သင်္ကြန်ပွဲတော်ကာလရောက်ရှိနေသော်လည်း လှုပ်ခတ်ခြင်းမရှိသေးသည့် ကားဈေးကွက်နှင့် ကားဈေးနှုန်းများ


 

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြဌာန်းထားသည့် ပြည်ထောင်စု အခွန်အကောက်ဥပဒေသစ်အရ ၁၅၀၁ စီစီနှင့် ၂၀၀၀ စီစီကြား ကားများကို အထူးကုန်စည်ခွန် ၃ ရာခိုင်နှုန်း လျှော့ချပေးရုံမှလွဲပြီး ကြီးကြီးမားမားပြောင်းလဲမှုမရှိသလို ရန်ကုန်လိုင်စင်ပြန်ချပေးမည့် မူဝါဒထွက်ပေါ်လာရန်လည်း ကြန့်ကြာနေဦးမည်ဖြစ်၍ ကားဈေးကွက်က သင်္ကြန်ပြီးသည်အထိ အေးစက်နေဦးမည်ဖြစ်ပါသည်။

ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့် မူဝါဒ ဖော်ဆောင်ရန်အတွက်လည်း ဆွေးနွေးနေဆဲဖြစ်ပြီး ထုတ်ပြန်ရန် ကြာမြင့်ဦးမည်ဖြစ်ရာ ကားဈေးကွက်အခြေအနေမှာ ဆက်ပြီး အေးစက်နေဦးမည် ဖြစ်သည်။

အခွန်အကောက်ဥပဒေသည်လည်း ထူးခြားစွာ ပြောင်းလဲမှုမရှိသည့်အတွက် ကားဈေးများမှာ မြင့်တက်နိုင်ဖွယ်မရှိသကဲ့သို့ ကျဆင်းရန်လည်း အခြေအနေနည်းပါးကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

Brand New ကားများနှင့် အမြင့်ကားများ၏ ဈေးကွက်အခြေအနေသည်လည်း ရန်ကုန်လိုင်စင် ပြန်ထုတ်ပေးမည့်ကိစ္စနှင့် သက်ဆိုင်နေရာ ဈေးကွက်အခြေအနေက အေးစက်နေဦးမည် ဖြစ်သည်။

YVQC စနစ်ကို ဖော်ဆောင်ရန်အတွက် ဆွေးနွေးနေဆဲသာဖြစ်ရာ မူဝါဒများ ထွက်ပေါ်လာရန် အနည်းဆုံး သုံးလ၊ လေးလ ကြာမြင့်ဦးမည်ဖြစ်သည်။

ထူးခြားစွာ ပြောင်းလဲမှုမရှိသည့် အခွန်အကောက်ဥပဒေကြောင့် ကားဈေးများက မြင့်တက်နိုင်ဖွယ်မရှိသလို ကျဆင်းရန်အကြောင်းလည်း မရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

ကားဝယ်ရောင်းများနှင့် ဝယ်လက်အများစုမှာ YVQC စနစ်နှင့် ဝင်ငွေခွန်အပြောင်းအလဲအပေါ် အာရုံစိုက်နေကြသည့်အတွက် ၁၃၀၀ စီစီ နံပါတ်ထွက်ပြီးသား ကားများနှင့် ၆၆၀ စီစီ Pick-up ကားလေးများသာ အရောင်းအဝယ်ရှိကြောင်းသိရပါသည်။

ယခင်နှစ်များက သင်္ကြန်ကာလမတိုင်မီ အရောင်းအဝယ်ကောင်းလေ့ရှိပြီး ယခုနှစ်တွင် ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်များပေးမည်ဆိုပါက ဈေးကွက်ကို ကြီးမားစွာ လှုပ်ခတ်သွားမည်ဖြစ်သောကြောင့် ကားဝယ်ယူမည့်သူများက အခြေအနေကို စောင့်ကြည့်နေကြ၍ လက်ရှိဈေးကွက်အခြေအနေမှာ အေးစက်နေကာ ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်လရောက်မှသာ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်း ဝယ်/ရောင်းများက ခန့်မှန်းထားကြပါသည်။

ကားဈေးနှုန်းများ

စဉ်    ကားအမျိုးအစား   နံပါတ်   မိုဒယ်   ဈေးနှုန်း
၁ Toyota Alphard YGN 2003 355
၂ Toyota Wish YGN 2011 345
၃ Toyota Axio ယာယီ 2013 285
၄ Daihatsu Hijet BGO 2012 110
၅ Toyota Probox BGO 2012 185
၆ Honda Fit ယာယီ 2011 230
၇ Honda Insight MDY 2012 242
၈ Toyota Land Cruiser YGN 2010 1950
၉ Toyota Ractis BGO 2012 180
၁၀ Toyota Harrier YGN 2004 460


 

Read 699 times