အဝေးပြေးကုန်တင်ယာဉ်မောင်းယာဉ်နောက်လိုက်များ အတွက် ကိုဗစ်ကာကွယ်ရေး လိုက်နာရမည့်လမ်းညွှန်ချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်ကို မျှဝေပါသည်။
အဝေးပြေးကုန်တင်ယာဉ်မောင်းယာဉ်နောက်လိုက်များ အတွက်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး
လိုက်နာရမည့်လမ်းညွှန်ချက်များ (Version 1.0)
(3-10-2020)
(၁) လုပ်ငန်းဆောင်ရွက်ချိန်မဟုတ်ပါက တတ်နိုင်သမျှ မိမိနေအိမ်/နေရာတွင်သာ နေထိုင်ပါ။
(၂) မိမိနေအိမ်နေရာမှအပြင်သို့ထွက်ချိန်နှင့်လုပ်ငန်းဆောင်ရွက်ချိန်တွင် ပါးစပ်နှင့်နှာခေါင်းစည်း
(mask) ကို စနစ်တကျ မပျက်မကွက်(မပျက်မကွက်) တပ်ဆင်ပါ။
(၃) အခြားသူများနှင့်ခပ်ခွာခွာနေထိုင်ပါ၊ အနည်းဆုံး (၆)ပေခန့် အကွာမှသာ ပြောဆိုဆက်ဆံပါ။
လက်ဆွဲနှုတ်ခြင်း၊ ပွေ့ဖက်နှုတ်ဆက်ခြင်းကို လုံးဝရှောင်ကြဉ်ပါ၊
ဝိုင်းဖွဲ့စကားပြောခြင်း/ ဝိုင်းဖွဲ့သီချင်းဆိုခြင်းကို လုံးဝ(လုံးဝ)ရှောင်ကြဉ်ပါ။ (၄)လမ်းခရီးတွင်အများသုံးယာဉ်ရပ်နားစခန်းများနှင့်စားသောက်ဆိုင်များ..စသည့် လူအများစုဝေးရာ နေရာတို့တွင်ရပ်နားခြင်းမှ ရှောင်ကြဉ်ပါ။
(၅) အခြားသူများနှင့်အတူတကွစားသောက်ခြင်း လုံးဝ(လုံးဝ)မပြုပါနှင့်။ လေဝင်လေထွက်ကောင်းသည့်နေရာတွင် တစ်ဦးချင်းသာသီးသန့်စားသောက်ပါ။
(၆) လမ်းခရီးတွင် လမ်းကြုံဧည့်သည်လက်ခံတင်ဆောင်ခြင်း လုံးဝ(လုံးဝ)မပြုပါနှင့်။
(၇) အိမ်တွင်းအိမ်ပြင်အများသုံးပစ္စည်းများ (တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ငွေစက္ကူစသည် ..) တို့ကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း အယ်ကိုဟောလ် အနည်းဆုံး(၆၀%) ပါဝင်သော ရေမ လို လက်သန့်စင်ဆေးရည်ကို ဆောင်ထား၍လက်ကို စနစ်တကျဆေးကြောပါ (သို့မဟုတ်) ဆပ်ပြာ နှင့်ရေကို အသုံးပြု၍ လက်ကိုအနည်းဆုံး စက္ကန့်(၂ဝ)ကြာအောင်စနစ်တကျ ဆေးကြောပါ။ လက်မဆေးဘဲနှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကို ကိုင်တွယ်ခြင်းမှလုံးဝရှောင်ကြဉ်ပါ။
(၈) လူအများအခန်းတစ်ခုအတွင်း၌စုပေါင်းအိပ်စက်ခြင်းကိုရှောင်ကြဉ်ပါ။
(၉) အာဟာရပြည့်ဝအောင် စားသုံးပါ၊ အိပ်ရေးဝအောင်အိပ်ပါ၊ သင့်တော်သောကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပါ။
(၁၀) ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း၊ အသက်ရှုရခက်ခဲခြင်း.... စသည့် COVID-19 သံသယလက္ခဏာများ ခံစားရပါက အလုပ်မှခွင့်တောင်း၍ နီးစပ်ရာကျန်းမာ ရေးဌာနသို့ ချက်ချင်းဆက်သွယ်အကြောင်းကြားပါ။
အမြင်အားဖြင့် မည်သူ့ထံတွင် ရောဂါပိုးရှိသည်ကို မသိနိုင်ပါ။
COVID-19 ရောဂါ အစဉ်အမြဲသတိပြု ကာကွယ်ပါ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန