ယခုနှစ် ဇန်နဝါရီလအတွင်း ကားအစီးလေးထောင်ကျော် ကနဦးမှတ်ပုံတင်ပြုလုပ်ခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ထောက်ကြန့် ကညနရုံးအပါအဝင် နေပြည်တော်၊ မန္တလေး၊ ရွာသာကြီး စသည့် ကညနရုံးလေးရုံး၌ ကနဦး မှတ်ပုံတင် လာရောက်ပြုလုပ်သည့် ကား ၄,၂၆၂ စီး ရှိခဲ့ပါတယ်။
ကနဦးမှတ်ပုံတင်ဌာနမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ထောက်ကြန့် ကညနရုံး၌ ၄,၄၂၅ စီး၊ ရွာသာကြီး ကညနရုံး၌ ၁,၅၄၄ စီး၊ မန္တလေးကညနရုံး၌ ၁,၇၈၆ စီး၊ နေပြည်တော်ကညနရုံး၌ ၁၈၂ စီး၊ ဖေဖော်ဝါရီလတွင် ထောက်ကြန့် ကညနရုံး၌ ၃,၇၉၃ စီး၊ ရွာသာကြီး ကညနရုံး၌ ၁,၀၉၇ စီး၊ မန္တလေး ကညနရုံး၌ ၁,၃၃၁ စီး၊ နေပြည် တော် ကညနရုံး၌ ၂၀၂ စီး၊ မတ် လတွင် ထောက်ကြန့် ကညနရုံး၌ ၃,၀၆၃ စီး၊ ရွာသာကြီး ကညနရုံး၌ ၁,၀၈၁ စီး၊ မန္တလေး ကညနရုံး၌ ၁,၅၉၁ စီး၊ နေပြည်တော်ကညနရုံး ၌ ၂၅၉ စီး၊ ဧပြီလတွင် ထောက် ကြန့် ကညနရုံး၌ ၂,၆၈၅ စီး၊ ရွာသာကြီး ကညနရုံး၌ ၆၈၂ စီး၊ မန္တလေးကညနရုံး၌ ၁,၃၂၂ စီး၊ နေပြည်တော် ကညနရုံး၌ ၁၃၄ စီး၊ မေလတွင် ထောက်ကြန့်ကညနရုံး၌ ၄,၃၀၁ စီး၊ ရွာသာကြီးကညနရုံး၌ ၁,၁၀၅ စီး၊ မန္တလေးကညနရုံး၌ ၁,၆၆၆ စီး၊ နေပြည်တော်ကညနရုံး၌ ၂၃၀ စီး၊ ဇွန်လတွင် ထောက်ကြန့် ကညနရုံး၌ ၃,၃၀၂ စီး၊ ရွာသာကြီး ကညနရုံး၌ ၆၅၁ စီး၊ မန္တလး ကညနရုံး၌ ၁,၃၉၃ စီး၊ နေပြည်တော် ကညနရုံး၌ ၁၉၃ စီး၊ ဇူလိုင်လတွင် ထောက်ကြန့် ကညနရုံး၌ ၂,၉၁၆ စီး၊ ရွာသာကြီးကညနရုံး၌ ၇၁၉ စီး၊ မန္တလေးကညနရုံး၌ ၁,၀၈၅ စီး၊ နေပြည်တော် ကညနရုံး၌ ၂၃၈ စီး၊ သြဂုတ်လတွင် ထောက်ကြန့် ကညနရုံး၌ ၃,၆၉၄ စီး၊ ရွာသာကြီး ကညနရုံး၌ ၇၇၁ စီး၊ မန္တလေး ကညနရုံး၌ ၁,၃၅၁ စီး၊ နေပြည် တော် ကညနရုံး၌ ၁၈၁ စီး၊ စက် တင်ဘာလတွင် ထောက်ကြန့် ကညန ရုံး၌ ၃,၅၂၅ စီး၊ ရွာသာကြီး ကညန ရုံး၌ ၄၈၂ စီး၊ မန္တလေး ကညနရုံး၌ ၉၆၂ စီး၊ နေပြည်တော် ကညနရုံး၌ အစီး ၄၅၀၊ အောက်တိုဘာလတွင် ထောက်ကြန့်ကညနရုံး၌ ၂,၂၂၅ စီး၊ ရွာသာကြီး ကညနရုံး၌ အစီး ၄၈၀၊ မန္တလေးကညနရုံး၌ ၈၂၃ စီး၊ နေပြည်တော်ကညနရုံး၌ ၂၂၈ စီး၊ နိုဝင်ဘာလတွင် ထောက်ကြန့်ကညန ရုံး၌ ၂,၉၅၉ စီး၊ ရွာသာကြီးကညန ရုံး၌ ၃၉၈ စီး၊ မန္တလေးကညနရုံး၌ ၉၂၃ စီး၊ နေပြည်တော်ကညနရုံး၌ အစီး ၃၆၀ နှင့် ဒီဇင်ဘာလတွင် ထောက်ကြန့် ကညနရုံး၌ ၂,၆၁၁ စီး၊ ရွာသာကြီး ကညနရုံး၌ ၃၆၅ စီး၊ မန္တလေး ကညနရုံး၌ ၈၅၄ စီး၊ နေပြည်တော် ကညနရုံး၌ ၁၈၂ စီး တို့ ကနဦးမှတ်ပုံတင်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ယခုနှစ် ဇန်နဝါရီလအတွင်း ထောက်ကြန့် ကညနရုံး၌ အစီး ၂,၃၄၀၊ ရွာသာကြီးကညနရုံး၌ ၃၇၉ စီး၊ မန္တလေးကညနရုံး၌ ၈၂၅ စီး၊ နေပြည်တော် ကညနရုံး၌ ၁၇၁ စီး တို့ ကနဦးမှတ်ပုံတင်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။