ကားထဲကို မှားတဲ့ဓာတ်ဆီထည့်မိသွားရင် တကယ်အန္တရာယ်ရှိသလား?


 

မော်တော်ယာဉ်ထဲကိုဓာတ်ဆီမှားထည့်မိသွားတဲ့အခါ “အင်ဂျင်ပျက်သွားပြီလား” လို့‌တွေးပြီး စိတ်ညစ်ကြရတတ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်အင်ဂျင်နည်းပညာတွေကြောင့် အဲ့ဒီလိုအမှားတွေက ကြီးကြီးများများပျက်ဆီးမှု ဖြစ်‌နိုင်စွမ်းအလွန်နည်းသွားပြီလို့ သိရပါတယ်။

Modern Vehicles တွေမှာ Knock Sensor၊ ECU Timing Control စတဲ့ electronic system တွေပေါင်းစပ်ထားပြီး combustion အတွင်းမှာ knock ဖြစ်နိုင်ခြေတွေကို အလိုအလျောက် detect လုပ်ပေးပါတယ်။ Low-octane fuel ထည့်မိသွားရင် ECU က timing ကိုနောက်ဆုတ်ပေးပြီး engine ကို ကာကွယ်နိုင်တဲ့အတွက် အင်ဂျင်ပျက်စီးမှု လုံးဝမဖြစ်သွားနိုင်ဘူး လို့လည်း ဆိုနိုင်ပါတယ်။

ဒါပေမဲ့ Performance‌ ပေါ်မှာတော့ သက်ရောက်မှုရှိတတ်ပြီး acceleration ကျသွားခြင်း၊ fuel consumption ပိုများလာခြင်း စတဲ့ ပြသနာတွေကို ခံတွေ့နိုင်ပါတယ်။
Premium fuel ကို Regular engine တွေထဲထည့်ရင်လည်း power ပိုတိုးမလာဘူးဆိုတာ Industry data တွေနဲ့အတူ သက်သေပြနေပြီး “ပိုက်ဆံကုန်သွားတာပဲအဖတ်တင်မယ်” ဆိုပြီး‌ တော့လည်း သတ်မှတ်ထားနိုင်ပါတယ်။

အဟောင်းအရင်းအင်ဂျင်တွေ၊ EFI(electronic fuel injection)ပါသေးတဲ့ 2005 မတိုင်ခင်မော်ဒယ်တွေကတော့ ဒီလို low-octane fuel ထည့်မိသွားတဲ့အခါ knock sensor မရှိတာကြောင့် piston၊ valve ထိခိုက်နိုင်တဲ့ real danger တွေတော့ အနိုင်ကျော်နေဆဲ ဖြစ်ပါတယ်။

ထည့်မိသွားပြီဆိုရင် Modern car များအတွက် နောက်တစ်ကြိမ် fuel တင်တဲ့အခါမှန်ကန်တဲ့ octane ကိုပြန်ထည့်ပေးလိုက်ရုံနဲ့ ဆက်လက်မောင်းနှင်နိုင်ပါတယ်။ 

Read 255 times