အိန္ဒိယ မြို့ ၁၇၀ နီးပါးအတွက် လျှပ်စစ်ဘတ်စ်ကား တသောင်း စီစဉ်ရန် ဒေါ်လာ ၇ ဘီလီယံ သုံးစွဲမည်


အိန္ဒိယ မြို့ ၁၇၀ နီးပါးအတွက် လျှပ်စစ်ဘတ်စ်ကား တသောင်း စီစဉ်ရန် ဒေါ်လာ ၇ ဘီလီယံ သုံးစွဲမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


အိန္ဒိယနိုင်ငံသည် တစ်ဆယ်နှစ်အတွင်း မြို့ပေါင်း ၁၆၉ မြို့တွင် လျှပ်စစ်ဘတ်စ်ကား အစီးရေ ၁၀,၀၀၀ ထားရှိရန်၊ အားသွင်းခြင်းနှင့် ဆက်စပ်အခြေခံအဆောက်အအုံဆိုင်ရာ အဆောက်အအုံများ ထူထောင်ရန်  ရူပီး ၅၈၀ ဘီလီယံ (ဒေါ်လာ ၇ ဘီလီယံ) နီးပါး အသုံးပြုမည့် အစီအစဉ်ကို ဩဂုတ် ၁၆ ရက်တွင် အတည်ပြုခဲ့သည်။

ဖက်ဒရယ်အစိုးရသည် အဆိုပါအစီအစဉ်၏ ကုန်ကျစရိတ်တွင် ရူပီး ၂၀၀ ဘီလီယံကိုရန်ပုံငွေ ထောက်ပံ့မည်ဖြစ်ပြီး public-private partnership (PPP) ပုံစံဖြင့် လုပ်ဆောင်မည်ဟု ပြန်ကြားရေးဝန်ကြီး Anurag Thakur က ပြောကြားခဲ့ပါသည်။

လျာထားချက်မှ ကျန်ရှိသည့် ငွေပမာဏကို ပြည်နယ်အစိုးရများထံမှ ရယူမည်။ သို့မဟုတ် ပုဂ္ဂလိကကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရမည်။ သို့မဟုတ် ပြည်နယ်အစိုးရများနှင့် ပုဂ္ဂလိကကုမ္ပဏီများ ထည့်ဝင်ရမည်ဆိုသည်ကို ‌မသိကြရသေးပါ။

အဆိုပါသတင်းကြောင့် အန္ဒိယမှ လျှပ်စစ်ဘတ်စ် ထုတ်လုပ်သည့် Olectra Greentech နှင့် JBM Auto တို့၏ အစုရှယ်ယာများ ဈေးတက်သွားသည်။ Olectra Greentech အစုရှယ်ယာ ၈.၈% ဈေးတက်သည်။ JBM Auto ၏ အစုရှယ်ယာ ၁၀.၁% ဈေးတက်သည်။
လျှပ်စစ်ဘတ်စ် ထုတ်လုပ်သည့် Ashok Leyland ၏ မိခင်လုပ်ငန်း Tata Motors ၏ အစုရှယ်ယာ ၁.၉% ဈေးတက်သည်။

 

ပြည်ပမှ လောင်စာဆီတင်သွင်းမှု လျှော့ချရန်နှင့် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန်အတွက် အများပြည်သူ  သယ်ယူပို့ဆောင်ရေး ယာဉ်များ လျှပ်စစ်သုံးယာဉ်များ ဖြစ်စေရေးကို အစိုးရက တွန်းအားပေးနေသည်။ 
ကုမ္ပဏီများကို နိုင်ငံအတွင်း မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ကြရန်နှင့် မော်တော်ယာဉ်များ တည်ဆောက်ကြရန် မက်လုံးများ ပေးအပ်သည်။

လျှပ်စစ်ဘတ်စ် အစီအစဉ်သည် နိုင်ငံတဝှမ်း လျှပ်စစ်ဘတ်စ် အစီးရေ ငါးသောင်းအထိ ရှိလာရန် ရည်မှန်းထားသည်။ ခန့်မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ ၁၂ ဘီလီယံ လျာထားသည်။ 

ပြည်နယ် ၉ ခု လမ်းပန်းဆက်သွယ်မှုနှင့် ရွေ့လျားသွားလာမှု မြှင့်တင်ရန် ရူပီး ၃၂၅ ဘီလီယံတန်ဖိုးရှိ မီးရထားလမ်း စီမံကိန်း ၇ ခုကိုလည်း အစိုးရအဖွဲ့က အတည်ပြုခဲ့သည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 298 times