အရှေ့တောင်အာရှတွင် COVID-19 ကပ်ရောဂါက စီးပွားရေးကိုလွှမ်းမိုးသောအချိန်မှာ ဘရူနိုင်းဒါရူဆလမ်က ၂၀၂၀ ပြည့်နှစ် ပထမခြောက်လတွင် ကားအသစ်ရောင်းအား ၁၃.၂ ရာခိုင်နှုန်းတိုးခဲ့ပါတယ်။
အာဆီယံမော်တော်ယာဉ်အဖွဲ့ချုပ် (AAF) မှထုတ်ပြန်သောကားများအရေအတွက်အရ ဇန်နဝါရီမှဇွန်လအတွင်း ဘရူနိုင်းဒါရူဆလမ်တွင် ကားစီးရေပေါင်း ၆,၅၈၂စီး ကိုရောင်းချခဲ့ပြီး ယမန်နှစ်နှင့် အလားတူကာလတွင် ကားစီးရေပေါင်း ၅,၈၁၂ ရောင်းချခဲ့ပါတယ်။
coronavirus ကြောင့် ကျင့်သုံးကြတဲ့ ပိတ်ဆို့ခြင်းကြောင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ၄၁.၄ ရာခိုင်နှုန်းကား အရောင်းကျဆင်းခဲ့တာရဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။
ဖေဖော်ဝါရီလတွင် ကားအစီးရေ ၁,၁၀၈ စီးနှင့် မတ်လတွင် ၁,၁၀၄ စီးနှင့်အတူ ကားဝယ်ယူမှုစံချိန်သည် ဇွန်လတွင် အမြင့်ဆုံး မြင့်တက်ခဲ့ပြီး ကားအစီးရေ ၁,၂၁၄ စီး ရောင်းခဲ့ရပါတယ်။
COVID-19 ဖြစ်ပွားမှုကို ပိတ်ဆို့ခြင်းမရှိဘဲ ပြန့်ပွားမှုကိုတားဆီးရာတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ အောင်မြင်မှုသည် စီးပွားရေး အပြုသဘောဆောင်သည့်လမ်းကြောင်းသို့ ဦးတည်စေပါတယ်။
ပထမဦးဆုံး အတည်ပြုလူနာအား မတ်လ ၉ ရက်တွင် တွေ့ရှိခဲ့ပြီး ကာကွယ်တားဆီးရေးများကို စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ပြီးနောက် ဘရူနိုင်းမှာ ကူးစက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ယနေ့အထိ ဘရူနိုင်းတွင် သေဆုံးမှု သုံးဦးနှင့် အတည်ပြုလူနာ စုစုပေါင်း ၁၄၄ ဦးသာ ရှိပါတယ်။
ဘရူနိုင်းဒါရူစလာမ်နိုင်ငံအပြင် မြန်မာနိုင်ငံသည် ယခုနှစ် ပထမခြောက်လအတွင်းကားအစီးရေ ၉,၅၃၇ စီး၏ ရောင်းအားသည် ယခင်နှစ် အလားတူကာလ၏ ကားစီးရေပေါင်း ၈,၈၉၃ စီးနှင့်နှိုင်းယှဉ်လျှင် ၇.၂ ရာခိုင်နှုန်း တိုးများပါတယ်။
အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကားအရောင်း ၃၀ မှ ၅၇ ရာခိုင်နှုန်းအကြား ကျဆင်းခဲ့ပါတယ်။
ဤအတောအတွင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုသည် ယခုနှစ်ပထမခြောက်လတွင် ၂၀ မှ ၄၃ ရာခိုင်နှုန်းကြား ကျဆင်းခဲ့ပါတယ်။