အာဆီယံ မော်တော်ယာဉ်က‌ဏ္ဍ အောက်တိုဘာလ ထုတ်လုပ်မှုနှင့် ရောင်းအား


အာဆီယံ မော်တော်ယာဉ်က‌ဏ္ဍ အောက်တိုဘာလ ထုတ်လုပ်မှုနှင့် ရောင်းအား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အာဆီယံ မော်တော်ယာဉ် အဖွဲ့ချုပ် Association of Southeast Asian Nations (ASEAN) Automotive Federation (AAF) မှ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် ၊မြန်မာ၊ ဗီယက်နမ် အာဆီယံ ၆ နိုင်ငံတို့၏ မော်တော်ယာဉ် အသစ်ထုတ်လုပ်မှုနှင့် ရောင်းချမှုတို့ကို လစဉ် စာရင်း ထုတ်ပြန်ပေးသည်။ 
မော်တော်ဆိုင်ကယ်နှင့် စကူတာ ထုတ်လုပ်မှုတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် ၄ နိုင်ငံနှင့် ရောင်းချခြင်းတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ ၅ နိုင်ငံတို့ကို စာရင်းတွင် ဖော်ပြပေးထားပါသည်။

AAF ထုတ်ပြန်သည့် စာရင်း အပြည့်အစုံကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

အာဆီယံ မော်တော်ယာဉ်ဆိုင်ရာ အဖွဲ့ချုပ်မှ လစဉ် ထုတ်ပြန်သည့် စာရင်းဇယားအရ အာဆီယံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ 
● မော်တော်ယာဉ် ၃၇၈,၂၄၄ စီး 
● မော်တော်ဆိုင်ကယ်နှင့် စကူတာ အစီးရေ ၈၅၁,၃၃၀
ထုတ်လုပ်ခဲ့ပြီး 
● မော်တော်ယာဉ် ၂၈၁,၀၅၁ စီး၊ 
● မော်တော်ဆိုင်ကယ်နှင့် စကူတာ ၈၃၀,၉၈၄  စီး 
ရောင်းချခဲ့ပါသည်။

၂၀၂၃ ခုနှစ်  ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာတွင် 
● မော်တော်ယာဉ် ၃,၆၀၂,၉၈၈  စီး၊ 
● မော်တော်ဆိုင်ကယ်နှင့် စကူတာ ၁၀,၉၈၇,၈၂၉ စီး 
ထုတ်လုပ်ခဲ့ပြီး 
● မော်တော်ယာဉ် ၂,၇၄၉,၇၄၃ စီး၊
● မော်တော်ဆိုင်ကယ်နှင့် စကူတာ ၁၀,၄၆၉,၆၈၇  စီး ရောင်းချခဲ့ပါသည်။ 

အောက်တိုဘာလအတွက် ဗီယက်နမ်ထံမှ မော်တော်ဆိုင်ကယ်နှင့် စကူတာအတွက် ရောင်းအားနှင့် ထုတ်လုပ်မှု အချက်အလက်များ မရှိခဲ့ဟု AAF က မှတ်ချက် ဖော်ပြထားပါသည်။ 

စာရင်းပါ ၆ နိုင်ငံတွင် ထိုင်းနိုင်ငံသည် ကားအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး အောက်တိုဘာလတွင်  အစီးရေ တသိန်းခွဲကျော် ( ၁၅၈,၇၃၄ စီး) ထုတ်လုပ်ခဲ့ပါသည်။ 


မြန်မာနိုင်ငံအတွက် ဖော်ပြထားသော အချက်အလက်များအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်  ကား ၃၇၄ စီး ထုတ်လုပ်ခဲ့ပြီး ၃၇၈ စီး ရောင်းချခဲ့ပါသည်။


 

 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 240 times