တောင်အဆင်းလမ်းမှာ ကားဘီးရေလောင်းတာ ဘာကြောင့်လဲ


တောင်အဆင်းလမ်းမှာ" ဂီယာကြီးနဲ့ ဆင်းပါလို့ " သတိပေးဆိုင်းဘုတ်တွေ ခြောက်ထပ်ကွေ့ မီးသတ်ကွေ့ အဆင်းမှာ တွေ့ရတယ်။

အဆင်းကြီး/အဆင်းရှည် တော့ ဘရိတ်တအားသုံးရတယ် ၊ ဘရိတ်ဆိုတဲ့အမျိုးက ပူလာရင် ပျောက်တတ်တယ်၊

သတင်းတွေမှာရေးသလို "ဘရိတ် ပေါက်တာမဟုတ်ဘူးဗျ၊" ဘရိတ်ပျောက်သွားကြတာ။ အဲသလိုပူပြီး ဘရိတ်မပျောက်အောင် ကားဘီးကို ရေလောင်းပြီး ဆင်းကြတာပါ။

အော်တိုဂီယာ ကားလေးတွေလည်း ဂီယာကြီး ပြောင်းသင့်ပါတယ်။ အော်တိုဂီယာဆိုပြီး အဆင်းမှာ ဂီယာကြီးကိုကားက အော်တိုပြောင်းမပေးပါ၊ ဂီယာကြီး 2 သို့မဟုတ် ဝိတ်များရင် L ကို ပြောင်းပေးရပါမယ်။ အများစုက D ဖြင့်ဆင်းနေတာ တွေ့ရပါတယ်။(တချို့က OD သုံးပြီးဆင်းတယ်လို့ ဆိုတယ်)

အဆင်းကြီးရင် ဂီယာ နံပါတ် 2 ကို ဘရိတ်ထိန်းပြီးမှ ထည့်ပါ။ အရှိန်ထိန်းသွားတာ အရမ်းသိသာပါတယ်။ ကားအသေးဘီးကို ရေလောင်းတာ မတူတဲ့ အမြင်တချို့။(အပူကျင့်/အအေးကျင့်တဲ့) ပြင်ဦးလွင်လမ်းအဆင်း ၂၁ မိုင်မှာ လူတချို့ကားဘီးရေလောင်းတယ်။ ကားစက်ရပ်ပြီး ချက်ချင်း မလောင်းဘဲ ငါးမိနစ်ခန့် ကြာမှ နောက်တာယာကို အရင်လောင်းပါတယ်၊ ပြီးမှ ကားဂွေ ကိုလောင်းတယ်၊ နောက်ဆုံးမှ ဟတ်ဒရမ်ကို လောင်းတယ်။

ရှေ့ဘီးလောင်းရင် ညာဘက်ဘီးက အပူချိန်အရမ်းများတယ်၊ ရှေ့ဘယ်ဘက်က ဘီးကို တာယာ၊ ဘက်ပလိတ်ပြား၊ ကားဂွေ၊ နောက်ကား ဘရိတ် disc ပြား အစဉ်လိုက်ရေလောင်းပါတယ်။ "နောက်ဆုံး မှ ညာဘက်ဘီးကို ဖော်ပြပါအတိုင်းလောင်းပြီး "အဆုံးသတ် ပါတယ်။(ပူလွန်းလို့ ရေတွေ အငွေ့ပြန် တဲ့ အထိပါဘဲ)

တချို့က ရေလောင်းတာ လက်မခံ မကြိုက်ကြပါဘူး ဘရိတ် disc တွေ drum တွေ "လန့်" ပြီးကွဲတတ်လို့ပါတဲ့။ (ဒီအတိုင်း ဆင်းကြပါတယ်)။ ဘရိတ်ပျောက်ရင် ကားဘီး ကို အအေးခံ/ခန အနားပေးပြီးမှ ပြန်မောင်း သင့်ပါတယ်။ ရေလောင်းပြီး ပြန်ထွက်မယ်ဆိုရင် စက်နိုးကာချက်ချင်း မထွက်သင့်ပါဘူး။ ဘရိတ်ကို နှစ်ချက်လောက် မိ/မမိ အရင် စမ်းကြည့်ပြီးမှဆက်ပြီး ဆင်းသင့်ပါကြောင်းအကြံပြုရေးသားလိုက်ရပါတယ်။

Credit; Tin Lay Zaw

Read 1519 times