ရာသီဥတုနဲ့ လိုက်ဖက်မဲ့ ကားတာယာများအကြောင်း


မောင်းနှင်မည့် လမ်းအခြေအနေနှင့် ရာသီဥတုအခြေအနေတို့အတွက် အဆင်ပြေစေမည့် တာယာအမျိုးအမျိုးရှိနေပါသည်။ ကားကို ခပ်မြန်မြန်နှင့် ဝေါကနဲ မောင်းလိုသူများအတွက် ခြောက်သွေ့ရာသီ တာယာနှင့် သင့်တော်ပါသည်။

ရာဘာ အသားပျော့သဖြင့် လမ်းသားကို ကုတ်ပြီး ကားကို ရှေ့သို့ ဆွဲယူပေးသည်။ ခြောက်သွေ့သော လမ်းများအတွက်သာ သင့်တော်ပြီး ရေရှိနေလျှင် ချောတက်သဖြင့် ၎င်း တာယာမျိုးကို ကားပြိုင်ပွဲမှ ပြိုင်ကားများတွင်သာ တပ်ဆင်ပြီး တယာတွင် ပန်းမထည့်ထားပေ။ ဥတုသုံးပါးတာယာမျိုးကို ကားများ စက်ရုံမှ ထွက်လာသောအခါ တပ်ဆင်ပေးလိုက်လေ့ရှိသည်။

တာရှည်ခံခြင်း၊ ကုတ်အား၊ အသံငြိမ်ခြင်း၊ ရေစိုလမ်း မောင်းနိုင်ခြင်း စသည့် အချက်များ မျှတပေးထားပြီး သက်တမ်းရှည်နိုင်ရန်အတွက် ရာဘာသားအမာကို အသုံးပြုလေ့ရှိပါသည်။

ထို့အတွက် ကုတ်အားအနည်းငယ်ကျဆင်းသောကြောင့် အမြန်နှုန်းတင်သည့်အခါ မဆိုစလောက် နှောင့်နှေးစေသည်။

အသံငြိမ်ရန်နှင့် ရေစိုလမ်းပေါ် မောင်းနှင်နိုင်ရန် စသည့်အချက်နှစ်ချက်ကို မျှတစွာ ပြုလုပ်ထားသဖြင့် ခြောက်သွေ့ရာသီအတွက် အကောင်းဆုံးတာယာမဟုတ်သကဲ့သို့ စိုစွတ်သော ရာသီအတွက်လည်း အကောင်းဆုံးတာယာမဟုတ်ပေ။ သို့သော် ရာသီမရွေးအသုံးပြုနိုင်ပါသည်။

စိုစွတ်သောရာသီအတွက်ထုတ်လုပ်ပေးထားသော တာယာသည် ဥတုသုံးပါးတာယာထက် ရာဘာသားပိုနုသဖြင့် လမ်းပေါ်မှ ရေကို ပန်းကြားထဲစုပ်သွင်းပြီး ဘေးသို့ ပက်ထုတ်ဖယ်ရှားပေးသည်။ လမ်းသားပေါ် ကုတ်အားပိုကောင်းစေသည့်အပြင် အပူစုပ်လွယ်ပြီး အပူချိန်မြင့်တက်လွယ်သဖြင့် ရေအေးအေးကြောင့် အတွင်းမှ လေမကျုံ့နိုင်တော့ချေ။

နှင်းကျပြီး ရေခဲလေ့ရှိသော ဆောင်းရာသီမျိုးအတွက် ရည်ရွယ်ထုတ်လုပ်ထားသော တာယာမျိုးလည်း ရှိပါသည်။

မြေမရွေးတာယာမျိုးကို ခရီးကြမ်းကားပြိုင်ပွဲဝင်သည့်ကားများတွင် တပ်ဆင်လေ့ရှိသည့်အပြင် လမ်းမရှိသည့် နေရာမျိုးတွင် မောင်းနှင်နိုင်သည့် Off-road ကားမျိုးများတွင်လည်း တပ်ဆင်လေ့ရှိပါသည်။

လမ်းကောင်းပေါ်မောင်းနှင်လျှင် တဗျတ်ဗျတ်ဖြင့် အသံမြည်သည့်အပြင် ပန်းသားအတုံးကြီးပြီး မြောင်းသားကျယ်သဖြင့် လမ်းသားပေါ် ကုတ်အားနည်းပါသည်။ ရွှံ့မြေတာယာမှာ မြေမရွေးတာယာအပြင်းစားဖြစ်ပြီး ရွံ့မြေလမ်း၊ သဲတောလမ်းနှင့် ဖုန်သားထူသော လမ်းမျိုးအတွက် သင့်လျော်ပါသည်။

သာမန် အသားမာ လမ်းမျိုးတွင် ရေစိုနေပါက ချော်တတ်ပြီး မြေပျော့တွင်မူ ဘီမချော်၊ ပန်းသားကို နစ်ဝင်စေပြီး ယက်အားကောင်းစေပါသည်။ တာယာပန်းသား အကွက်ပုံစံများ ရာချီပြီး ရှိနေသော်လည်း လမ်းပေါ်တွင် လိမ့်သည့်အခါ ထိရောက်မှုရှိရန်အတွက်သက်သက်သာ ပုံစံထုတ်လေ့မရှိပေ။

တာယာကို ထုတ်လုပ်သည့်အခါ ပန်းသားကိုကြည့်ပြီး ဝယ်ချင်စိတ်ပေါက်အောင် ပန်းသားမှာ ဆွဲဆောင်မှုရှိနေစေရန် ထည့်စဉ်းစားကြရသည်။ တာယာကောင်းများ ထုတ်လုပ်ရာတွင် ကျွမ်းကျင်သည့် ယိုကိုဟမတာယာလုပ်ငန်းသည် အရည်အသွေးကောင်းစေသည့် ပန်းသားပုံစံပေါ်တွင် အခြေခံပြီး အမြင်ကောင်သော ပုံစံကို ထုတ်လုပ်ရကြောင်း ထုတ်ဖော်ပြောကြားဖူးပါသည်။

ကားတွင်တပ်ဆင်ပြီးချိန်တွင် ပန်းကွက်ကို မမြင်သာသဖြင့် ပန်းကွက်အမြင်လှရန်မှာ အရေးမကြီးဟု ထင်စရာရှိပေသည်။ ဆိုင်တွင် တာယာရွေးချယ်သည့်အခါ ပန်းကွက်လှသည့် တာယာကို အများဆုံး ရွေးချယ်လေ့ရှိကြောင်း သုတေသနပြုချက်အရ သိရှိခဲ့ရပါသည်။ ထို့ကြောင့် ကြည့်ပျော်ရှုပျော်ရှိရန် ထုတ်လုပ်ကြရာတွင် အခြေခံမူ သုံးခုရှိပါသည်။

၁။ Unidirectional

ပန်းပုံစံဖော်ထားရာတွင် တစ်ဖက်တည်းသို့ ဦးတည်ပြီး ဖော်ပေးထားသဖြင့် လမ်းဖြောင့်ဖြောင့်တွင် အရှိန်တင်လျှင် မြန်မြန်တက်အောင် ဆွဲခေါ်ပေးသွားသကဲ့သို့ ဘရိတ်နင်းလျှင် အမြန်ဆုံးရပ်အောင် လုပ်ပေးပါသည်။

ဘက်မှားတပ်မိလျှင် ပြဿနာရှိသဖြင့် ယာဉ်၏ ဝဲဘက်ဘီးတွင် တပ်ရန်နှင့် ယာဘက်ဘီးတွင် တပ်ရန်ဟူ၍ ခွဲခြားထုတ်လုပ်သည်။ များသောအားဖြင့် လည်ရမည့် ဦးတည်ချက်ကို ပြသည့်မြားကို တာယာအသားတွင် ဖော်ပြပေးထားပါသည်။

၂။ Symmetrical

တာယာကို ထောင်လိုက် ထက်ခြမ်းခွဲကြည့်ပါက တစ်ခြမ်းနှင့် တစ်ခြမ်း ပန်းသားပုံစံ တူညီနေသည်။


၃။ Asymmetrical

အတွင်းဘက်မှ အပြင်ဘက်သို့ ကြဲသွားသဖြင့် ကွေ့ကွေ့ကောက်ကောက်မောင်းနှင်သည့်အခါ တည်ငြိမ်မှုှု ကောင်းစေသော ပန်းပုံစံဖြစ်သည်။ မြောင်းသားနက်နက်တစ်ကြောင်း ဖော်ပေးထားခြင်းက လမ်းပေါ်မှ ရေကို ဆွဲသွင်းပြီး ပက်ထုတ်ရန်နှင့် တာယာအပူချိန်လျှော့ရန်အတွက် ဖြစ်ပါသည်။

Automobile

Read 11417 times