လက်ရှိကားဈေးကွက်အတွင်းမှာတော့ အုံနာဘုတ်ပျောက်အသစ်လျှောက်၊ ဆင့်ကဲဆင့်ကဲ မသမာမှုတွေ ဖြစ်ပေါ်ပြီး မူရင်းအုံနာဘုတ်ပိုင်ရှင်နဲ့ မိတ္တူတို့အကြားဘယ်ကမှန်တယ်၊ ဘယ်သူမှားတယ်ဆိုပြီးအွန်လိုင်းမှာ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
တစ်ချို့ကတော့ ငွေမပြေလည်ဘူး။ ဒီတော့အုံနာဘုတ်လေးပေါင်ပြီး အလုပ်ဆက်လုပ်တယ်။ ငွေလည်တော့ ပြန်ရွေးတယ်။ အပေါင်ခံသူရော၊ ပေါင်နှံသူရောအကျိုးရှိပါတယ်။ ဒါ ပေမယ့်တစ်ချို့ကိစ္စတွေမှာတော့ မရိုးသားမှုတွေဖြစ်ပြီး အုံနာဘုတ်မိတ္တူနဲ့မူရင်းတို့အကြားမှာတော်တော်လေးကိုပြဿနာတတ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း ကားလောကရဲ့ဝါရင့်ဝယ်ရောင်းတစ်ဦး ကိုဆက်သွယ် မေးမြန်းခဲ့ပါတယ်။
အုံနာဘုတ်ပျောက်၊ အသစ်လုပ်ဆိုတာလေးရှင်းပြပေးပါအကို။ အုံနာဘုတ်ပျောက်တယ်ဆိုတာက ရှိပါတယ်။ ဒါပေမယ့် နားလည်မှုနဲ့ပေါင်ထားတာတွေလည်း ရှိပါတယ်။ တရားဥပဒေအရတော့ ဘောင်မဝင်ဘူးပေါ့နော်။ ကားပိုင်ရှင်ကငွေလိုတယ်။ ဒီတော့ပိုက်ဆံရှိတဲ့တစ်
ယောက်ဆီမှာ အုံနာဘုတ်ထားတယ်။ ကားကတော့ ပိုင်ရှင်ဆီမှာပဲပေါ့။
ကညနကသတ်မှတ်ချက်
ကားလောကရဲ့အဓိကလို့ဆိုနိုင်တဲ့ ကညနရဲ့သတ်မှတ်ချက်မှာတော့ စပြီးအုံနာဘုတ်ပျောက်ပြီဆိုရင် ပိုင်ရှင်ရဲ့မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်း၊ ပျောက်သွားပြီဆိုတဲ့အတွက် ရဲစာခန်းထောက်ခံစာ လိုပြီး ပျောက်သွားပြီဆိုတဲ့အတွက် သတင်းစာထဲမှာထည့်လို့ကြော်ငြာတာတွေလုပ်ရပါတယ်။ နာက် မှာတော့တစ်လခွဲ (၄၅ ရက်)လောက်အတွင်းစောင့်ဆိုင်းရပါတယ်။ ကန့်ကွက်မယ့်သူမရှိဘူးဆိုတော့မှ ကညနကနေပြီး ပျောက်ဆုံးမိတ္တူဆိုပြီး ထုတ်ပေးပါတယ်။ ပျောက်မိတ္တူထုတ်ပြီးဆိုတာနဲ့ အရင်အဟောင်း မူရင်းကအလိုအလျောက် ပျက်ပြယ်သွားပြီလို့သတ်မှတ်ပါတယ်။
တရားရုံးသတ်မှတ်ချက်
အုံနာဘုတ်မူရင်းလက်ဝယ်ပိုင်ထားသူက တရားရုံးမှာအမှုဖွင့်မယ်ဆိုရင် မူရင်းကိုင်ထားတဲ့သူက အနိုင်ပါ။ မိတ္တူသမားကအရှုံးပေါ့။ ဒါကြောင့် ကညနနဲ့ တရားရုံးသတ်မှတ်ချက်ကမတူပဲ သိသိသာသာကွာခြားသွား ပါတယ်။ ဒါကြောင့် မသာမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။