ရှစ်လုံးထိုးတစ်တန်းအင်ဂျင်ရှိပါသည်။ ထိုကဲ့သို့သော ရှစ်လုံးထိုးအတန်းတစ်တန်းတည်းအင်ဂျင်ကို တည့်ရှစ်(Straight Eights) ဟုစက်မှုလောကတွင်ခေါ်ဝေါ်သုံးနှုန်းကြသည်။
အလွန်ငြိမ်သောသာ အင်ဂျင်များဖြစ်ရခြင်းမှာသဘာဝအရ ပါရှိလာသော အခြေခံပထမဆင့်ဟန်ချက်နှင့် ဒုတိယဟန်ချက်(Inherent Primary and Secondary Balance) ကြောင့်ဖြစ်သည်။
လိုနေသေးသည်မှာ မိန်းဘယ်ရင်ပတ်လည်တွင်ဖြစ်ပေါ်တတ်သော ပုံပန်းပျက်စေသည့် ဖိအားကို ကာကွယ်နိုင်ရန် ဆီၤလျော်ညီညွတ်သင့်မြတ်သော ဟန်ချက်(Harmonic Balancing)မူဖြစ်သည်။ သို့သော်လည်း လွန်စွာသိမ်မွေ့ညက်ညောသောအင်ဂျင်ဖြစ်သည်။ ဥပမာအားဖြင့် မဆေးဒီးစ်ကထိုအင်ဂျင်မျိုးကို ပထမကမ္ဘာ့စစ်အတွင်းသုံးလေယာဉ်များ၏ အင်ဂျင်အဖြစ်တည်ဆောက်ပေးခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် Isotta Fraschini Italy, Duesenberg နှင့် Leyland တို့ကပထမဦးဆုံးတည့်ရှစ် (Straight Eights) အင်ဂျင်များကို သူတို့ထုတ်လုပ်ခဲ့သည်။ ဖြည့်စွက်ချက်အနေဖြင့် Mercedes-Benz, Daimler, Isotta Fraschini, Alpha Remeo, Stutz နှင့် Packard တို့ကတည့်ရှစ်အင်ဂျင်များကို သူတို့ထုတ်လုပ်သော ကားများပေါ်တွင် ဒုတိယကမ္ဘာစစ်အပြီး တပ်ဆင်အသုံးပြုကြသည်း။ ထိုအင်ဂျင်များ တပ်ဆင်ထားသည့် ယာဉ်များမှာ အရည်အသွေးကောင်းမွန်ပြီး ဈေးအလွန်ကြီးသောအော်တိုမိုဘီးလ်များဖြစ်ကြသည်။
၁၉၂၀ ပြည့်နှစ်နောက်ပိုင်းတွင် မာမွန်(Marmon)၊ ချင်န်ဒလာ(Chandler)၊ ဂါဒ်နာ(Gardner) နှင့် အိုဘန်(Auburn) စသည့်တည့်ရှစ်(Straight အင်ဂျင်များမှာ အမေရိကန်မှ ထုတ်လုပ်သည့် အင်ဂျင်များလည်းဖြစ်၊ အရည်အသွေးကောင်းမွန်ပြီး ဈေးကြီးသောကားများသာဖြစ်ခဲ့ကြသည်။ အမြောက်အမြားထုတ်လုပ်သည့် Packard, Reo, Hudson, Nash, Buick, Oldsmobile နှင့် Pontiac ကားတို့၏ အင်ဂျင်များကိုလည်း နောက်ပိုင်းတွင်တည့််ရှစ်အင်ဂျင်များ တပ်ဆင်အသုံးပြုလာတော့သည်။ ၁၉၅၀ ပြည့်နှစ်တွင် Chrysler လည်းထိုရှစ်လုံးထိုး တည့်အင်ဂျင်ထဲတွင် တပ်ဆင်စာရင်းဝင်ဖြစ်လာသည်။ အခြားကား အင်ဂျင်အမျိုးအစားများလည်းရှိခဲ့သေးသည်။
သို့သော်လည်း တည့်ရှစ်အင်ဂျင် တပ်ဆင်အသုံးပြုခဲ့သည်များကို မဖော်ပြဘဲ ထိန်ချန်ကာကွယ်ထားသည်များလည်းရှိခဲ့သည်။ တည့်ရှစ်အင်ဂျင်၏ အတိုင်းအတာရှည်လျားမှု၊ ဝိတ်များမှုများကြောင့် ခေတ်မီ၊ ခေတ်သစ် ကားများပေါ်တွင် ဆက်လက်မရောက်ရှိတော့ ဂြိုလ်ဆိုး၊ ကြမ္မာဆိုးဝင်ပြီး ပျောက်လုနီးနီး ကြုံတွေ့ကာ တည့်ခြောက်များကို ၁၉၈၀ ပြည့်နှစ်တွင် နေရာဖယ်ပေးရတော့သည်။ တည့်ရှစ်အစားနေရာယူလာကာ အင်ဂျင်မာျးမှာ ယနေ့တိုင် ရေပန်းစားလျက်ရှိသော ဗီရှစ်၊ ဗီခြောက်နှင့် လေးလုံးထိုးအင်ဂျင်များသာ ဖြစ်ပါတယ်။