ယာဉ်သက်သေခံ လက်မှတ်(အရပ်ခေါ် ဝှီးတက်ပေါ့) အပျောက်လျှောက်ရင် ကျတော်တို့က ယာဉ်မှတ်ပုံတင်ထားသူရဲ့ မှတ်ပုံတင်မူရင်းကို တောင်းပါတယ်။
မှတ်ပုံတင်မူရင်း တင်ပြပြီးတော့ လျှောက်ထားရပါတယ်။ မိတ္တူနဲ့ မရပါဘူး။ယာဉ်မှတ်ပုံတင်ထားသူကိုယ်တိုင် ဝှီးတက်(အဝိုင်း) ပျောက်ပါတယ်ဆိုပြီး လျှောက်တယ်ဆိုတဲ့ သဘောသက်ရောက်အောင် မှတ်ပုံတင်တောင်းခြင်းပဲဖြစ်ပါတယ်။
ပိုင်ရှင်ကိုယ်တိုင် လာရောက်ရန်မလိုဘဲ ကိုယ်စားလှယ်နဲ့လည်း ဆောင်ရွက်နိုင်ပါတယ်။
ယာဉ်စစ်ရပါတယ်။ ယာဉ်စစ်တဲ့အခါ မှတ်ပုံတင်ထားတဲ့ မှတ်တမ်း၊ အကြောင်းအရာ တူညီတယ်ဆိုရင် ပြီးတော့ ယာဉ်ထိန်းကနေ ပြစ်မှုဖြင့် သိမ်းဆည်းထားခြင်း မရှိပါဆိုတဲ့ ထောက်ခံချက်ပါမှ ဝှီးတက်ကို ပြန်ထုတ်ပေးမှာပဲ ဖြစ်ပါတယ်။