သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) မှ “အလုပ်ရုံစက်ပြင်များအတွက် လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာသင်တန်း (၂/၂၀၂၅)” ကို ဖွင့်လှစ်သွားမည်ဖြစ်၍ သင်တန်းသားအသစ်များကို လက်ခံခေါ်ယူလျက်ရှိပါသည်။
လျှပ်စစ်သုံး မော်တော်ယာဉ် (EV) နည်းပညာဆိုင်ရာ အသိပညာဗဟုသုတနှင့် လက်တွေ့ကျွမ်းကျင်မှုများကို အလုပ်ရုံစက်ပြင်လုပ်ကိုင်သူများအတွက် ခေတ်မီ Lab ပစ္စည်းများဖြင့် သင်ကြားပို့ချမည် ဖြစ်ပါသည်။
လျှောက်ထားသူသည်
ကျန်းမာရေးကောင်းမွန်ပြီး လက်တွေ့လုပ်ဆောင်နိုင်သူဖြစ်ရမည်
G.T.H.S (AT, ET, ECT), I.T.C (AT), A.G.T.J, B.Tech, B.E, M.E, Ph.D (Mech, EP, EC, MC) တက်ရောက်ဖူးသူများ
မော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၌ ပါဝင်ဆောင်ရွက်နေသော ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းများ
အနည်းဆုံး အထက်တန်းအဆင့် တက်ရောက်ဖူးသူများ
တို့ လျှောက်ထားနိုင်ပါသည်။
သင်တန်းကာလ: ၁၅-၁၂-၂၀၂၅ မှ ၁၉-၁၂-၂၀၂၅ (၁ ပတ်၊ စုစုပေါင်း ၃၀ နာရီ)
သင်တန်းအချိန်: နံနက် ၉:၀၀ မှ ညနေ ၄:၀၀ (တနင်္လာမှ သောကြာ)
သင်တန်းနေရာ: နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း), စဉ့်ကိုင်မြို့နယ်, ကျောက်ဆည်ခရိုင်, မန္တလေးတိုင်းဒေသကြီး
လက်ခံနိုင်သည့်အရေအတွက်: ၂၅ ဦး
သင်တန်းပြီးဆုံးပါက သင်တန်းပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ် (Certificate) ကို ပေးအပ်မည်
နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထုတ် ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာ (မူရင်း)
ပညာအရည်အချင်း အထောက်အထားများ (မိတ္တူ)
အိမ်ထောင်စုစာရင်းဇယား (မိတ္တူ)
နယ်မြေ ရဲစခန်းထုတ် ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ (မူရင်း)
ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံ
၈-၁၂-၂၀၂၅ မှ ၁၂-၁၂-၂၀၂၅
နံနက် ၉:၃၀ မှ ညနေ ၄:၀၀ အထိ
(အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည့်အတွက် ထိုနေ့များတွင် လျှောက်ထား၍ မရပါ)
09-790361553
09-5661235
09-787086456