ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်များအား ပျောက်သွားမည်စိုး၍ မိတ္ထူကိုပဲ ကိုင်ဆောင်ခွင့် ရှိ/မရှိ


ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်မူရင်းတွေကို ပျောက်မှာစိုးလို့ ခိုးခံရမှာစိုးလို့ ရေစို ဆုတ်ပြဲ ပျက်စီးမှာစိုးလို့ဆိုပီး မိတ္ထူကူးကာ အစစ်ကိုအိမ်မှာသိမ်းထားပြီး မိတ္ထူကိုတော့ ယာဉ်လူနှင့်တပါတည်းယူဆောင်အသုံးပြုလို့မရဘူးလား။

ကာလာပရင်တာနဲ့ပြန်ထုတ်ထားတဲ့ မိတ္ထူကိုဆောင်းထားတာမျိုး မရဘူးလားလို့ မေးလာကြတဲ့သူတွေများပါတယ်။ပြောရမယ်ဆိုရင်မိတ္ထူဆိုတာ အဆောင်တစ်ရာကူးလို့ရတယ် အဆောင်တစ်ထောင်လည်းကူးလို့ရတယ်လေ အဆောင်တစ်ရာထုတ်လို့ ဆိုင်ကယ်အစီးတစ်ရာမှာ ကပ်လို့ရပြန်တယ်။ ရိုးရိုးသားသားသူအတွက် စိတ်ထဲမှာဘာမှမတွေးမိပေမဲ့ မသမာနည်းနဲ့လုပ်စားမည့်သူတွေ ပြစ်မှုကျူးလွန်ဖို့ ဝန်မလေးသူတွေအတွက် အကွက်ဖြစ်သွားမှာပါ။ မိတ္ထူတစ်ခုကိုမှီငြန်းလို့ လိုင်စင်မဲ့ဆိုင်ကယ်တွေနဲ့ ပြစ်မှုကျူးလွန် ဥပဒေချိုးဖောက်ပြီး မူးယစ်ဆေးကဲ့သို့ သယ်ယူလုပ်ဆောင်ဖို့လွယ်သွားပါလိမ့်မယ်။

ဒါကတပိုင်းပေါ့ ဥပဒေပိုင်းအရကလဲ မူးရင်းပါရှိရမယ်ဆို့ပြဌာန်းထားပါတယ်။ ဒါကြောင့် ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်တွေကို ကာလာပရင်တာနဲ့ထုတ်ထားတဲ့မိတ္ထူလဲ အဆင်မပြေပါဘူး ရိုးရိုးမိတ္ထူလဲအဆင်မပြေပါဘူး။ ယာဉ်နှင့်အတူ လူနှင့်အတူ လိုင်စင်အစစ် မူရင်းတွေပဲပါရှိရပါ့မယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းစစ်ဆေးတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံစစ်ဆေးခံရတဲ့အခါ လိုင်စင်တွေဟာ မူရင်းဖြစ်နေမှ အဆင်ပြေပါ့မယ်။ ပျောက်သွားမည်စိုး၍ မိတ္ထူကိုပဲ ကိုင်ဆောင်ထားလိုက်မယ်လို့ ရိုးသားစွာတွေးထားသူတွေအတွက် ယာဉ်နှင့်အတူပါရှိရမည့်လိုင်စင်များဟာ မူရင်း အစစ်တွေဖြစ်မှ အဆင်ပြေပါ့မယ်ဆိုတာကို မိဘပြည်သူများထံ မျှဝေလိုက်ပါတယ်ခင်ဗျာ။

Read 8625 times