Body Kit အကြောင်း တစေ့တစောင်း


Body Kit ဆိုသည်မှာ ပြုပြင်မွမ်းမံထားသော ကားကိုယ်ထည်အစိတ်အပိုင်း၊ သို့မဟုတ် စက်ရုံထုတ်ကားတစ်စီးတွင် ဖြည့်စွက်တပ်ဆင်ထားသော အပိုဆောင်းအစိတ်အပိုင်းများကို ဆိုလိုခြင်းဖြစ်ပါသည်။

Body Kit ထဲတွင် ရှေ့နှင့်နောက် Bumper များ၊ Side Skirt များ၊ Spoiler များ၊ Paint Job များနှင့် တစ်ခါတစ်လေ ရှေ့နှင့်နောက် Side Guard များနှင့် Roof Scoop များ ပါဝင်ပါသည်။

ကားတစ်စီး၏ မူလစက်ရုံထုတ်အသွင်အပြင်ပေါ်တွင် ဖြည့်စွက်တပ်ဆင်ရန် Body Kit ထုတ်လုပ်သော ကုမ္ပဏီများ အများအပြား ရှိပါသည်။

မော်တော်ကား Body Kit များကို ဖိုင်ဘာဂလက်စ်၊ ပေါ်လီယူရီသိန်း၊ ကာဗွန်ဖိုင်ဘာများနှင့် ပြုလုပ်လေ့ရှိပါသည်။

ဖိုင်ဘာဂလက်စ်က ဈေးချိုသော်လည်း ထိခိုက်မှုပြင်းအပေါ်မူတည်ပြီး ကျိုးပဲ့လွယ်ပါသည်။

ပေါ်လီယူရီသိန်းက ကွေးဆန့်လွယ်ပြီး အလွယ်တကူမပျက်စီးသည့်အတွက် လူကြိုက်များပါသည်။

ကာဗွန်ဖိုင်ဘာ Body Kit များမှာ ကုန်ကျစရိတ်များသည့်အတွက် လမ်းပေါ်မောင်းနှင်သောကားများတွင် သုံးခဲပါသည်။

၂၀ ရာစုဦးတွင်သာ ခေတ်သစ် Body Kit များ၏ သမိုင်း စတင်ခဲ့ပါသည်။

ကိုယ့်စိတ်ကြိုက်မွမ်းမံထားသော Custom Car များ အမေရိကတွင် ခေတ်စားလာသည့်အချိန် ကားရူးသွပ်သူများက သူတို့ကားများ၏ စွမ်းရည်နှင့် အသွင်အပြင်ကို တခြားသူများ၏ ကားနှင့်မတူအောင် ပြောင်းလဲရန် နည်းလမ်း ရှာလာကြပါသည်။

ကားတစ်စီး၏ ရုပ်သွင်ကို ဖြည့်စွက်မွမ်းမံမှုများအပေါ် ပြိုင်ကားများကလည်း သြဇာလွှမ်းမိုးမှုရှိခဲ့ပြီး အကြောင်းမှာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်ရန်အတွက် ကားကိုယ်ထည်အစိတ်အပိုင်း အပြောင်းအလဲတစ်ချို့က အကျိုးသက်ရောက်မှု ရှိစေသောကြောင့် ဖြစ်ပါသည်။

စွမ်းဆောင်ရည်နှင့် အပူချိန်လျှော့ချမှု ပိုပြီးကောင်းစေရန် အင်ဂျင်ထဲတွင် သန့်စင်သော လေပိုရရှိရန် Air Dam နှင့် Hood Scoop အကြီးကြီးများပါသော Bumper များကို တပ်ဆင်ကြပြီး Trunk Spoiler များ၊ Bumper Lip များနှင့် Bumper Splitter များကလည်း လေခွင်းစနစ်ပိုကောင်းရန် အထောက်အကူပေးပါသည်။

Body Kit များကို လူစီးကားများ၊ SUV နှင့် ထရပ်ကားများတွင် အသုံးပြုကြပါသည်။

ယခုနောက်ပိုင်း Need for Speed အပါအဝင် ခေတ်မီဗီဒီယိုဂိမ်းများတွင် Body Kit များအပြင် ကားများကို နည်းလမ်းပေါင်းစုံနှင့် မွမ်းမံနိုင်ရန် ပြုလုပ်ပေးထားခြင်း တွေ့ရပါသည်။

Vaydor Body Kit နှင့် ပေါင်းစပ်ပြီး အဆင့်မြင့်မြင့်ဖန်တီးထားသော Infiniti G35 ကားအမျိုးအစားကို ၂၀၁၆ ခုနှစ်က Suicide Squad ဆိုသော ကမ္ဘာကျော် Batman ရုပ်ရှင်ဇာတ်ကားတွင် တွေ့မြင်နိုင်ပါသည်။

 

Read 1022 times