Auto ဂီယာကားတွေကို ဂီယာဘောက် မပျက်အောင်ဘယ်လိုကာကွယ်သင့်လဲ


ပြည်တွင်းမှာ အသုံးအများဆုံးဖြစ်လာတဲ့ အော်တိုဂီယာကားတွေအတွက် အဓိကကျတဲ့ ဂီယာဘောက် ကိုမပျက်အောင်ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာပြောပြပေးပါမယ်။

ကျွန်တော်တို့လက်ရှိကားတွေအသုံးပြုသူအများစုဟာ ကားကိုပြုပြင်ထိန်းသိမ်းရင် အများစုက Engine Oil ၊ Tyre အောက်ပိုင်း ဒါတွေပဲအဓိကထားစစ်ဆေးဖြစ်ကြပါတယ်။ Kilo 5000 ဆိုရင်အများစုဟာ Engine Wine လဲကြပေမယ့် Gear Oil Auto ဆီကိုလဲဖို့ကိုတော့သတိမပြုမိကြပါဘူး။

ဥပမာ-Japan ကနေကားတစ်စီးဝယ်လိုက်ပါပြီ လပ်ထဲရောက်ရင် Tyre လဲ ၊ အောက်ပိုင်းစစ် အများစုကဒါပဲလုပ်ကြပါတယ်။

Gear Auto Oil ကိုနဂိုဂျပန်ကလာတဲ့အတိုင်းပဲသုံးကြပါတယ်။အဲ့လိုပဲစီးနေရင်း ကားပြောင်းစီးချင်လို့ရောင်း ဝယ်တဲ့သူကလည်း Engine Oil လောက်ပဲ အဲ့တာကိုမစစ်ဘူး။ စစ်ဖို့ကလည်း အရင်ကကားတွေတော့လွယ်တယ်။ဒါပေမယ့်အခုနောက်ဝင်တဲ့ကားတွေဖြစ်တဲ့ Belta ၊ Axio ၊ Fielder စတဲ့ကားတွေကျ စစ်ဖို့ဂိတ်တံပျောက်တွေဆိုတော့ မစစ်မိကြပါဘူး။ အဲ့ဒီတော့သူရဲ့သတ်မှတ်ထားတဲ့ Kilo 30000-50000 ထိပိုပြီး Auto ဆီကအထဲမှာကြာတော့ မဲပြီးဂျီးတွေဖြစ်ပြီးခဲသွားပြီး Gear တွေကို Auto ပြောင်းပေးရမယ့်နေရာမပြောင်းဘဲ Gear Change နောက်ကျတာတွေ Gear အကုန် change မပေးတာတွေဖြစ်ပါတယ်။ ကြာတော့ Gear Box ပျက်ပြီးအသစ်လဲပေးရတဲ့အဖြစ်ရောက်သွားပါတော့တယ်။

နောက်တစ်ခုက Hondaအမျိုးအစားကားတွေပါ။ Fit ၊ Civic ၊ Shuttle စတဲ့ကားတွေက Auto Oil လုံးဝအမှားမခံပါဘူး Toyota လိုမဟုတ်ပါဘူး။ CVT Gear Box အမျိုးအစားကို Honda ကလာတဲ့ HMMF Auto Oil ဒါမှမဟုတ် အခြား Brand တွေက အင်ဂျင်ဝိုင်တွေဆိုရင် HMMF လို့ပါရင်ထည့်လို့ရပါတယ်။ အဲ့ဒီ HMMF ကို မထည့်မိဘဲ အရင် Gear Box အမျိုးအစားမှာပါတဲ့ ATF Oil မှားထည့်ရင်တော့ ချက်ချင်းဖောက်ချပြီး HMMF Oil ပြန်ထည့်ပေးပါ။ မဟုတ်ရင် သင့်ကားအော်တိုဂီယာ ဘောက်ပြင်ရမယ့်အခြေအနေဖြစ်သွားမှာပါ။

“Gear Box ATF နဲ့Gear Box CVT ဘယ်လိုခွဲခြားနိုင်မလဲ ”

အကြမ်းဖျဉ်းကတော့မိမိတို့ ကား Gear တံ Lever တံမှာ D 4 3 2 L ၊ D 2 L အဲ့လိုပြရင် ATF ဂီယာဘောက်ဖြစ်ပြီး D S L ၊ D L အဲ့တာဆိုရင် CVT ဂီယာဘောက်လို့ အကြမ်းဖျဉ်းခွဲခြားလို့ရပါတယ်။တချို့ကားတွေက ဂိတ်တံကြည့်ပြီးခွဲကြပါတယ်။ ဂိတ်တံ မှာ ATF, CVT အဲ့လိုရေးတာကြည့်ပြီး ခွဲကြပါတယ်။ အရင်ကနည်းပညာအားနည်းတော့ အဲ့တာကြည့်ပြီးထည့်ကြပါတယ်။ မှန်လားဆိုတော့ အားလုံးမမှန်ပါဘူး။ တချို့ကဝပ်ရှော့မှာစုပြင်တဲ့အခါ ဂိတ်တံထုတ်ပြီး အကုန်စုချပြီး ပြန်ထည့်ရင် ကြုံရာဆွဲထည့်တတ်လို့ CVT က ATF တံထည့်မိတာတို့ ဖြစ်တတ်လို့ အဲ့လိုကြည့်ပြီး မခွဲပါနဲ့။ Gear Position ကိုကြည့်ပြီး ခွဲပြီးရင်ကားမောင်းရင် သတိထားကြည့် CVT က Gear change တာ ညင်သာမှုရှိပါတယ်။မသိသာပါဘူး။ ATF က Gear Change တာကတော့ သိသာပါတယ် ကလပ်ဂီယာမျိုးပေါ့။

ထပ်သေချာချင်ရင် မလဲခင်ဝပ်ရှော့မှာသေချာမေးပြီးလဲပါ။ နောက်ပိုင်းကားတွေကတော့ ATF နေရာမှာ CVT တွေအစားထိုးလာပါတယ်။ Gear Box မပျက်အောင်မိမိလက်ထဲကားစတင်ရောက်ရင် အသစ်သာလဲပေးလိုက်ပါ ပိုက်ဆံ60000-70000 လောက်ကိုမနှမျှောပါနဲ့။ လဲပြီးရင် Kilo 25000-30000 ပြည့်တိုင်းလဲပေးသင့်ပါတယ်။ Kilo မမှတ်မိရင် Engine Oil ၄ခါ (သို့) ၅ခါ ဆိုရင် တခါလဲပေးပါ။ အဲ့တာဆိုရင်မိမိကားဟာ Gear Box ပုံမှန်အလုပ်လုပ်ပြီး Engine လည်းသက်သာကာ Gear ပုံမှန် Change လို့ ဆီစားလည်းသက်သာပါတယ်။Gear Box နဲ့ဆီစားတာသက်ဆိုင်လားဆိုရင် သက်ဆိုင်ပါတယ်။ Gear Box မကောင်းရင် မိမိတို့ကားက Gear ၄ ချက်ဆိုပါတော့ Gear Box ကအထဲမှာ ဂျီးတွေများနေရင် Gear 1,2,3 ထိပဲ Change ပြီး နံပါတ် 4 ကိုမပြောင်းပေးလို့ အင်ဂျင်ကလည်း No.3 Gear နဲ့ပဲ ပိုပြီးအပတ်ရေများနေတော့ ဆီပိုစားပါတယ်။ ကြာရင် Gear Box ပါပျက်သွားတတ်ပါတယ်။

Credit;မောင်ဂျစ်တူး (Popular News)

 

Read 12400 times