Expansion Tank ကို Coolant အပြည့်ဖြည့်သင့်သလား


Expansion Tank ဆိုသော ရေပြန်ဗူးကို Coolant ဓါတ်ဆေးရည် အပြည့်မဖြည့်ရပါ။

Full ဆိုသော အဓိပ္ပါယ်ရသည့် ” F ” အမှတ်အထိသာ ဖြည့်သင့်ပါသည် ။ Engine ၏ NOT အပူချိန်ရောက်ပြီးသကာလ Over Heat ရောက်တိုင်း အပူမလွန်ရအောင် အင်ဂျင်အတွင်းထဲက သာမိုစတက်က အစွမ်းကုန်ဖွင့် ပေးပြီး ရေလည်ပတ်မှု စီးဆင်းလှည့်ပတ်ပေးသလို အော်တိုဖန်ကလည်း မြန်နှုံးမြင့်စနစ်ဖြင့် လည်ပတ်ပေးကာ ယပ်ခပ်ပေးပါလိမ့်မည် ။

အပူကြောင့် ပွခြင်း ဆိုသည့်နိယာမအတိုင်း ရေဒီရေတာ ထဲက အရည်များသည်လည်း တတ်နိုင်သမျှ ကျယ်ပြန့်လာကာ နေရာပို မရှိတဲ့ အဆုံး Pressure Cap ကို အံတုပြီး Over Flow Pipe မှ တစ်ဆင့် ဖေါ်ပြပါ ရေပြန်ဗူးထဲသို့ ခေတ္တ ဝင်ရောက်ခါ နားခိုပေးပါမည်။ အကယ်၍သာ ရေပြန်ဗူးမထားပါက ကျယ်ပြန့်လာသော အရည်များ မြေပေါ်သို့ ထွက်ကျသွားကာ အလဟဿ ဖြစ်သွားပါတော့မည်။


ရေပြန်ဗူး ထားပေးသည့်အတွက် အန်ထွက်လာတဲ့ အရည်ကို ရေပြန်ဗူးက ပြန်ဖမ်းထား ည အချိန် ကားနားလို့ အင်ဂျင်အေးတဲ့ အခါ အရည်ပြန်ကျုံ့ လာပါက ရေဒီရေတာထဲမှာ လေဟာနယ် ခဏ ဖြစ်လာမှာပါ ဒီအချိန်ကိုက်ကိုပဲ ရေပြန်ဗူးထဲကအရည်မျာူ လိုသလောက် ရေဒီရေတာထဲကို ပြန်ဝင်လာရကာ ရေသံသရာလည်ရပြန်ပါတယ်ခင်ဗျာ ။ ခုပြောတဲ့ Process များ အတိုင်း သင့်ကားဖြစ်နေခဲ့ရင် သင့်ကား ရဲ့ အင်ဂျင် အအေးခံစနစ် အိုကေနေပါတယ်ဗျာ ။ ရေကလျော့သထက်လျော့ ပြန်ဖြည့်နေရရင် တစ်ခုခုတော့ မှားနေပါပြီ အဆင်ပြေအောင်သာ ပြန်စစ်ပါတော့ဗျာ Expansion Tank ဆိုတာ သရုပ်ပေါ်အောင် ခု သတိရသလောက်ပြောလိုက်တာပါ


မှတ်ချက် — ဘယ်ကားဖြစ်ဖြစ် Pressure Cap တူတာတစ်ခု ဆောင်ထားရင် လမ်းမှာ အဆင်ပြေပါလိမ့်မယ်။

Read 9920 times