times