ယာဉ်ခိုးမှုတွေ မြန်မာနိုင်ငံအတွင်း မြို့ကြီးတွေမှာ တဖြည်းဖြည်း တိုးလာနေတာကြောင့် ယာဉ်ပိုင်ရှင်များအနေနဲ့ လုံခြုံရေးသတိထားမှု ပိုမိုလိုအပ်နေပြီဖြစ်ပါတယ်။
ဒါကြောင့်မော်တော်ယာဉ်ခိုးမှုကို တားဆီးဖို့အတွက် အဓိကအချက် (၇) ချက်ကို သေသေချာချာလိုက်နာဖို့လိုအပ်ပါမယ်။ ကားကိုမ မမောင်းရင်အမြဲတံခါး lock ချထားပါ၊ လုံခြုံပြီး မီးအလင်းရောင်ရှိတဲ့နေရာမှာ ရပ်နားပါ၊ Anti-Theft Device (ဥပမာ – steer Lock, Wheel Clamp,Immobilizer) အသုံးပြုခြင်းတို့ပါဝင်ပါတယ်။
ဒါ့အပြင် GPS Tracker တပ်ဆင်ခြင်း ကလည်း အရေးကြီးတဲ့ လုံခြုံရေးနည်းလမ်းတစ်ခုဖြစ်ပြီး မော်တော်ယာဉ်ခိုးခံရတဲ့အခါ တည်နေရာသိနိုင်ပါတယ်။ နောက်ပြီး အဖိုးတန်ပစ္စည်းများ (ဖုန်း၊ပိုက်ဆံအိတ်၊ လက်ဆွဲအိတ်)ကို မော်တော်ယာဉ်ထဲမထားရန်လည်း သတိပေးထားပါတယ်။
အိမ် compound ထဲမှာ ကားထားသူများအတွက်လည်း မီးဖွင့်ထားခြင်း၊ gate ပိတ်ခြင်း၊ CCTV တပ်ဆင်ထားခြင်း စတဲ့ လုံခြုံရေးနည်းလမ်းတွေလိုက်နာဖို့ အကြံပြုထားပါတယ်။
ခိုးပြီးနောက် ပြန်ရဖို့ထက် မဖြစ်အောင် တားဆီးခြင်းက ပိုလွယ်ပြီး ပိုသက်သာတာမို့လို့ ယာဉ်ပိုင်ရှင်တိုင်းအနေနဲ့ သတိထားမှုနဲ့ကာကွယ်မှု နှစ်မျိုးလုံးလိုအပ်ကြောင်း သိရှိစေဖို့အရမ်းကိုအရေးကြီးပါတယ်။