ကားကိုအဲကွန်းဖွင့်ပြီး ထားခဲ့လျှင်ဘာတွေဖြစ်မလဲ


အအေးခံစနစ်(Cooling System)က ကားအင်ဂျင်ကို ပုံမှန်ထောက်ပံ့ အလုပ်လုပ်ဆောင်နေသော အခြေနေ(Normal Operation Range-နယ်)ကို ထိန်းထားနိုင်သည့် ကာလပတ်လုံး ကားအင်ဂျင်ကို အတိုင်းအဆ အကန့်အသတ်မရှိ(Indefinitely)လည်ပတ်နှုန်း အနှေး(Idle Speed)ဖြင့် ထားခဲ့နိုင်သည်။

ခေတ်ပေါ်ကားတိုင်းတွင် ကားအဲကွန်း စတင်ဖွင့်လိုက်သည်မှ ပိတ်လိုက်သည်အထိ အင်ဂျင်အနှေးလည်ပတ်နှုန်းကို အနည်းငယ် Auto မြှင့်ပေးထားလေ့ ရှိသည်။ အင်ဂျင်လည်ပတ်နှုန်းပြသည့် ဒိုင်ခွက်ပါသော ဒက်ရှ်ဘုတ်ဖြစ်လျှင် အဲကွန်းစဖွင့်လိုက်သည်နှင့် ဒိုင်ခွက်မှ စက်လည်ပတ်နှုန်း အနည်းငယ်မြင့်လာသည်ကို မြင်တွေ့သိရှိနိုင်သည်။ ကားများနှင့်ရင်းနှီးနေသော ပုဂ္ဂိုလ်များအနေဖြင့် ဒိုင်ခွက်ပင် ကြည့်စရာမလို စက်အနည်းငယ် မြင့်တက်လာသည်ကို အာရုံဖြင့်ပင် ခံစားသိရှိနိုင်ပါတယ်။

သို့သော်လည်း ကားအမြန်းနှုန်းမြင့်မြင့် မောင်းနှ်င်နေစဉ်အခါဖြစ်စေ၊ အရှိန်မြှင့်တင်သည့်အခါတွင်ဖြစ်စေ အဲကွန်းဖွင့်လိုက်မိပါက စက်လည်ပတ်နှုန်းမြှင့်တင် မြင့်တက်သွားသည်ကို အလွယ်တကူ မသိနိုင်တော့ပါ။ စလိုးစပိ(Idle Speed)၊ သို့မဟုတ် ကားရပ်ထား(ဘီးများမလိမ့်)သည့်အချိန်အခါများတွင်သာ စက်လည်ပတ်နှုန်း ပြသပေးသော မီတာတွင် ဖတ်ရှုသိသာနိုင်မည် ဖြစ်ပါတယ်။ ကားအတွေ့အကြုံ ရှိသူများအနေဖြင့်လည်း ဤစလိုးစပိ လည်ပတ်နေသည့်အခါများတွင်သာ သိရှိနိုင်ပါလိမ့်မယ်။

အင်ဂျင်အတွက် အကောင်းဆုံးမဟုတ်သော်လည်း အဆိုးရွားဆုံးအခြေနေတစ်ရပ်လည်း ဖြစ်ပေါ်မလာနိုင်ပေ။ ကားအများစုမှာလည်း ထိုကဲ့သို့သော အခြေနေမျိုး(ကားရပ်ထားလျက် အဲကွန်းဖွင့်ထားသည့် အခြေနေမျိုး)ကို ခံနိုင်ရည်ရှိအောင် အင်ဂျင်နီယာများက ဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်။ အင်ဂျင်တွင်လှုပ်ရှားရသော ပစ္စည်းများ၏ ပွန်းစားမှုများသည် နိမ့်သော/နည်းသော လိမ်လှည့်ကျစ်အား(Low Torque)များဖြင့်သာ အများဆုံးဖြစ်ပေါ်တတ်သဖြင့် အချိန် တစ်နာရီကာလလောက်အထိသည် ဆိုးရွားသည့်ပွန်းစားပျက်စီးမှုမျိုး မဖြစ်ပေါ်လာနိုင်ပေ။

သို့သော် အင်ဂျင်လည်နေသည့် အချိန်အခါအတိုင်း အအေးခံစနစ်(Cooling System)ပုံမှန်ရှိနေစေမှုသည် အထူးဂရုပြုရမည့်ကိစ္စ ဖြစ်ပါတယ်။

Read 3487 times