စက်မနိုးခင် အင်ဂျင်ဝိုင်တိုင်းသင့်ပါသည်။ ထိုမှသာ ဆီ Level စစ်ကြည့်မှ အင်ဂျင်ဝိုင် စား၊ မစား၊ လျော့၊ မလျော့သိနိုင်ပါသည်။
အင်ဂျင်အစိတ်အပိုင်းများ ချောချော မွေ့မွေ့လည်ပတ်ဖို့ ချောဆီလိုအပ်ပါသည်။
အင်ဂျင်အတွင်းပိုင်း အအေးခံရန်၊ သံထည်ပစ္စည်းများ သံချေးမတက်အောင် ကာကွယ်ရန် အင်ဂျင် Compression ဖိအားလုံစေရန် စသော တာဝန်များကိုလည်း အင်ဂျင်ဝိုင်က လုပ်ပေးပါသည်။
အင်ဂျင်ဝိုင်ခမ်းခြင်း၊ လျော့နည်းနေခြင်း၊ အင်ဂျင်ဝိုင်စားနေသောပြဿနာမျိုးကို ကားဆရာတိုင်း၊ ကားပိုင်ရှင် တိုင်း၊ တွေ့ကြုံရပါသည်။
သာမန်အင်ဂျင်ဝိုင်ခမ်းခြင်းမျိုးမဟုတ်ဘဲ ထူးထူးခြားခြား အင်ဂျင်ဝိုင်များလျော့နေသည်ဆိုလျှင် ပြဿနာတစ်ခုခု ရှိနေသောကြောင့် ဖြစ်ပါသည်။
အင်ဂျင်ဝိုင်အကုန်မြန်နေခြင်း၊ အင်ဂျင်ဝိုင်စားနေခြင်းသည် အန္တရာယ်ရှိပါသည်။
နေ့စဉ်အင်ဂျင်ဝိုင်တိုင်းကြည့်နေရပြီး လိုနေတာထပ် ဖြည့်ပေးနေရသည်။
နေ့စဉ် ငွေယိုပေါက်ဖြစ်နေသကဲ့သို့ စိတ်ရှုပ်ပင်ပန်းစေပါသည်။
အဘယ်ကြောင့် အင်ဂျင်ဝိုင်များလျော့သွားရခြင်းများ အင်ဂျင်ကျပြီး အင်ဂျင်ဝိုင်တွေစားနေပြီလား အင်ဂျင် က စက်ဆီတွေယိုကျနေပြီလားဆိုခြင်းကို စစ်ဆေးရန်လိုပါတယ်။
အင်ဂျင်တစ်လုံးမှာ အင်ဂျင်ဝိုင် အစားများနေရတဲ့အကြောင်းရင်းတွေ ရှိပါတယ်။
အင်ဂျင်Head ထဲတွင်ရှိသော အဝင်၊ အထွက် Valve များတွင် ဗားဆီးလ်၊ ဗားဂိုက်များစားပြီး ချောင်နေလျှင် ထိုကြားထဲက အင်ဂျင်ဝိုင်များယိုစိမ့်ပြီး အင်ဂျင်မီးလောင်ပေါက်ကွဲသည့်အခါတွင်ရောပြီးဆုံးရှုံးသွားပါသည်။
အင်ဂျင် Head ထဲတွင် Valve နှင့် Exhaust Valve များကို ဗားဂိုက်ထဲတွင် အံကျ၊ အကျပ်ထည့်ထားပါသည်။
ဗားများ ပွင့်လိုက်၊ ပိတ်လိုက်၊ အပေါ်၊ အောက်ရွေ့လျားပါခြင်းကို Valve Train က ဆောင်ရွက်ပါသည်။
Cam Shaft များ၊ Valve များ လည်ပတ်ကစားသည့်အချိန်တွင် ပွန်းစားမှုများသက်သာအောင် ချောဆီစနစ်က အင်ဂျင်ဝိုင်များ ရောက်အောင် တွန်းပို့ပေးပါသည်။
Valve Mechanism အစုအဖွဲ့တွင် အင်ဂျင်ဝိုင်များ လည်ပတ်နေသော်လည်း ထိုချောဆီများ အင်ဂျင်ပေါက် လောင်ခန်းထဲ ရောက်မသွားအောင် ဗားဆီးလ်က တားဆီး ပေးပါသည်။
ဆလင်ဒါတစ်လုံးအတွက် ဗား ၂ ချောင်း သို့မဟုတ် ဗား ၄ ချောင်းရှိတတ်ပါသည်။ အင်ဂျင်သက်တမ်းကြာလာလျှင် ဗားဆီးလ် ဗားဂိုက်တွေစားပြီး ချောင်သွားနိုင်ပါသည်။ ချောင်နေသော လွှတ်နေသည့် နေရာက အင်ဂျင်ဝိုင်များ ဆီယိုအပေါက် ရှာပြီး ထွက်လာခြင်းဖြစ်ပါသည်။
နောက်တစ်မျိုးက အင်ဂျင်အတွင်းပိုင်းက Piston နှင့် စလစ်ဆလင်ဒါကြားတွင် ဆီပုံ၊ လေပုံဖြစ်နေအောင် Ring ကွင်းတွေ တပ်ဆင်ထားပါသည်။ ပစ္စတင်တစ်လုံးမှာ Compression Ring နှင့် Oil Ring ဆိုပြီး ရိန်းကွင်းများ ၃ ကွင်း၊ ၄ ကွင်းတပ်ဆင်ထားပါသည်။
အင်ဂျင်လည်ပတ်အလုပ်လုပ်တဲ့အချိန်မှာ ပစ္စတင်တစ်လုံးဟာ ဆလင်ဒါစလစ်ထဲမှာ အပေါ်၊ အောက် ရွေ့လျားပါသည်။ ဆလင်ဒါနှင့် ပစ္စတင် ကြားမှာ ပစ္စတင်ရိန်းကွင်းက စလစ်နံ ရံများတွင်ရှိသော အင်ဂျင်ဝိုင်များကို ခြစ်ချပေးရပါသည်။
အင်ဂျင်သက်တမ်း ကြာလာလျှင် ဆလင်ဒါစလစ်နံရံများရော၊ ပစ္စတင်ရိန်းကွင်းများပါ ပွန်းစား ချောင်သွားပါသည်။ ရိန်းကွင်းများ မလုံလျှင် ထိုကြားထဲက အင်ဂျင်ဝိုင်များ အပေါ်တတ်ပါသည်။ အင်ဂျင်ပေါက် ကွဲလောင်ကျွမ်းတိုင်း အင်ဂျင်ဝိုင်ချော ဆီများပါ မီးလောင်ပါသည်။
နောက်ထပ်ဖြစ်နိုင်သော ချွတ်ယွင်းချက်တစ်ခုက ပစ္စတင်ရိန်းကွင်းများ တပ်ဆင်သော ပုံစံမမှန်လျှင်လည်း အင်ဂျင် ဝိုင်စားနိုင်ပါသည်။
အင်ဂျင်သက်တမ်း ကြာနေပြီဖြစ်၍ အင်ဂျင်ဝိုင်စားခြင်း များနေပြီး ဆီမီးခိုးများလည်း အထွက်များနေလျှင် အင်ဂျင်ချပြီး အကြီးစားပြုပြင်ရပါတော့မည်ဖြစ်ပါသည်။
အင်ဂျင်ဝိုင်လျော့နည်းစေသော အခြားအကြောင်းတစ်ခုကတော့ အင်ဂျင်ဝိုင်များ ယိုစိမ့်နေခြင်းဖြစ်သောကြောင့် ကားပါကင်ထိုးသည့်နေရာ ကားသိမ်းသည့်ဂိုဒေါင်၊ ကြမ်းပြင်တွင် အင်ဂျင်ဝိုင်ဆီကွက်များ၊ ယိုနေခြင်းများ၊ စစ်ဆေးကြည့်ပါ။ ဆီကွက်များရှိနေလျှင် ဆီယိုခြင်းမှာ သေချာပါသည်။
အင်ဂျင်တစ်လုံးမှာ အင်ဂျင်ဝိုင်ယိုစိမ့်နိုင်သော နေရာမှာ အင်ဂျင်ဘလောက်တုံး အောက်ကခံထားသော ဆီခွက်ကို ကရန့်ကေ့စ် (Crank Care) ဟုသော ခွက်ဖြစ်ပါသည်။ အင်ဂျင်ဘလောက်တုံးနှင့် ကရန့်ကေ့စ်ကြားတွင် ဆီလုံအောင် ပါကင် ပြားခံထားပါသည်။ ပါကင်ဆီးလ်မလုံလျှင် ထိုကြားထဲက ဆီယိုနိုင်ပါသည်။
အင်ဂျင် Head အပေါ်အဖုံးကို Cam Shaft က ဘာနဲ့ဖုံးပါသည်။ ထိုကြားထဲတွင်လည်း ဆီးလ်ရှိပါသည်။ ပါကင် ဆီးလ်မလုံရင် ဆီယိုနိုင်ပါမည်။ အင်ဂျင်တစ်လုံးတွင် မိန်းဝိုင်းဆီးလ် (Oil Seal) များစားပြီး ချောင်လာလျှင် ထိုကြားထဲက ဆီယိုနိုင်ပါသည်။
နောက် ထပ် ဆီယိုနိုင်တဲ့နေရာများမှာ အင်ဂျင်ဝိုင် Filter ဘူးအထိုင်နှင့် Vacuum Pump ဆီပိုက်လိုင်းများဖြစ် ပါသည်။