နောက်ဆုံးထွက်ရှိထားတဲ့သုတေသနတစ်ခုအရ၊ ဈေးသက်သာပြီးဟောင်းနွမ်း နေတဲ့ကားတွေဟာ Premium/နောက်ဆုံးပေါ် ကားတွေထက် CO₂ ကို (၁၄%) ခန့် ပိုမိုထုတ်လွှတ်နေကြောင်း ပြသလိုက်ပါတယ်။
သုတေသနအဖွဲ့က (scientists) တွေဘာကြောင့်ဒီလိုဈေးသက်သာတဲ့ကားတွေကလေထုကိုပိုညစ်ညမ်းစေလဲ ဆိုတဲ့အချက်အလက်တွေကို ဖော်ပြထားတဲ့ထဲမှာ အဓိကအချက်တွေဖြစ်တဲ့-
ဟောင်းနေပြီဖြစ်တဲ့ Engine Technology
Emission Control မပြည့်စုံမှု
Catalytic Converter နဲ့ Sensor တွေ ပျက်စီး နေတာ/technical ပိုင်းလိုအပ်ချက်တွေရှိတာ
အချိန်တစ်ခုအထိအသုံးပြုမှုကြောင့် Maintenance နည်းပါးခြင်း
တို့က အဓိကပြသထားပါတယ်။
ဒီအချက်တွေကြောင့် စျေးနည်းတဲ့ကားတွေဟာ ထင်မြင်ချက်အတိုင်း “သန့်ရှင်းဝေးဝေး” မဟုတ်ဘဲ အမှိုက်ထုတ်ပေးမှု အများဆုံးကဏ္ဍ တစ်ခုအဖြစ် ပေါ်ထွက်နေပါတယ်။
အခုခေတ်လတ်တလောအတွင်း ထွက်ရှိလာတဲ့ ကားတွေ အထူးသဖြင့် EVs ကားတွေမှာတော့—
Hybrid System
Cleaner Engine Design
Strict Euro Emission Standard
တွေပါဝင်တာကြောင့် ပိုပြီး အကြမ်းခံတာနောက် သန့်ရှင်းမှုအားဖြင့်လည်း စျေးသက်သာဝဲ့ကားတွေကို သာလွန်ပြီး ကောင်းကျိုး တွေရှိ လာတာကို တွေ့ရပါတယ်။
ဒါကြောင့်မို့ scientists တွေက researches တွေအရ လေထုညစ်ညမ်းမှုတွေကိုအထိရောက်ဆုံး လျော့နိုင်ဖို့အတွက်-
အဟောင်းကားအစားထိုးမှု အားပေးခြင်း
Emission Test တိုးမြှင့်ခြင်း
Hybrid/EV သုံးစွဲမှုကို လှုံ့ဆော်ခြင်း
စတဲ့အချက်အလက်တွေကိုကားတစ်စီးဝယ်တဲ့အခါမှာ ထည့်သွင်းစဥ်းစားဖို့အကြံပြုခဲ့ပါတယ်။