တောင်ကိုရီးယားတွင် ယာဉ်လုပ်ငန်း ၇ ခုက ဆော့ဖ်ဝဲချို့ယွင်းချက်ကြောင်း ကား ၁၂,၀၀၀ စီး ပြန်ခေါ်ယူ


တောင်ကိုရီးယားတွင် ယာဉ်လုပ်ငန်း ၇ ခုက ဆော့ဖ်ဝဲချို့ယွင်းချက်ကြောင်း ကား ၁၂,၀၀၀ စီး ပြန်ခေါ်ယူ


Mercedes-Benz နှင့် ယာဉ်လုပ်ငန်း ၆ ခုတို့က ဆော့ဖ်ဝဲချို့ယွင်းချက် ပြုပြင်ပေးရန် ကားစီးရေ ၁၂,၀၀၀ နီးပါးကို ပြန်ခေါ်ယူထားကြောင်း တောင်ကိုရီးယား မြေရာ၊ အခြေခံအတောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက မေလ ၁၂ ရက် ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာသည်။
  

Mercedes-Benz Korea က 580 4MATIC အပါအဝင် မော်ဒယ် ၈ မျိုး ကားစီးရေ ၇,၅၉၈ ကို  မီးအချက်ပြဆိုင်ရာ ချို့ယွင်းချက်များ ဆော့ဖ်ဝဲလ်တွင် ရှိနေသဖြင့် ပြုပြင်ပေးရန် ပြန်ခေါ်ယူသည်။ 
 
Toyota Motor Korea က မော်ဒယ် ၂ မျိုး စီးရေ ၁,၇၈၉ ကို ဘရိတ်ထိန်းချုပ်မှုဆိုင်ရာ ချို့ယွင်းချက်များ  ဆော့ဖ်ဝဲလ်တွင် ရှိနေသဖြင့် ပြုပြင်ပေးရန် ပြန်ခေါ်ယူမည် ဖြစ်သည်။

ပြန်လည်ခေါ်ယူပြီး ချို့ယွင်းချက် ကင်းအောင် ပြုပြင်ပေးသည်ကို ဝန်ကြီးဌာနက သုံးသပ်မည်ဖြစ်ပြီး Toyota Motor Korea ကုိ ဒဏ်ကြေးပေးဆောင်ခိုင်းရန် အစီအစဉ် ရှိသည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။


Tesla Korea က Model 3 စီးရေ ၁,၂၅၄ ကို လည်းကောင်း၊ Stellantis Korea က Jeep Grand Cherokee ၈၁၄ စီးကို လည်းကောင်းကို ပြန်ခေါ်ယူပြီး ဘေးကင်းရေးဆိုင်ရာ ချို့ယွင်းချက်များ ဆော့ဖ်ဝဲလ်တွင် ပါနေသည်ကို ပြုပြင်ပေးမည် ဖြစ်သည်။

 BMW Korea က မော်ဒယ် ၄ မျိုးတွင် လေအိတ်ထိန်းချုပ်စနစ်တွင် ဆော့ဖ်ဝဲလ် ပြဿနာများ တွေ့သဖြင့် ၃၂၈ စီး ပြန်ခေါ်ယူပြီး ပြုပြင်ပေးမည် ဖြစ်သည်။ 

Volkswagen Group Korea ကလည်း Bentley Bentayga V8 ၁၅၁ စီးကို ဘေးကင်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပြုပြင်ပေးရန် ပြန်ခေါ်ယူမည်။ 

Bike Korea က Triumph Speed Triple 1200RS အပါအဝင် မော်တော်ဆိုင်ကယ် မော်ဒယ် ၂ မျိုး ၂၄ စီး ကို ဘရိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိနေသဖြင့် ပြန်လည်ခေါ်ယူပြီး ပြုပြင်ပေးမည်။ 

ကုမ္ပဏီများက ယာဉ်ပိုင်ရှင်များထံ ဆက်သွယ် အကြောင်းကြားမည် ဖြစ်ရာ အီးမေးလ်နှင့် ဖုန်းသို့ စာတို ပေးပို့မည် ဖြစ်သည်။
ပြုပြင်ထိန်းသိမ်းမှုများ နှင့် ပစ္စည်းဖိုး လက်ခ အားလုံး အခမဲ့ ဖြစ်သည်ဟု ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Read 1195 times