အင်ဒိုနီးရှားမှာ ထုတ်လုပ်တဲ့ Stargazer MPV


အင်ဒိုနီးရှားမှာ ထုတ်လုပ်တဲ့ Stargazer MPV

 

တောင်ကိုရီးယား မော်တော်ကားထုတ်လုပ်‌ရေးကုမ္ပဏီကြီး Hyundai က Stargazer MPV အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

မိတ်ဆက်တဲ့ ကြေညာချက်ကို  ပြီးခဲ့သော သီတင်းပတ်တွင် အင်ဒိုနီးရှားမှ PT Hyundai Motors Indonesia (HMID) က ထုတ်ပြန်ခဲ့ပါတယ်။   PT Hyundai Motors Indonesia (HMID) ဟာ Hyundai Motor Company  ရာနှုန်းပြည့် ပိုင်ဆိုင်သော လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါတယ်။

အင်ဒိုနီးရှားဈေးကွက်ကို ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့  Stargazer က အင်ဒိုနီးရှားရဲ့ လမ်းအခြေအနေများနှင့် အဆင်ပြေစေဖို့ ဗိုက်ကို မြှင့်ပေးထားပါတယ်။

၁၅ လက်မ အလျွိုင်ခွေ အသုံးပြုပေးထားပါတယ်။ ၁၆ လက်မ အရွယ်အစားကိုလည်း ရွေးချယ်နိုင်အောင် စစီစဉ်ပေးထားပါတယ်။ 

 

ကားနောက်မီးကို Hyundai ရဲ့  H ကို ပုံဖော်ပေးထားတဲ့ LED မီးအစင်းကြောင်း ပါပါတယ်။ ကားမီးကို မြင်တာနဲ့  Hyundai ရဲ့  MPV ဆိုတာ တန်းသိနိုင်စေပါတယ်။ 

Stargazer  ကို ၆ ယောက်စီး နှင့် ၇ ယောက်စီး ရွေးစရာ  ၂မျိုး  စီစဉ်ပေးထားပါတယ်။ 

၆ ယောက်စီး ဆိုရင် ဒုတိယ ထိုင်ခုံတန်းမှာ လက်တင်တန်း ပါပါတယ်။ 

အလယ်တန်းမှာ ခေါက်စားပွဲတွေ တပ်ပေးထားပြီး ခွက်ထည့်ဖို့နေရာ မိုဘိုင်းဖုန်း ထားဖို့ နေရာတွ စားပွဲမှာ စီစဉ်ပေးထားပါတယ်။ 

 Rear Cross-traffic Collision-avoidance Assist (RCCA)

Blind-spot Collision Warning (BCW) 

Blind-spot Collision-avoidance Assist (BCA)

အစရှိတဲ့ ယာဉ်မောင်းထောက်ကူစနစ်များ ထည့်ပေးထားပါတယ်။ 

1.5-litre four-cylinder အင်ဂျင် သုံးထားပြီး 115 horsepower အထိ ထုတ်ပေးနိုင်ပါတယ်။ ရုန်းအား 144 Nm အထိ ရပါတယ်။

ဂီယာက လက်ထိုး ၆ ချက် သို့မဟုတ် Hyundai ရဲ့ Intelligent Variable Transmission (IVT) နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ 

Hyundai-Kia K2 ချာစီပေါ်မှာ ထိုင်ထားတာ ဖြစ်လို့ Hyundai Venue, Kia Seltos, Kia Sonet တို့နှင့် ချာစီ တူပါတယ်။ 

အခြေခံ မော်ဒယ်မှာ ရှေ့ဆုံးတန်းအတွက် လေအိတ် ၂ အိတ် တပ်ပေးထားတယ်။  ပရိုင်းမော်ဒယ်မှာ လေအိတ် ၆ လုံး တပ်ဆင်ပေးထားပါတယ်။ 

 

ဖုန်းအားသွင်းဖို့ ကြိုးမဲ့အားသွင်းစနစ်နှင့် USB ကြိုးဖြင့် အားသွင်းစနစ် ၂ မျိုး ပါဝင်ပါတယ်။ 

ရောင်းဈေး အင်ဒိုနီးရှား ရူပီယာ 243,300,000 (USD 16280)မှ စတင်ပါတယ်။ 

ပစ္စည်းစုံ အပြည့်ပါ Prime model က အင်ဒိုနီးရှား ရူပီယာ 309,600,000  (USD 20,715) ဖြစ်ပါတယ်။ 

#MyanmarAutomobileGuide

 Telegram Channel https://t.me/Guid4U

Source: Motorist

Read 3154 times